ကင့်ပတိုဆောရတ်
ပုံပန်းသွင်ပြင်
| ကင့်ပတိုဆောရတ် | |
|---|---|
| Reconstructed skeleton in Japan | |
| မျိုးရိုးခွဲခြားခြင်း | |
| လောက: | Animalia |
| မျိုးပေါင်းစု: | Chordata |
| Clade: | Dinosauria |
| မျိုးစဉ်: | †Ornithischia |
| Clade: | †Ornithopoda |
| Clade: | †Dryomorpha |
| Clade: | †Ankylopollexia Marsh, 1885 |
| Superfamily: | †Camptosauroidea Marsh, 1885 |
| မျိုးရင်း: | †Camptosauridae Marsh, 1885 |
| မျိုးစု: | †Camptosaurus Marsh, 1885 |
| အမျိုးအစား မျိုးစိတ် | |
| Camptosaurus dispar Marsh, 1879 | |
| အခြားမျိုးစိတ်များ | |
| |
| Synonyms | |
| |
ကင့်ပတိုဆောရတ် (အင်္ဂလိပ်: Camptosaurus)သည် အော်နီသိုပေါ့ (Ornithopod) အုပ်စုဝင် ဒိုင်နိုဆော တစ်မျိုးဖြစ်ပြီး ဂျူးရာဆစ်ယုဂ် (Jurassic Period) နောက်ပိုင်းနှင့် ခရီးတေးရှတ်ယုဂ် (Cretaceous Period) အစပိုင်းလောက်တွင် ကျက်စားခဲ့သည်။ ခန္ဓာကိုယ်သည် ၃ မီတာမှ ၆ မီတာအထိရှည်၏။ နောက်ခြေထောက်နှစ်ချောင်းကိုအားပြု၍ လှုပ်ရှားသွားလာသည်။ ရှေ့ခြေထောက်များသည် မြေတွင်ထောက်၍ အစာကိုငုံ့စားနိုင်အောင်ရှည်သည်။ ၎င်းသည် အသီးအရွက်စား သတ္တဝါဖြစ်ပြီး ရှေ့သွားများမပါဘဲ နောက်အံသွားများသာ ပါသည်။ ရှေ့သွားမရှိသော်လည်း မာသောမေးရိုးကြောင့် အစာကိုကြိတ်ဝါးနိုင်သည်။ ၎င်းတို့ကို ဘဲတူဖျံတူတို့၏ မူလအဆက်အနွယ်ဟူ၍ ထင်မှတ်ရသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ကလေးသူငယ်များအတွက်သုတရတနာသိုက်။ ကမ္ဘာဦးသက်ရှိများ။ ၁၉၈၄။
| ဤ ဒိုင်နိုဆောနှင့်သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |