မာတိကာသို့ ခုန်သွားရန်

ကင်ချီ

ဝီကီပီးဒီးယား မှ
ကင်ချီ
ကင်ချီအမျိုးမျိုး
အဓိကသုံးဆောင်မှုဘန်ချန်း
မူရင်းနိုင်ငံကိုရီးယားနိုင်ငံ
ဆက်နွယ်သောအမျိုးသားအစားအစာ
အဓိက ပါဝင်ပစ္စည်းမုန်ညင်းထုပ်နှင့် ကိုရီးယား မုန်လာဥတို့ပါဝင်သော အသီးအရွက်အမျိုးမျိုး
မျိုးကွဲများBaechu-kimchi, baek-kimchi, dongchimi, kkakdugi, nabak-kimchi, pa-kimchi, yeolmu-kimchi
Cookbook: ကင်ချီ  Media: ကင်ချီ
ကိုရီးယားအမည်
အက္ခရာဖလှယ်ခြင်းများ
ဟန်ဂုလ်김치
ဟန်ဂျာမရှိ
RRအက္ခရာဖလှယ်ခြင်းgimchi
MRအက္ခရာဖလှယ်ခြင်းkimch'i
IPA[kim.tɕʰi]

ကိုရီယားဟင်းလျာထဲမှ အဓိကစားသုံးသော တစ်မျိုးဖြစ်သည့် ကင်ချီ(/ˈkɪm/; ကိုရီးယား: 김치, ရောမအက္ခရာ: gimchi, IPA: [kim.tɕʰi])သည် ရိုးရာအရံဟင်းတစ်မျိုးဖြစ်ပြီး ဆားရည်စိမ်ထားသော အချဉ်ဖောက်ထားသည့် မုန်ညင်းထုပ်၊ ကိုရီးယားမုန်လာဥကဲ့သို့ ဟင်းသီးဟင်းရွက်များကို ဂိုချုဂါရူ (ကိုရီးယားငရုတ်သီးမုန့်)၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ၊ ဂျင်းနှင့် ချော့ဂယ် (ငံပြာရည်ကဲ့သို့ ငန်သောရေထွက်ပစ္စည်းများ)နှင့် ရောစပ်ပြုလုပ်ထားသည်။[][] ကင်ချီအမျိုးပေါင်း တစ်ရာကျော်ရှိပြီး မတူကွဲပြားတဲ့ ဟင်းသီးဟင်းရွက်အမျိုးမျိုးကို အဓိကအခြေခံ၍ ပြုလုပ်ထားသည်။[][] ရှေးယခင်တုန်းကတော့ ကင်ချီကို နွေလများ၌ အေးနေစေရန်နှင့် ဆောင်းလများတွင် မအေးခဲစေရန် မြေအောက်တွင် အိုးများဖြင့် ထိန်းသိမ်းထားလေ့ရှိကြပြီး ထိုကာလများတုန်းက ဤသည်မှာ အရေးပါသော အသီးအရွက်ရင်းမြစ်များ ဖြစ်ခဲ့သည်။[] ယခုအခါ နည်းပညာမြင့်မားလာသည်နှင့်အမျှ ကင်ချီများကို ထိန်းသိမ်းရန်အတွက် ကင်ချီရေခဲသေတ္တာများကို အသုံးပြု၍ လာခဲ့ကြသည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

ကင်ချီ၏မူလအစကို အတိတ်နှောင်းပိုင်းထိ သွားကြည့်မည်ဆိုပါက ကိုရီးယားသုံးပြည်ထောင်ခေတ် အစောပိုင်းကာလ(၃၇ ဘီစီ‒၇ အေဒီ)က စမည်ဖြစ်သည်။[] အချဉ်ဖောက်ထားသည့် အစားအစာ အမြောက်အမြားရနိုင်သည်ဟု အေဒီ ၂၈၉ ခုနှစ်က ရေးသားခဲ့သော တရုတ်သမိုင်းမှတ်တမ်းတစ်ခုဖြစ်သည့် သုံးပြည်ထောင်ခေတ်မှတ်တမ်းတွင် တွေ့ရပြီး ထိုအထဲတွင် “ဂိုဂျူလျောပြည်သူ (ကိုရီးယားပြည်သူတို့အားညွှန်း)တို့သည် ဝိုင်၊ ပဲပြုပ်ချဉ် (ပုန်းရည်ကြီးကဲ့သို့)၊ ဆားချဉ်သိပ်ထားသော ငါးများလုပ်ရာတွင် ကျွမ်းကျင်ကြသည်။” ဟု ဝေမင်းဆက်ရာဇဝင်ကျမ်း(Book of Wei)၏ "တုန်ရီ(Dongyi)"တွင်ဖော်ပြထားသည်။[][] ကိုရီးယားသုံးပြည်ထောင်ကျမ်း ဆောင်ဂုဆာဂီထဲတွင်လည်း အချဉ်စဉ့်အိုးများအား အသီးအရွက်များ အချဉ်ပေါက်ရန် အသုံးပြုကြသည်ဟု ညွှန်းဆိုထားသဖြင့် ထိုကာလတွင် များသောအားဖြင့် ဟင်းသီးဟင်းရွက်ချဉ်ဖက်များကို အများအားဖြင့် စာသုံးကြသည်ဟု ညွှန်ပြနေသည်။[][] ရှီလာမင်းဆက်(၅၇ ဘီစီ – ၉၃၅ အေဒီ)ကာလအတွင်း နိုင်ငံတဝှမ်းတွင် ဗုဒ္ဓဘာသာကဲ့သို့ ကင်ချီသည်လည်း အရေးပါသည့် အရာတစ်ခုဖြစ်ခဲ့ပြီး အသီးအရွက်ကို စားသုံးသော ဓလေ့ဖြစ်ထွန်းလာခဲ့သည်။[]

အသီးအရွက်များအား ဆားရည်စိမ်သည့်နည်းသည် ရေခဲသေတ္တာများထက် စောလျင်စွာ အစားအသောက်များ၏ သက်တမ်းအား ရှည်ကြာအောင် ထိန်းသိမ်းပေးနိုင်သည့် စံပြုနည်းတစ်နည်းဖြစ်ခဲ့သည်။ ကိုရီးယားတွင် ကင်ချီများအား အချဉ်ဖောက်ထားသည့် အသီးအရွက်များဖြင့် ဆောင်းလကာလအတွင်း ပြုလုပ်လေ့ရှိပြီး မြေကြီးထဲတွင် အွန်ဂီဟုခေါ်သည့် ရိုးရာအညိုရောင်စဉ့်အိုးများဖြင့် မြေအောက်တွင် မြုပ်နှံထားကြသည်။ နောင်တွင် ဤအလုပ်သည် မိသားစုနှင့် မိန်းမသားကြား ခိုင်မြဲစွာတွဲဆက်ထားသော ကြိုးသဖွယ်ဖြစ်လာခဲ့သည်။[]

ဤသို့ဖြင့် ကင်ချီဟာ ကိုရီယားယဉ်ကျေးမှုတွင် အရေးပါသော အရာတစ်ခုဖြစ်လာခဲ့သည်။[၁၀] သို့ပေမယ့် သမိုင်းတွင်တွေ့ရှိခဲ့ရသော ဟင်းချက်နည်းများတွင်တော့ ကင်ချီဟာ စပ်သော ဟင်းလျာတစ်မျိုး မဟုတ်ခဲ့ပါဘူး။[၁၁] အစောပိုင်း ကင်ချီပြုလုပ်နည်းမှတ်တမ်းများတွင် ကင်ချီပြုလုပ်ရာတွင် ကြက်သွန်ဖြူနှင့် ငရုတ်သီးမှုန့်ပါဝင်တယ်လို့ ဆိုမထားကြပါဘူး။ ယခုအခါ ကင်ချီပြုလုပ်ရာတွင် အဓိကအမယ်တစ်ခုလိုဖြစ်နေသော ငရုတ်သီးမှုန့်ကို ၁၇ ရာစုအစောပိုင်းကာလအထိ ကိုရီးယားတွင် သိရှိခြင်းမရှိခဲ့ကြပေ။ ငရုတ်သီးမှုန့်၏ မူလအစမှာ အမေရိကတိုက်မှဖြစ်ပြီး အရှေ့အာရှကို ပေါ်တူဂီကုန်သည်တို့ သယ်ယူရောင်းချရာမှ သိရှိလာခဲ့ခြင်းဖြစ်သည်။[၁၁][၁၂][၁၃] ငရုတ်သီးမှုန့်အား ရည်ညွှန်းသည့်စာကို ပထမဆုံးတွေ့ရသည်မှာ ၁၆၁၄ ခုနှစ်တွင် ရေးသားခဲ့သော ဂျီဘုန်းယုဆေး(Jibong yuseol ) ဟုခေါ်သော စွယ်စုံကျမ်းတွင် ဖြစ်သည်။[][၁၄] ၁၇‒၁၈ ရာစုတွင် ရေးသားခဲ့သည့် ဆာလင်းဂျုံဆေ (Sallim gyeongje) စာအုပ်တွင် ကင်ချီကို ငရုတ်သီးမှုန့်ဖြစ် ပြုလုပ်နည်းကို ရေးသားဖော်ပြခဲ့သည်။[] သို့ပေမယ် ၁၉ ရာစုမတိုင်မီအထိတော့ ကင်ချီထဲတွင် ငရုတ်သီးမှုန့်ထည့်ခြင်းမှာ သိပ်ပြီးတွင်ကျယ်လှခြင်း မရှိသေး။[၁၅] ၁၉ ရာစုအစောပိုင်း ဟင်းလျာပုံစံများမှသာ ယနေ့ခေတ် ကင်ချီနှင့် အတော်လေးကို ဆင်တူသည့် ဟင်းလျာပုံစံတို့ကို တွေ့ရှိလာသည်။[၁၆][၁၇]

၁၇၆၆ ခုနှစ်တွင် ထုတ်ဝေးခဲ့သော ဂျန်ဘိုဆာလင်းဂျုံဆေ (Jeungbo sallim gyeongje) တွင် ကင်ချီပုံစံအမျိုးမျိုးကို များလှစွာသော အမယ်တို့ဖြင့် မတူကွဲပြားစွာ လုပ်ဆောင်ကြသည်ကို ရေးသားထားသည်။[][၁၈] မုန်ညင်းထုပ်ကို ၁၉ ရာစုနှောင်းပိုင်းတွင် ကိုရီးယားတွင် တွေ့ရှိခဲ့ပြီး[၁၅] ယနေ့ခေတ်တွင် မုန်ညင်းထုပ်တစ်ခုလုံးနှင့် ပြုလုပ်ထားသော ကင်ချီသည် ထိုကာလတွင် ထုတ်ဝေခဲ့သည့် ချက်ပြုတ်နည်းစာအုပ်ဖြစ်သော ဆီရီးချန်ဆောင် (Siuijeonseo) တွင် ဖော်ပြထားသည်နှင့် ဆင်တူသည်။[၁၉]

ကင်ချီသည် တောင်နှင့် မြောက်ကိုရီးယားနှစ်နိုင်ငံလုံး၏ ရိုးရာဟင်းလျာဖြစ်သည်။ ဗီယက်နမ်စစ်ပွဲတွင် ကိုရီးယားတို့ ပါဝင်တိုက်ခိုက်ခဲ့ရစဉ်က ကိုရီးယားအစိုးရက စစ်မြေပြင်တွင် ကိုရီးယားစစ်သားတို့ “စိတ်ပျက်အားလျော့ခြင်း” မရှိစေရန် ရိက္ခာတွင် ကင်ချီ မပါဝင်မဖြစ်ပါဝင်ရန် အမေရိကန်အား ကူညီပေးရန် တောင်းဆိုခဲ့သည်။[၂၀] တောင်ကိုရီးယားသမ္မတ ပတ်ချုန်ဟီးက အမေရိကန်သမ္မတ လန်ဒန် ဘန်းနက်စ် ဂျွန်ဆင်အား ကင်ချီအား “ကိုရီးယားစစ်သားတို့ စိတ်ဓာတ်ခွန်အားအတွင် မရှိမဖြစ် အရေးပါသောအရာ”ဟု ဆိုခဲ့သည်။ ထို့အပြင် ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံရန်ကာ ဘတ်တီးရီးယားများကို သတ်ပြီး အရသာမပျက်စေပဲ မနှစ်သက်ဖွယ် အနံ့အသက်တို့ကို လျော့ချပြုပြင်ပြီး တောင်ကိုရီးယားအာကာသယာဉ်မှူး ရီဆိုယွန်းနှင့်အတူ နှင့် အာကာသထဲသို့ ထည့်ပေးခဲ့သေးသည်။[၂၀] ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် Google Doodle မှ "Celebrate Kimchi" ကို ပြုလုပ်ပေးခဲ့သည်။[၂၁]

ကိုးကား

[ပြင်ဆင်ရန်]
  1. Kimchi (1 October 2008)။ ၇ နိုဝင်ဘာ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  2. 1 2 Chin၊ Mei။ "The Art of Kimchi"၊ Saveur၊ 14 October 2009။
  3. McAninch၊ David။ "A World of Kimchi"၊ Saveur၊ 14 October 2009။
  4. Pettid၊ Michael J. (2008)။ Korean Cuisine: An Illustrated History။ London: Reaktion Books။ pp. 47–51။ ISBN 978-1-86189-348-2
  5. Bayor၊ Ronald H., ed. (2011)။ Multicultural America: An Encyclopedia of the Newest Americans။ Santa Barbara, CA: ABC-CLIO။ p. 1349။ ISBN 9780313357862
  6. 1 2 3 4 5 Hui၊ Y. H.; Ghazala၊ Sue; Graham၊ Dee M.; Murrell၊ K. D.; Nip၊ Wai-Kit, eds. (2004)။ Handbook of Vegetable Preservation and Processing။ New York: Marcel Dekker။ pp. 190–191။ ISBN 978-0824743017
  7. Chén၊ Shòu၊ "Wūwán Xiānbēi Dōngyí chuán 烏丸鮮卑東夷傳"၊ Sānguózhì 三國志 [Records of the Three Kingdoms] (တရုတ်ဘာသာစကားဖြင့်)၊ Jin China via Wikisource
  8. Busik၊ Gim (1145)၊ Samguk Sagi 삼국사기(三國史記) [History of the Three Kingdoms] (ကိုရီးယားဘာသာစကားဖြင့်)၊ Goryeo Korea via Wikisource
  9. 1 2 Logarta, Margie T. (September 2013). "In A Pickle". Business Traveller (Asia-Pacific Edition): 70–73.
  10. Kimchi. (2016). Funk & Wagnalls New World Encyclopedia, 1p. 1.
  11. 1 2 Guide to Korean Culture: Korea's cultural heritage (2015 ed.)။ Seoul: Korean Culture and Information Service, Ministry of Culture, Sports and Tourism။ 2015 [1995]။ pp. 131–133။ ISBN 9788973755714
  12. Park၊ Jae Bok။ "Red Pepper and Kichi in Korea" (PDF)၊ Chile Pepper Institute Newsletter၊ Spring 1999၊ pp. 3 6 November 2018 တွင် ပြန်စစ်ပြီး Archived from the original on 7 October 2018။
  13. Marianski၊ Stanley; Marianski၊ Adam (2012)။ Sauerkraut, Kimchi, Pickles & Relishes။ Seminole, FL: Bookmagic။ p. 45။ ISBN 9780983697329
  14. Yi၊ Sugwang၊ Jibong yuseol 지봉유설(芝峯類說) [Topical Discourses of Jibong] (ကိုရီးယားဘာသာစကားဖြင့်)၊ Joseon Korea via Wikisource
  15. 1 2 Cho, Hong Sik (2006). "Food and Nationalism: Kimchi and Korean National Identity". The Korean Journal of International Studies 4 (1): 207–229. doi:10.14731/kjis.2006.12.46.5.207.
  16. Jeong၊ Hakyu။ "Siwol" 시월(十月) [Tenth month]Nongga wollyeongga 농가월령가(農家月令歌) [The Songs of Monthly Events of Farm Families]
  17. Hong၊ Seokmo။ Dongguk sesigi 동국세시기(東國歲時記) [A Record of the Seasonal Customs of the Eastern Kingdom]။ Joseon Korea။
  18. Yu၊ Jungrim; Hong၊ Manseon (1766)။ Jeungbo sallim gyeongje 증보산림경제(增補山林經濟) [Revised and Augmented Farm Management]။ Joseon Korea။ Invalid |script-title=: missing prefix (အကူအညီ)
  19. Unknown (1919) [late 19th century]။ Siuijeonseo (ကိုရီးယားဘာသာစကားဖြင့်)။ Manuscript by Sim Hwanjin။ Sangju, Korea။ 12 March 2017 တွင် မူရင်း |archive-url= က |url= ကို လိုအပ်သည် (အကူအညီ) အား မော်ကွန်းတင်ပြီး။ lay summary Korean Food Foundation |access-date= က |url= ကို လိုအပ်သည် (အကူအညီ)
  20. 1 2 Sang-hun၊ Choe။ "Starship Kimchi: A Bold Taste Goes Where It Has Never Gone Before"၊ The New York Times၊ 24 February 2008။
  21. https://g.co/doodle/te6873