ကိုမိုရေကန်

ဝီကီပီးဒီးယား မှ
Lake Como

အီတလီ: Lago di Como

လက်တင်: Larius Lacus
Panoramic view of Lake Como with the Alps and Bellagio
တည်နေရာLombardy, Italy
ကိုဩဒိနိတ်46°00′N 9°16′E / 46.000°N 9.267°E / 46.000; 9.267ကိုဩဒိနိတ်: 46°00′N 9°16′E / 46.000°N 9.267°E / 46.000; 9.267
ပင်မ ရေဝင်စီးကြောင်းAdda River, Mera River
ပင်မ ရေထွက်စီးကြောင်းAdda River
ရေစုဝေးရာ နေရာ၄,၅၀၉ km2 (၁,၇၄၁ sq mi)[၁]
ရေချိုင့်ဝှမ်းရှိရာ နိုင်ငံများItaly, Switzerland
အကျယ်ဆုံး အလျား၄၆ km (၂၉ mi)
အကျယ်ဆုံး အနံ၄.၅ km (၂.၈ mi)
မျက်နှာပြင် ဧရိယာ၁၄၆ km2 (၅၆ sq mi)
ပျမ်းမျှအနက်၁၅၄ m (၅၀၅ ft)[၁]
အနက်ဆုံး အနက်အရှိုင်း၄၂၅ m (၁,၃၉၄ ft)
ရေထုထည်၂၂.၅ km3 (၁၈,၂၀၀,၀၀၀ acre·ft)
Residence time5.5 years[၁]
ကမ်းခြေအလျား၁၆၀ km (၉၉ mi)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၁၉၈ m (၆၅၀ ft)[၁]
ကျွန်းများIsola Comacina
အနီးရှိမြို့များComo, Lecco (see section)
ရည်ညွှန်းကိုးကား[၁]
ကမ်းခြေအလျားသည် တိတိကျကျ တိုင်းတာထားခြင်း မဟုတ်ပေ။

ကိုမိုရေကန် သည် အီတလီနိုင်ငံ၊ လွန်ဘာဒီတွင် တည်ရှိသည့် ရေကန်တစ်ခု ဖြစ်သည်။ အီတလီနိုင်ငံတွင် တတိယမြောက်အကြီးဆုံး ရေကန် ဖြစ်သည်။ ဧရိယာ ၁၄၆ စတုရန်းကီလိုမီတာ (၅၆ စတုရန်းမိုင်) ကျယ်ဝန်းသည်။ ဤရေကန်ထက် ပိုမိုကြီးမားသည့် ရေကန်နှစ်ခုမှာ ဂါဒရေကန် (Lake Garda) နှင့် မက်ဂီအိုရီရေကန် (Lake Maggiore) တို့ ဖြစ်သည်။ ရေကန်၏ အနက်မှာ မီတာ ၄၀၀ ကျော် (၁၃၀၀ ပေ) နက်ပြီး ဥရောပတွင် အနက်ဆုံးသောများများထဲမှ တစ်ခုလည်း ဖြစ်သည်။ ကန်၏ အောက်ခြေမျက်နှာပြင်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၂၀၀ မီတာ (၆၆၀ ပေ) အထက်တွင် တည်ရှိသည်။

ကိုမိုရေကန်ဆီသို့ အနုပညာနှင့်သက်ဆိုင်သည့် သူများ၊ အထင်ကရပုဂ္ဂိုလ်များ စသည်တို့ လာရောက်ကြပြီး ထင်ရှားသည့် ခရီးသွားများကို ဆွဲဆောင်ထားနိုင်သည့် နေရာတစ်ခုလည်း ဖြစ်သည်။ ထို့ပြင် ထိုဒေသ၌ များစွာသော လွင်ပြင်ဒေသများဖြစ်သည့် Olmo, Serbelloni နှင့် Carlotta စသည်တို့လည်း ရှိသည်။ ကိုမိုရေကန်၏ ကမ်းခြေတွင် ထင်ရှားကျော်ကြားသူများ၏ နေအိမ်များ တည်ရှိသည်။

ထင်ရှားသည့် ဝိသေသလက္ခဏာတစ်ခုမှာ "Y" ပုံသဏ္ဌာန် တည်ရှိခြင်း ဖြစ်သည်။ ထိုပုံစံကို “Larian တြိဂံ” ပုံစံဟုလည်း ခေါ်ဆိုကြသည်။ ထို့အပြင် မြို့ငယ်ကလေးဖြစ်သည့် ကန်ဇို (Canzo) သည် ထိုဒေသ၏ မြို့တော်အဖြစ် တည်ရှိနေသည်။

၂၀၁၄ ခုနှစ်တွင် Huffington Post သည် ထိုရေကန်ကို ကမ္ဘာ့အလှပဆုံးသော ကန်ဖြစ်သည်ဟု ပြောခဲ့သည်။[၂]

အမည်[ပြင်ဆင်ရန်]

လက်တင်ဘာသာစကားဖြင့် ကန်၏ အမည်မှာ "Larius" ဖြစ်ပြီး၊ အီတလီဘာသာစကားဖြင့် "Lario" ဖြစ်သည်။ သို့သော် ဤအမည်မှာ အသုံးပြုမှုနည်းပါးပြီး Lago di Como (Lake of Como) ဟု ခေါ်ဝေါ်ကြသည်။ လမ်းညွှန်စာအုပ်များတွင် Lake Como, Lake of Como သို့မဟုတ် Como Lake ဟု ဖော်ပြလေ့ရှိကြသည်။ ဤအမည်သည် Como ဟူသည့် မြို့တော်အမည်မှ ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး ရောမဘာသာစကားဖြင့် Comum ဟု ခေါ်သည်။

ပထဝီဝင်[ပြင်ဆင်ရန်]

ကန်၏ ပုံသဏ္ဌာန်သည် "Y" ကို ပြောင်းပြန်လှန်ထားသည့် ပုံစံရှိသည်။ မြောက်ဘက်ပိုင်းတွင် ကိုလီကို (Colico) မြို့ ရှိပြီး အနောက်တောင်ဘက်တွင် ကိုမိုမြို့ (Como) နှင့် လက်ကိုမြို့ (Lecco) မြို့များ တည်ရှိသည်။ မြို့ငယ်လေးများ ဖြစ်ကြသည့် Bellagio, Menaggio နှင့်Lierna တို့သည် ရေကန်အား အပိုင်းသုံးပိုင်း ပိုင်းခြားထားသည့် ပုံစံဖြင့် တည်ရှိသည်။ တြိဂံပုံစံရှိသည့် လှေစီးဝန်ဆောင်မှုဖြင့် ထိုမြို့များကြားတွင် ဆောက်ရွက်ထားပေးမှုလည်း ရှိသည်။

ရာသီဥတု[ပြင်ဆင်ရန်]

Lake Como အတွက် ရာသီဥတု အချက်အလက်များ
ဇန်နဝါရီ ဖေဖော်ဝါရီ မတ် ဧပြီ မေ ဇွန် ဇူလိုင် ဩဂုတ် စက်တင်ဘာ အောက်တိုဘာ နိုဝင်ဘာ ဒီဇင်ဘာ နှစ်
ပျမ်းမျှ အမြင့်ဆုံး အပူချိန် °C (°F) 6.8
(44.2)
9.0
(48.2)
12.9
(55.2)
17.2
(63)
21.1
(70)
25.6
(78.1)
28.5
(83.3)
27.2
(81)
23.7
(74.7)
18.1
(64.6)
11.7
(53.1)
7.8
(46)
17.47
(63.45)
နေ့စဉ် ပျမ်းမျှ °C (°F) 3.7
(38.7)
5.5
(41.9)
8.8
(47.8)
12.7
(54.9)
16.4
(61.5)
20.7
(69.3)
23.4
(74.1)
22.4
(72.3)
18.9
(66)
14.0
(57.2)
8.5
(47.3)
4.7
(40.5)
13.31
(55.96)
ပျမ်းမျှ အနိမ့်ဆုံး အပူချိန် °C (°F) 0.5
(32.9)
2.0
(35.6)
4.8
(40.6)
8.2
(46.8)
11.8
(53.2)
15.8
(60.4)
18.2
(64.8)
17.6
(63.7)
14.1
(57.4)
10.0
(50)
5.3
(41.5)
1.5
(34.7)
9.15
(48.47)
ပျမ်းမျှ ရွာကျခြင်း mm (inches) 69
(2.72)
76
(2.99)
117
(4.61)
107
(4.21)
161
(6.34)
134
(5.28)
85
(3.35)
136
(5.35)
116
(4.57)
125
(4.92)
129
(5.08)
63
(2.48)
၁၃၁၈
(၅၁.၉)
Source: Climate data for Como။ 3 November 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 June 2019 တွင် ပြန်စစ်ပြီး။

ခရီးသွားလာမှု[ပြင်ဆင်ရန်]

ခရီးသွားများအား ၎င်း၏ သွင်ပြင်အနေအထား၊ တောရိုင်းတိရစ္ဆာန်များ စသည်တို့သည် ဤရေကန်၏ ခရီးသွားများအား ဆွဲဆောင်မှု ဖြစ်သည်။ ထို့အပြင် ရွက်လွှင့်ခြင်း၊ စွန်လွှတ်ခြင်း၊ လေဟုန်စီးခြင်း စသည်တို့ကို ဆောင်ရွက်နိုင်သည်။[၃]

ကိုမိုရေကန်၏ ပတ်ဝန်းကျင်ဒေသများတွင် များစွာသော လယ်ကွင်းများရှိပြီး ပျားရည်၊ သံလွင်ဆီ၊ ဒိန်ခဲ၊ နွားနို့၊ ဥများ စသည်တို့ကို ထုတ်လုပ်သည်။ လည်ပတ်သူများသည် ထိုထုတ်လုပ်ရာနေရာများသို့ သွားရောက်ကြည့်ရှုနိုင်ပြီး ကိုယ်တိုင်ဝယ်ယူမှုများလည်း ပြုလုပ်နိုင်သည်။[၄]

ကန်ပတ်ဝန်းကျင်ရှိ လွင်ပြင်ဒေသများ[ပြင်ဆင်ရန်]

ဖယ်ရီများ[ပြင်ဆင်ရန်]

Sacro Monte di Ossuccio[ပြင်ဆင်ရန်]

ကျေးရွာများ၊ အနားယူအပန်းဖြေရာ နေရာများနှင့် အခြားသော ကန်၏အနီးရှိ လည်ပတ်စရာ နေရာများ[ပြင်ဆင်ရန်]

အားကစား[ပြင်ဆင်ရန်]

ရုပ်ပုံများ[ပြင်ဆင်ရန်]

Lake Como seen from Villa Carlotta in Tremezzo, near the centre of the lake.
Lake Como seen from Villa Carlotta in Tremezzo, near the centre of the lake.
Lake Como seen from the city of Como.
Lake Como seen from the city of Como.
Shoreline of Como from inside Lake Como
Shoreline of Como from inside Lake Como

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ Laghi italiani။ Istituto Italiano di Idrobiologia။ 5 February 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2006-11-17 တွင် ပြန်စစ်ပြီး။
  2. The World's 20 Most Beautiful Lakes။ The Huffington Post (2014)။ 22 May 2017 တွင် ပြန်စစ်ပြီး။
  3. Francis W Halsey, ed. (1914)။ Seeing Europe with Famous AuthorsVIII။ Funk & Wagnells။
  4. Directly from the producer - Lago di Como။ 4 September 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 June 2019 တွင် ပြန်စစ်ပြီး။