တောက်တဲ့
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ |
တောက်တဲ့ | |
---|---|
![]() | |
Tokay Gecko (Gekko gecko), the most widespread species in this genus. | |
မျိုးရိုးခွဲခြားခြင်း ![]() | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Reptilia |
မျိုးစဉ်: | Squamata |
မျိုးရင်း: | Gekkonidae |
မျိုးရင်းသေး: | Gekkoninae |
မျိုးစု: | Gekko Laurenti, 1768[၁] |
အမျိုးအစား မျိုးစိတ် | |
Lacerta Gecko လင်းနီးယပ်၊ ၁၇၅၈
| |
မျိုးစိတ်များ | |
မျိုးစိတ် (၇၈)မျိုး |
တောက်တဲ့ (ခေါ်) တက်တူ သည် သစ်ပင်များပေါ်တွင်နေလေ့ရှိသော ညဉ့်အခါ၌ အစာရှာသည့် တွားသွားသတ္တဝါတစ်မျိုးဖြစ်သည်။ အိမ်မြှောင်နှင့် မျိုးရင်းတူသည့်အပြင် ပုံပန်းသဏ္ဌာန်လည်းတူပြီး အရွယ်ပိုကြီးနေခြင်းသာဖြစ်သည်။ အိမ်မြှောင်များကဲ့သို့နံရံများ၊ မျက်နှာကြက်များပေါ်တွင် ကပ်နေနိုင်သည်။ "တောက်တဲ့၊ တောက်တဲ့" ဟုအော်မြည်လေ့ရှိသဖြင့် တောက်တဲ့ဟုခေါ်ခြင်းဖြစ်သည်။ လူနေအိမ်များတွင်တွေ့ရလေ့ရှိသော တောက်တဲ့ အား အင်္ဂလိပ်ဘာသာဖြင့် Tokay Gecko ဟုခေါ်လေ၏။
ရိုးရာဆေးနည်းနှင့် ယုံကြည်ချက်များ
[ပြင်ဆင်ရန်]တရုတ်
[ပြင်ဆင်ရန်]အိမ်တောက်တဲ့သည် “ဂီဂျီး (蛤蚧)” ဟုခေါ်သော တရုတ်ရိုးရာဆေးတစ်မျိုးဖော်စပ်ရာတွင် ပါဝင်သော ပစ္စည်းတစ်ခုဖြစ်သည်။ ဆေးသိပ္ပံပညာအရ အထောက်အထားမပြနိုင်သော ယုံကြည်ချက်ဖြစ်သည့် ယင်းဆေး၏ အာနိသင်မှာ ကျောက်ကပ်နှင့် အဆုတ်တို့ကို အာဟာရဖြစ်စေသည်ဟု ယုံကြည်ကြခြင်းပင်ဖြစ်သည်။[၂]
ထို့ပြင် နောက်ထပ်အခြေအမြစ်မရှိသော ယုံကြည်ချက်တစ်ခုဖြစ်သည့် တောက်တဲ့သည် ခုခံအားကျဆင်းမှုရောဂါ(AIDS)ကို ကုသနိုင်သည်ဟု ယုံကြည်ကြခြင်းဖြစ်၏။ ယင်းအချက်ကြောင့်ပင် တောက်တဲ့များသည် တရုတ်နိင်ငံမှ အဝယ်များလာသောကြောင့် ဈေးကောင်းပြီး ရှားပါးကုန်ပြီဖြစ်သည်။[၃]
မြန်မာ
[ပြင်ဆင်ရန်]မြန်မာတို့၏ တောက်တဲ့နှင့်ပတ်သက်သည့် သက်သေနှင့် အခြေအမြစ်မရှိသော ယုံကြည်ချက်အချို့မှာ - တောက်တဲ့ချေးသည်အဆိပ်ရှိပြီး တောက်တဲ့နက်ချေးသည် ပို၍အဆိပ်ပြင်းသည်ဟူသော ယုံကြည်မှ တောက်တဲ့သည် လူ့အရေပြားပေါ် မတော်တဆကျရောက်လာပါ ပြန်ခွါ၍ မရနိုင်၊ မိုးခြိမ်းမှသာ ပြန်ကွာသည်ဟူသော လွှဲမှားသော ယုံကြည်ကြခြင်း ဖြစ်လေသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Integrated Taxonomic Information System (ITIS). www.itis.gov.
- ↑ "The harvest and trade of reptiles at U Minh Thuong National Park, southern Viet Nam" (2004). Traffic Bulletin 20 (1): 25–34. Archived 31 August 2021 at the Wayback Machine.
- ↑ Tokay Geckos: not the cure for all that ails။ Taipei Times (16 November 2020)။ 16 November 2020 တွင် ပြန်စစ်ပြီး။
![]() | ဤ တွားသွားသတ္တဝါ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |