ကဝိ၊ ဦး (ဗြဟ္မဏပုဏ္ဏားဗေဒင်ပညာရှိ)

ဝီကီပီးဒီးယား မှ

ဗြဟ္မဏပုဏ္ဏားဗေဒင်ပညာရှိ ဦးကဝိ[ပြင်ဆင်ရန်]

ကုန်းဘောင်ခေတ်နှောင်းနှင့် ကိုလိုနီခေတ် မန္တလေးတွင် ထင်ရှားခဲ့သော ဗြဟ္မဏပုဏ္ဏားဗေဒင်ပညာရှိကြီး ဖြစ်သည်။ ဖခင်မှာ ဘာနီနာထ ဖြစ်၍ ဦးစိန္တာ၏ ညီအရင်းဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၂၄၆ အစ်ကိုဖြစ်သူနှင့်အတူ နန်းတွင်းပညာရှိ ခန့်အပ်ခြင်း ခံရသည်။ သီပေါမင်းပါတော် မူသောအခါ ဗေဒင်ပညာဖြင့် အသက်မွေးဝမ်းကျောင်း ပြုခဲ့ပြီး မန္တလေး၌ အထူးထင်ရှားခဲ့သည်။ နောင်တွင် အိန္ဒိယနိုင်ငံသို့ သွားရောက် နေထိုင်ခဲ့ပြီး မင်းစိုးရာဇာ ဘိသိက်ပွဲများတွင် ပါဝင်ဆောင်ရွက်ခဲ့ရင်း အိန္ဒိယတွင်ပင် ကွယ်လွန်ခဲ့သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. နေထွတ်၏ မန္တလေး အဘိဓာန်(၁၉၉၉)