ကတ်သရင်း ဂျွန်ဆင်
| ကတ်သရင်း ဂျွန်ဆင် | |
|---|---|
ကတ်သရင်း ဂျွန်ဆင် (၂၀၀၈ ခုနှစ်) | |
| မွေးဖွား | ကတ်သရင်း ကိုးလ်မန်း ဩဂုတ် ၂၆၊ ၁၉၁၈ ဝှိုက်ဆာဖာစပရင်း၊ အနောက်ဗာဂျီးနီးယားပြည်နယ်၊ အမေရိကန်နိုင်ငံ |
| ကွယ်လွန် | ဖေဖော်ဝါရီ ၂၄၊ ၂၀၂၀ (အသက် ၁၀၁) Newport News မြို့၊ဗာဂျီးနီးယား ပြည်နယ်၊အမေရိကန်ပြည်ထောင်စု |
| ဌာနေ | ဟမ်ပတန်၊ ဗာဂျီးနီးယားပြည်နယ် |
| နိုင်ငံလူမျိုး | အမေရိကန်လူမျိုး |
| မိခင်ကျောင်း | အနောက်ဗာဂျီးနီးယားကောလိပ် |
| အလုပ်အကိုင် | ရူပဗေဒပညာရှင်၊ သင်္ချာပညာရှင် |
| အလုပ်ရှင် | NACA၊ နာဆာ |
| ကျော်ကြားမှုအရင်းခံ | များစွာသော နာဆာ၏ မစ်ရှင်များအတွက် လမ်းကြောင်းများ တွက်ချက်ခြင်း |
| အိမ်ထောင်ဖက်(များ) | ဂျိန်း ဂိုဘယ် (လက်ထပ် 1939–56) ဂျင်မ် ဂျွန်ဆင် (လက်ထပ် 1959) |
| သားသမီး | ၃ဦး |
ကတ်သရင်း ကိုးလ်မန်း ဂိုဘယ် ဂျွန်ဆင်(အင်္ဂလိပ်: Katherine Coleman Goble Johnson၊၂၆ ဩဂုတ် ၁၉၁၈ -၂၄ ဖေဖော်ဝါရီ ၂၀၂၀ )သည် အာဖရိကန်-အမေရိကန် သင်္ချာပညာရှင်တစ်ဦးဖြစ်ပြီး နာဆာတွင် အမေရိကန်ပြည်ထောင်စု၏ လေယာဉ်တည်ဆောက်မှုနှင့် ပျံသန်းခြင်းနည်းပညာနှင့် အာကာသပရိုဂရမ်များအတွက် များစွာသော တွက်ချက်မှုများကို ပြုလုပ်ပေးခဲ့သူဖြစ်သည်။ Celestial navigation အား တိကျစွာတွက်ချက်ပေးနိုင်မှုတွင် ကျော်ကြားပြီး နာဆာတွင် ဆယ်စုနှစ်အတော်ကြာအောင် လုပ်ကိုင်ခဲ့သူဖြစ်သည်။
နာဆာတွင် လုပ်ကိုင်စဉ်ကာလ သူသည် မာဂျူရီပရောဂျက်မှစ၍ များစွာသော ပျံသန်းမှုများအတွက် ပျံသန်းမှုလမ်းကြောင်းများ၊ launch windows၊ အရေးပေါ် ပြန်ဆယ်ယူနိုင်မည့် အပြန်လမ်းကြောင်းများကို တွက်ချက်ခဲ့သည်။သူ ဆောင်ရွက်ခဲ့သော ပရောဂျက်များတွင် John Glenn နှင့် Alan Shepard တို့၏ မစ်ရှင်များ၊ ၁၉၆၉ ခုနှစ်တွင် လကမ္ဘာသို့ပျံသန်းမည့် အပိုလို ၁၁ ပျံသန်းမှုများမှသည် Space Shuttle program ထိပါဝင်ခဲ့သည်။[၁][၂][၃] သူ၏တွက်ချက်မှုများသည် ထိုမစ်ရှင်များအောင်မြင်ရေးအတွက် အတော်လေးကို အရေးပါခဲ့သည်။[၁] ဂျွန်ဆင်သည် အင်္ဂါဂြိုဟ်သို့ သွားရောက်ရန်စီမံကိန်းအတွက်လည်း တွက်ချက်မှုများ ဆောင်ရွက်ခဲ့သည်။
၂၀၁၅ ခုနှစ်တွင် အမေရိကန် သမ္မတ ဘာရက် အိုဘားမားသည် ဂျွန်ဆင် အား Presidential Medal of Freedom ဆုကို ပေးအပ်ခဲ့ပြီး[၄] ထိုနှစ်အတွက် ဘီဘီစီ၏အမျိုးသမီး ၁၀၀ဦး တွင်လည်း ပါဝင်ခဲ့သည်။[၅]
၂၀၁၆ ခုနှစ်တွင် နာဆာ လေယာဉ်မှူး Leland D. Melvin မှ Silver Snoopy Award နှင့် NASA Group Achievement Award ကို ပေးအပ်ခဲ့သည်။ ထို့အပြင် ၂၀၁၆ ခုနှစ်ထုတ် ရုပ်ရှင် Hidden Figures တွင် သူ၏ အခန်းကဏ္ဍကို Taraji P. Henson က အဓိကဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု ကွန်ဂရက်စ်မှ Congressional Gold Medal ချီးမြှင့်ခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် သူ့ကို National Women’s Hall of Fame ထဲ ထည့်သွင်း ချီးမြှင့်ခဲ့သည်။
အစောပိုင်းဘဝ
[ပြင်ဆင်ရန်]ကတ်သရင်းကိုးလ်မန်းကို ၁၉၁၈ ခုနှစ်တွင် ဝှိုက်ဆာဖာစပရင်း၊ ဂရင်းဘရီယာကောင်တီ၊ အနောက်ဗာဂျီးနီးယားပြည်နယ်တွင် မွေးဖွားခဲ့ပြီး ယောရှုအာနှင့် ဂျိုင်းလက်တီတို့၏ သားသမီးလေးယောက်ထဲမှ အငယ်ဆုံးသော သမီးဖြစ်သည်။[၆][၇][၈]
သူ၏ဖခင်သည် သစ်ခုတ်သမား၊ လယ်သမားနှင့် တောက်တိုမယ်ရပြင်သူဖြစ်ပြီး ဂရင်းဘရီယာဟိုတယ်တွင် အလုပ်လုပ်သူဖြစ်သည်။ သူမ၏မိခင်မှာ ကျောင်းဆရာမတစ်ဦးဖြစ်သည်။[၆][၉]
ဂျွန်ဆင်၏ သင်္ချာတွင် ဉာဏ်ရွှင်မှုကို သူမ၏ငယ်ဘဝကတည်းကပင် သိရှိခဲ့ကြသည်။ ဂရင်းဘရီယာကောင်တီတွင် အာဖရိကန်-အမေရိကန်လူမျိုးများအတွက် ရှစ်တန်းအောင်ပြီးလျှင် ကျောင်းဆက်ထား၍ မရသောကြောင့် အနောက်ဗာဂျီးနီးယားအင်စတီကျူတွင် အထက်တန်းကို ဆက်လက်သင်ကြားနိုင်စေရန် စီစဉ်ခဲ့ကြသည်။ ထိုကျောင်းသည် အနောက်ဗာဂျီးနီးယားကောလိပ်(ယခုအခါ တက္ကသိုလ်အဖြစ်တိုးမြှင့်ခဲ့ပြီး)၏ ကျောင်းဝန်းထဲတွင် တည်ရှိသည်။[၁၀]ထိုသို့ကျောင်းပို့ရန် စီစဉ်စဉ်က ဂျွန်ဆင်၏ အသက်မှာ ၁၀ နှစ်သာရှိသေးသည်။[၁၁]
ကျောင်းဖွင့်ချိန်တွင် မိသားစုနှင့်ခွဲခွာခဲ့ရပြီး ကျောင်းပိတ်ချိန် နွေရာသီမှ နေရပ်သို့ ပြန်ခဲ့ရသည်။
ဂျွန်ဆင်သည် အသက် ၁၄ နှစ်တွင် အထက်တန်းကျောင်းပြီးခဲ့ပြီး အနောက်ဗာဂျီးနီးယားကောလိပ်သို့ တက်ရောက်ခဲ့သည်။ ထိုကောလိပ်သည် သမိုင်းတွင် လူမည်းများအတွက် တက်ရောက်နိုင်သော ကောလိပ်များမှ တစ်ခုဖြစ်သည်။[၁၂]ကျောင်းသားဘဝတွင် သူမသည် ကောလိပ်မှ ပို့ချသော သင်္ချာသင်ရိုးအားလုံးကို ယူ၍သင်ကြားခဲ့သည်။ များစွာသော ပါမောက္ခများသည် သူမအား ပဲ့ပြင်ဆုံးမခဲ့ကြပြီး ထိုအထဲတွင် သူမအား အထက်တန်းကျောင်းသူဘဝမှ ဆုံးမလမ်းညွှန်ခဲ့သော သင်္ချာနှင့် ဓာတုဗေဒပညာရှင် Angie Turner King နှင့် အာဖရိကန်-အမေရိကန်လူမျိုးများထဲတွင် သင်္ချာပညာရပ်ဆိုရာ ပါရဂူဘွဲ့ကို တတိယမြောက်ရရှိခဲ့သော W.W. Schiefflin Claytor တို့ပါဝင်ခဲ့သည်။ Claytor သည် ကတ်သရင်းအတွက်သာ ရည်ရွယ်၍ သင်ရိုးသစ်များ ရေးဆွဲသင်ကြားခဲ့သည်။ သူမသည် ၁၉၃၇ ခုနှစ်တွင် Summa Cum Laude (Latin honors)ဘွဲ့ကို သင်္ချာနှင့် ပြင်သစ်ဒီဂရီများနှင့်အတူ ရရှိခဲ့သည်။ ထိုအချိန်တွင် သူမ၏အသက်မှာ ၁၈ နှစ်သာ ရှိသေးသည်။[၄][၇][၉][၁၁][၁၃]သူမသည် မာရီရွန်မြို့၊ ဗာဂျီးနီးယားပြည်နယ်တွင် လူမည်းကျောင်း၌ သင်ကြားရေးအလုပ်ကို ရရှိခဲ့သည်။[၁၂][၁၄]
၁၉၃၉ ခုနှစ်တွင် သူမ၏ ပထမအိမ်ထောင်ဖက်ဖြစ်သူ ဂျိန်းဂိုဘယ်နှင့် လက်ထပ်ခဲ့သည်။ ထို့နောက်ဂျွန်ဆင်သည် သင်ကြားရေးအလုပ်မှ နုတ်ထွက်ပြီး သင်္ချာဆိုင်ရာ ဘွဲ့လွန်တက်ရောက်ရန်အတွက် စာရင်းသွင်းခဲ့သည်။ တစ်နှစ်အကြာ ကိုယ်ဝန်ရရှိပြီးနောက် မိသားစုဘဝကို အာရုံစိုက်နိုင်ရန် ကျောင်းနားခဲ့သည်။ ကျောင်းတက်စဉ် သူမသည် မော်ဂန်တောင်းမြို့တွင်ရှိသော အနောက်ဗာဂျီးနီးယားတက္ကသိုလ်တွင် ဘွဲ့လွန်အဖြစ်တက်ရောက်သော ပထမဆုံး အာဖရိကန်-အမေရိကန် အမျိုးသမီးဖြစ်ခဲ့သည်။
ပုဂ္ဂလဘဝ
[ပြင်ဆင်ရန်]၁၉၃၉ ခုနှစ်တွင် ကတ်သရင်းသည် ဂျိန်း ဖရန်စစ် ဂိုဘယ်နှင့် လက်ထပ်ခဲ့ပြီး ကွန်စတင်၊ ဂျိုင်လက်တီ၊ ကတ်သရင်းလို့ခေါ်တဲ့ သမီး ၃ ယောက်ရှိခဲ့ကြသည်။ အလုပ်အကိုင်သစ်အခွင့်အလမ်းများရှိစေရန်အတွက် ၁၉၅၃ ခုနှစ်တွင် သူမတို့မိသားစုသည် Newport News သို့ ပြောင်းရွေ့ခဲ့ကြသည်။ ၁၉၅၆ ခုနှစ်အရောက်တွင်တော့ ဂျိန်းဂိုဘယ်သည် ခွဲစိတ်ကုသ၍ မရနိုင်သော ဘရိန်းကျူမာရောဂါဖြင့် သေဆုံးခဲ့လေသည်။
၁၉၅၉ ခုနှစ်တွင် ကတ်သရင်းသည် ဂျိန်းဂျွန်ဆင်နှင့် နောက်အိမ်ထောင်ပြုခဲ့လေသည်။ ဂျွန်ဆင်မှ တပ်မှ ဒုဗိုလ်တစ်ဦးဖြစ်ပြီး ကိုရီးယားစစ်ပွဲမှ စစ်ပြန်တစ်ဦးဖြစ်သည်။[၁၅]
ကတ်သရင်းဂျွန်ဆင်သည် နာဆာတွင်ပင် ဆက်လက်၍ လုပ်ကိုင်ခဲ့သည်။ ထို့ပြင် သူမသည် Presbyterian Church တွင် ဓမ္မသီချင်းသီဆိုသူအဖြစ် အနှစ် ၅၀ မျှ သီဆိုခဲ့သည်။ သူမသည် Alpha Kappa Alpha အသင်း၏ အဖွဲ့ဝင်အဖြစ် ကောလိပ်ကတည်းက ပါဝင်ခဲ့သည်။ ထိုအသင်းသည် အာဖရိကန်-အမေရိကန် အမျိုးသမီးများမှ ၎င်းတို့အတွက် ပထမဆုံးထူထောင်ခဲ့သော ကောလိပ်အသင်းဖြစ်သည်။ ဂျွန်ဆင်နှင့် သူ၏အမျိုးသားတို့သည် ဗာဂျီးနီးယားပြည်နယ်၊ ဟမ်ပတန်မြို့တွင် မြေး ၆ ဦး၊ မြစ် ၁၁ ဦးနှင့်အတူ နေထိုင်ခဲ့သည်။သူသည် သူ၏ မြေးများနှင့် ကျောင်းသူ၊ကျောင်းသားများအား သိပ္ပံနှင့် နည်းပညာနောက်သို့ စဉ်ဆက်မပြတ် ရှာဖွေကြိုးပမ်းကြရန် တိုက်တွန်းမှုများတွင် ထင်ရှားခဲ့သည်။[၁၆]
ဘဝနိဂုံး
[ပြင်ဆင်ရန်]ဂျွန်ဆင်သည် ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အသက် ၁၀၁ နှစ်တွင် Newport Newsမြို့ ရှိ နေအိမ်တွင် ကွယ်လွန်သွားခဲ့သည်။ သူသေဆုံးပြီးနောက် နာဆာ ၏စီမံခန့်ခွဲသူ Jim Bridenstineသည် ၎င်းအား "အမေရိကန်သူရဲကောင်း" အဖြစ်ဖော်ပြခဲ့သည်။[၁၇]
ဆုများ
[ပြင်ဆင်ရန်]- Group Achievement Award presented to NASA's Lunar Spacecraft and Operations team – for pioneering work in the field of navigation supporting the spacecraft that orbited and mapped the moon in preparation for the Apollo program။
- ၁၉၇၁၊ ၁၉၈၀၊ ၁၉၈၄၊ ၁၉၈၅၊ ၁၉၈၆: NASA Langley Research Center Special Achievement Award။
- ၁၉၉၈: ဥပဒေဆိုင်ရာ ဂုဏ်ထူးဆောင်ပါရဂူဘွဲ (Farmingdale State College)။
- ၁၉၉၉: West Virginia State College Outstanding Alumnus of the Year။
- ၂၀၀၆: သိပ္ပံဆိုင်ရာ ဂုဏ်ထူးဆောင်ပါရဂူဘွဲ (Capitol Technology University)၊ လာအူရယ်မြို့၊ မေရီလန်းပြည်နယ်။
- ၂၀၁၀: သိပ္ပံဆိုင်ရာ ဂုဏ်ထူးဆောင်ပါရဂူဘွဲ (Old Dominion University)၊ နော်ဖော့ခ်မြို့၊ ဗာဂျီးနီးယား။
- ၂၀၁၄: National Women's History Museum မှ De Pizan Honor။[၁၈]
- ၂၀၁၅: NCWIT Pioneer in Tech Award။[၁၉]
- ၂၀၁၅: Presidential Medal of Freedom။[၂၀]
- ၂၀၁၆: Leland Melvin မှ Silver Snoopy Award။[၂၁]
- ၂၀၁၆: Astronomical Society of the Pacific's Arthur B.C. Walker II Award။[၂၂]
- ၂၀၁၆: Presidential Honorary Doctorate of Humane Letters, West Virginia University, Morgantown, West Virginia။[၂၃]
- ၂၀၁၇: Daughters of the American Revolution (DAR) Medal of Honor
- ၂၀၁၇: Katherine G. Johnson Computational Research Facility, Hampton, Virginia, ဖွင့်သည့်နေ့ September 22, 2017, Johnson ကို အမည်ပေးအပ်ပြီး ဖွင့်လှစ်ခဲ့သည်။
ဆက်လက်ဖတ်ရှုရန်များ
[ပြင်ဆင်ရန်]- Beverly Golemba, Human Computers: The Women in Aeronautical Research, unpublished manuscript 1994, NASA Langley Archives. 29 January 2017 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- Linda Zierdt-Warshaw, Alan Winkler, Leonard Bernstein, American Women in Technology: An Encyclopedia, ABC-CLIO, 2000, Santa Barbara, Calif., ISBN 1576070727. WorldCat link
- Wini Warren, Black Women Scientists in the United States, Indiana University Press, 2000, pp. 140–147. ISBN 9780253336033.
- Brigham Narins, Notable Scientists: From 1900 to the Present, Gale Group, 2001. ISBN 9780787617547.
ပြင်ပလင့်များ
[ပြင်ဆင်ရန်]- "Katherine Johnson Biography". NASA. Retrieved February 1, 2017.
- Katherine G. Johnson 5 January 2018 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . – Video produced by Makers: Women Who Make America
- Introduction by Dr. Ellen Stofan, "The Untold History of Women in Science and Technology" 15 January 2017 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး ., WhiteHouse.gov
- O'Connor၊ John J.; Robertson၊ Edmund F.၊ "Katherine Coleman Goble Johnson"၊ MacTutor History of Mathematics archive၊ University of St Andrews.
- Katherine Johnson။ 3 May 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 January 2018 တွင် ပြန်စစ်ပြီး။
- NASA Technical Reports Server (NTRS): Johnson, K. G.
ကိုးကား
[ပြင်ဆင်ရန်]- 1 2 Smith၊ Yvette (November 24, 2015)။ Katherine Johnson: The Girl Who Loved to Count။ NASA။ February 12, 2016 တွင် ပြန်စစ်ပြီး။ “Her calculations proved as critical to the success of the Apollo Moon landing program and the start of the Space Shuttle program, as they did to those first steps on the country's journey into space.”
- ↑ Katherine G. Johnson Biography။ Biography.com (October 10, 2016)။ January 15, 2017 တွင် ပြန်စစ်ပြီး။
- ↑ Shetterly၊ Margot Lee (December 1, 2016)။ Katherine Johnson Biography။ NASA။ March 2, 2017 တွင် ပြန်စစ်ပြီး။ “When asked to name her greatest contribution to space exploration, Katherine Johnson talks about the calculations that helped synch Project Apollo's Lunar Lander with the moon-orbiting Command and Service Module.”
- 1 2 Gutman၊ David (November 16, 2015)။ WV native, NASA mathematician to receive Presidential Medal of Freedom။ Charleston Gazette-Mail။ February 12, 2016 တွင် ပြန်စစ်ပြီး။
- ↑ BBC 100 Women 2016: Who is on the list?။ BBC News (November 21, 2016)။ November 24, 2016 တွင် ပြန်စစ်ပြီး။
- 1 2 Katherine Johnson – Oral History။ 23 February 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ February 12, 2016 တွင် ပြန်စစ်ပြီး။
- 1 2 Gale၊ Thomas (2005)။ Johnson, Katherine Coleman Goble။ Cengage Learning။ February 15, 2016 တွင် ပြန်စစ်ပြီး။
- ↑ "The Woman the Mercury Astronauts Couldn't Do Without"၊ Nautilus၊ Nautilus (science magazine)၊ December 1, 2016။ Archived from the original on 4 December 2016။
- 1 2 Gutman၊ David (December 26, 2015)။ West Virginian of the Year: Katherine G. Johnson။ February 12, 2016 တွင် ပြန်စစ်ပြီး။
- ↑ Shetterly၊ Margot Lee (December 1, 2016)။ From Hidden to Modern Figures – Katherine Johnson Biography။ NASA။ March 1, 2017 တွင် ပြန်စစ်ပြီး။ “By thirteen, she was attending the high school on the campus of historically black West Virginia State College. ... enrolled in the college itself, where she made quick work of the school's math curriculum and found a mentor in math professor W. W. Schieffelin Claytor, the third African American to earn a PhD in Mathematics. Katherine graduated with highest honors in 1937 and took a job teaching at a black public school in Virginia.”
- 1 2 Yvette Smith:Katherine Johnson: The Girl Who Loved to Count။ NASA (November 24, 2015)။ March 1, 2017 တွင် ပြန်စစ်ပြီး။ “Fascinated by numbers and smart to boot, for by the time she was 10 years old, she was a high school freshman – a truly amazing feat in an era when school for African-Americans normally stopped at eighth grade for those who could indulge in that luxury. Katherine skipped several grades to graduate from high school at 14 and from college at 18.”
- 1 2 Loff၊ Sarah။ "Katherine Johnson Biography" (in en)၊ November 22, 2016။
- ↑ You must specify archiveurl = and archivedate = when using {{cite web}}.Not stated (2015)။ Katherine G. Johnson – Presidential Honorary Doctorate of Humane Letters။ WVU။ 2 March 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ March 1, 2017 တွင် ပြန်စစ်ပြီး။ “Katherine Johnson graduated from high school at age 14 and from college at 18.”
- ↑ Porter-Nichols၊ Stephanie။ "Council honors one-time Marion teacher Katherine Johnson of 'Hidden Figures'"၊ SWVA Today၊ January 24, 2017။
- ↑ Katherine Coleman Goble Johnson။ School of Mathematics & Statistics, University of St Andrews, UK။ March 1, 2017 တွင် ပြန်စစ်ပြီး။ “Excerpt from W. Warren, Katherine Coleman Goble Johnson, in Black Women Scientists in the United States (Indiana University Press, 1999), pp. 140–147.”
- ↑ The Untold History of Women in Science and Technology။ December 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ October 22, 2016 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ "Local hero, NASA mathematician Katherine Johnson dies at 101"၊ WTKR၊ February 24, 2020။
- ↑ De Pizan Honor။[လင့်ခ်သေ]
- ↑ Katherine Johnson။ National Center for Women & Information Technology (2015)။ December 7, 2016 တွင် ပြန်စစ်ပြီး။
- ↑ Phil Helsel – "Obama honoring Spielberg, Streisand and more with medal of freedom", NBC News, November 24, 2015. Retrieved November 25, 2015
- ↑ Katherine Johnson at NASA Langley Research Center။ NASA (September 22, 2016)။ December 5, 2016 တွင် ပြန်စစ်ပြီး။
- ↑ Katherine Johnson to receive the ASP's new Arthur B.C. Walker II Award။ Astronomical Society of the Pacific (2016)။ 28 October 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ December 5, 2016 တွင် ပြန်စစ်ပြီး။
- ↑ Katherine G. Johnson Presidential Honorary Doctorate of Humane Letters။ West Virginia University (September 12, 2016)။ 2 March 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ January 10, 2017 တွင် ပြန်စစ်ပြီး။