ကမ္ဘာ ၆-မျိုး

ဝီကီပီးဒီးယား မှ

ကမ္ဘာအပြားမျိုး ၆-ပါး။ ဗုဒ္ဓဝင် အဋ္ဌကထာ ၂၂၇-၌ အကျယ်ရှု။ ဘုရားပွင့်သော ကမ္ဘာငါးပါးနှင့် ဘုရားမပွင့်သောကမ္ဘာတစ်ပါးဟူ၏။

  • (၁) သာရ ကမ္ဘာဘုရားတစ်ဆူသာ ပွင့်သောကမ္ဘာ၊
  • (၂) မဏ္ဍ ကမ္ဘာ- ဘုရားနှစ်ဆူပွင့်သောကမ္ဘာ၊
  • (၃) ဝရ ကမ္ဘာဘုရားသုံးဆူပွင့်သော ကမ္ဘာ၊
  • (၄) သာရ မဏ္ဍ ကမ္ဘာ- ဘုရား လေးဆူပွင့်သောကမ္ဘာ၊
  • (၅) ဘဒ္ဒကမ္ဘာ- ဘုရားငါးဆူပွင့်သောကမ္ဘာ၊
  • (၆) သုည ကမ္ဘာ- ဘုရားမပွင့်သောကမ္ဘာ။

ကမ္ဘာအပြားမျိုး ၆-ပါး တစ်နည်း။ ၎င်းအကျယ် ဗုဒ္ဓသာသန မဟာဗုဒ္ဓဝင်၊ ပ-တွဲ၊ ပပိုင်း၊(ကု)၌ ကြည့်ရှုကြပါကုန်။

  • (၁) မဟာကပ်ကမ္ဘာ၊
  • (၂) အသင်္ချေယျကပ် ကမ္ဘာ၊
  • (၃) အန္တရကပ်ကမ္ဘာ၊
  • (၄) အာယုကပ်ကမ္ဘာ၊
  • (၅) ဟာယနကပ် ကမ္ဘာ၊
  • (၆) ဝဍ္ဎုနကပ် ကမ္ဘာ။

မှတ်ချက်။ ကပ်နှင့်ကမ္ဘာ အတူတူဟုသာ မှတ်ရမည်။ ပါဠိလို ကပ္ပ။ မြန်မာလို ကမ္ဘာ။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဩဘာသာဘိဝံသ ရေးသားသော သုတေသန သရုပ်ပြအဘိဓာန်ကျမ်း