ကယ်လိုရီမီတာ

ဝီကီပီးဒီးယား မှ
Bomb calorimeter
Bomb calorimeter

ကယ်လိုရီမီတာ (အင်္ဂလိပ်: Calorimeter) ဆိုသည်မှာ အပူတိုင်းတာရာတွင် အသုံးပြုသော ပစ္စည်းဖြစ်သည်။ အရည်တစ်ခုတွင် ပြင်ပအပူရှိန်များ စွက်ဖက်ခြင်း မပြုစေဘဲ ပကတိအတိုင်း တိုင်းထွာရန်သုံးသည်။ ကြေးနီပြား (သို့) ဒန်ဖြင့်ပါးလွှာစွာ ပြုလုပ်ထားသော ခွက်တစ်ခုကို အတွင်းမှ အပူများ ထွက်မသွားစေရန်နှင့် အပြင်မှ အပူများ အတွင်းသို့ ဝင်မလာစေရန် အခြားခွက်ကြီးတစ်ခုတွင် ဝါဂွမ်းခံ၍ ထည့်ကာ တိုင်းတာမည့် အရည်များ အပူချိန်မျှသွားစေရန် ကြေးနီမွှေတံဖြင့် မွှေပေးရလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. လှသမိန် (ဧပြီ ၁၉၇၈)။ "ကယ်လိုရီမီတာ" (pdf)။ in စာပေစိစစ်ရေးကော်မတီ (ed.)။ ဗဟုသုတ စွယ်စုံ (ပထမအကြိမ် ed.)။ တောက်တောက်ဝင်း ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: ဇော်မော် စာပေ။