ကချင်ကျမ်းစာကောလိပ်

ဝီကီပီးဒီးယား မှ

ကချင်ကျမ်းစာကောလိပ် (အင်္ဂလိပ်: Kachin Theological College and Seminary (အတိုကောက် KTCS)) သည် အရှေ့တောင်အာရှ ဓမ္မပညာဆိုင်ရာအသင်း (ATESEA) ၏ အဖွဲ့ဝင်ဖြစ်သည်။ မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်မြစ်ကြီးနားမြို့နောင်နန်းရွာတွင် တည်ရှိသည်။ ကချင်နှစ်ခြင်းခရစ်ယာန်ကွန်ဗင်းရှင်း (KBC) လက်အောက်ရှိ ဧဝံဂေလိ ကျောင်းဖြစ်သည်။

သမိုင်း[ပြင်ဆင်ရန်]

ကချင်ကျမ်းစာကောလိပ်ကို ကချင်ပြည်နယ် ဗန်းမော်မြို့တွင် သာသနာပြုများက ၁၉၃၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။[၁] ၁၉၃၅ ခုနှစ်တွင် သမ္မာကျမ်းစာကျောင်းကို ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့သို့ ပြောင်းရွှေ့ခဲ့ပြီး သင်တန်းကို ၂ နှစ် တိုးမြှင့်ခဲ့သည်။ ၁၉၆၆ ခုနှစ်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နောင်နန်းရွာ၌ ကျမ်းစာကျောင်းကို ပြန်လည်ပြောင်းရွှေ့ခဲ့သည်။ ၇၅ နှစ်မြောက် စိန်ရတု အခမ်းအနားကို ၂၀၀၈ ခုနှစ် မတ်လ ၂၄ ရက်နေ့မှ ၃၀ ရက်နေ့အထိ ၅၈ ကြိမ်မြောက် တက္ကသိုလ် ဘွဲ့နှင်းသဘင်နှင့်အတူ ကျင်းပခဲ့သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. Internet Article on KTC History။ 2003-11-04 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2007-03-14 တွင် ပြန်စစ်ပြီး။
  2. Diamond Jubilee Celebration of Kachin Theological College (Invitation Pamphlet)

ပြင်ပလင့်များ[ပြင်ဆင်ရန်]