ကစ္စဝလမ္ဗိတဟတ္ထ

ဝီကီပီးဒီးယား မှ

ကဋိသဏ္ဌိတဟတ္ထဟူ၍၎င်း, သာမန်အားဖြင့် ကဋိဟတ္ထဟူ၍၎င်း ခေါ်သည်။

လက်မောင်းလက်ရုံးကို ကိုယ်၏ ဘေးတဖက်စီတွင် တွဲလျားချကာ လက်ကို ခါးပေါ်တွင် တင်ထားသော ဟန်မျိုးဖြစ်သည်။ သက်သက်သာသာဖြင့် လက်ကို ချထားသည့် ပုံသဏ္ဌာန်မျိုး ပေါ် နေသည့်ဟန် ဖြစ်သည်။ လက်တတောင်ဆစ်နားတွင် အနည်းငယ်ကွေး၍ ခါးအထက်ပိုင်းလောက် ခပ်ကျကျတွင် တင်ထားလေ့ ရှိသည်။ များသောအားဖြင့် လက်ျာဘက်လက်ကို တင်ထားလေ့ ရှိသည်။

အချို့ ရပ်တော်မူ ရုပ်ပွားတော် ဆင်းတုတော်များတွင် လက်ဝဲလက်ကို ဤဟတ္ထဟန်မျိုးကို တွေ့ရတတ်သည်။

အသောက, ဝိရဇ, ခေမ မင်္ဂလာ၊ သန္တုဋ္ဌိ မင်္ဂလာများကို သရုပ်ဖော်ထားခြင်း ဖြစ်ပေသည်။ သန္တရသကို ပေါ်လွင်ထင်ရှားစေသည့် လက်ဟန်ဖြစ်သည်။

ဥပေက္ခာပါရမီကို ညွှန်ပြသော သဘောရှိလေသည်။

ပုံစံအားဖြင့် ကူရှန်ခေတ်ဦးပိုင်း မထူရာပြည်ရှိ ဗုဒ္ဓရုပ်ပွားတော်များကို ဤမုဒြာဟတ္ထပုံဖြင့် အများအပြား တွေ့ရသည်။

ကစ္စဝလမ္ဗိတပုံ ရုပ်ပွားဆင်းတုတော်များကို ကိုးကွယ်သူသည် သက်သာအေးငြိမ်းသော ဘဝကို ရခြင်း, အမောအပန်းပြေခြင်း, စိတ်လက်အီသာ ကျန်းမာခြင်း, စိုးရိမ်ကြောင့်ကြကင်းခြင်း မင်္ဂလာကျက်သရေတိုးပွားခြင်းစသော ကောင်းကျိုးချမ်းသာများကို ရရှိနိုင်သည်ဟု ဝဇီရာယာန ကျမ်းဂန်များ၌ မိန့်ဆိုထားလေသည်။ [၁][၂] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. KATYAVALAMBITA HASTA DHI. p. 256. EHI. i.i. p. 16.
  2. ၂.၀ ၂.၁ စဝ်ထွန်းမှတ်ဝင်း မဟာဝိဇ္ဇာ (ရန်ကုန်)၊ မဟာဝိဇ္ဇာဂုဏ်ထူး (ဟားဗဒ်) အထက်တန်း သုတေသန ပညာရှင်ဘွဲ့ (ဟားဗဒ်) ညွှန်ကြားရေးမှူး၊ သုတေသနနှင့် ကျမ်းပြုဌာနခွဲ သာသနာရေး ဦးစီးဌာန။ မြန်မာ့ရိုးရာ ပဋိမာ သိပ္ပံပညာ