ကဋိဟတ္ထ

ဝီကီပီးဒီးယား မှ

ခါးထောက်နေသည့်ပုံဖြစ်သည်။

လက်တဖက်ကို ဘေးတွင် ဆန့်ချထားပြီး အခြားလက်တဖက်ကိုမူ တံတောင်ဆစ်မှကွေး၍ ခါးကို ထောက်ထားသော ပုံဟန်မျိုး ဖြစ်သည်။

ကဋိသဏ္ဌိတဟတ္ထဟူ၍၎င်း, ကစ္စဝလမ္ဗိတဟတ္ထဟူ၍၎င်း ခေါ်ကြသေးသည်။

အနက်သဘောအားဖြင့် အနားယူအပန်းဖြေနေဟန် သက်သက်သာသာ ရပ်နေသည့်ပုံ ဖြစ်ပေသည်။

လက်နှစ်ဖက်စလုံးကို ခါးထောက်ထားသော ပုံမျိုးလည်းရှိတတ်သည်။ ထိုပုံဟန်၏ အတွင်းသရုပ်မှာ အနက်အဓိပ္ပါယ်အားဖြင့် ပမာမခန့်သောပုံ မကြောက်မရွံ့သောဟန် အနားယူ လျစ်လျူရှုသော သဏ္ဌာန်ဖြစ်သည်ဟု အချို့ပညာရှိများက မိန့်မှာခဲ့ဘူးသည်။

သန္တုဋ္ဌိမင်္ဂလာကို အနှစ်သာရအားဖြင့် ဖော်ဆောင်ထားခြင်းဖြစ်သည်။

ဝီရရသနှင့် သန္တရသတို့ကို ပေါ်လွင်ထင်ရှားစေသည်။

ဥပက္ခာပါရမီဖြည့်ဆည်းရန် ရည်ညွှန်းခြင်းသဘော ရှိပေသည်။

ပုံစံအားဖြင့် ပုဂံဘုရားများအတွင်း ဆေးရေးပန်းချီများ၌၎င်း ရန်ကုန် ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ ရုပ်လုံး ရုပ်ပွားများ၌၎င်း, မြတ်စွာဘုရားပုံတော်မှလွဲ၍ အခြားပုဂ္ဂိုလ်များကို ဤဟန်မျိုးဖြင့် တွေ့ရှိရတတ်သည်။ ဘုရားဗျာဒိတ်တော် ညွှန်းပုံတော်များ၌ တခါတရံ ကဋိဟတ္ထပုံဟန်ဖြင့် တွေ့ရတတ်သည်။

ကဋိဟတ္ထပုံပါသော ရုပ်ပွားဆင်းတုများကို ကိုးကွယ်သူသည် ရဲရင့်ခြင်း ရန်သူကို ပမာမထားခြင်း, သတ္တိဗျတ္တိနှင့်ပြည့်စုံခြင်း, မာန်ဟုန်တက်ခြင်း, အမောအပန်းပြေခြင်း, လောကဓံကို ကြံ့ကြံ့ ခံနိုင်ရည်ရှိခြင်း စသော အကျိုးတရားများကို ရရှိနိုင်သည်ဟု တန္တရာယာနကျမ်းများ၌ ဖော်ပြထားပေသည်။ [၁][၂] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. KATI HASTA Icons in Bronze, p.27. fig.2.
  2. ၂.၀ ၂.၁ စဝ်ထွန်းမှတ်ဝင်း မဟာဝိဇ္ဇာ (ရန်ကုန်)၊ မဟာဝိဇ္ဇာဂုဏ်ထူး (ဟားဗဒ်) အထက်တန်း သုတေသန ပညာရှင်ဘွဲ့ (ဟားဗဒ်) ညွှန်ကြားရေးမှူး၊ သုတေသနနှင့် ကျမ်းပြုဌာနခွဲ သာသနာရေး ဦးစီးဌာန။ မြန်မာ့ရိုးရာ ပဋိမာ သိပ္ပံပညာ