၂၀၁၂ ရုပ်ရှင် (၂၀၀၉)
| 2012 | |
ရုပ်ရှင်ပိုစတာ |
|
| ဒါရိုက်တာ | ရိုလန် အမ်မရစ်ချ် (Roland Emmerich) |
|---|---|
| ထုတ်လုပ်သူ | Roland Emmerich Mark Gordon Harald Kloser Larry J. Franco Ute Emmerich |
| ဇာတ်ညွှန်း | Harald Kloser Roland Emmerich |
| သရုပ်ဆောင် | ဂျွန် ကူးဆက်ခ် (John Cusack) Chiwetel Ejiofor Amanda Peet Thandie Newton Oliver Platt Zlatko Burić Beatrice Rosen Chin Han Jimi Mistry Johann Urb Morgan Lily Liam James John Billingsley Thomas McCarthy Blu Mankuma George Segal Osric Chau Stephen McHattie Danny Glover Woody Harrelson |
| ဂီတမှူး | Harald Kloser Thomas Wander |
| ဓာတ်ပုံ | Dean Semler |
| တည်းဖြတ် | David Brenner Peter S. Elliott |
| စတူဒီယို | Centropolis Entertainment |
| ထုတ်ဝေသူ | Columbia Pictures |
| ဖြန့်ချိသည့်နေ့ | ၁၁ နိုဝင်ဘာ ၂၀၀၉ |
| ကြာမြင့်ချိန် | ၁၅၈ မိနစ် |
| နိုင်ငံ | အမေရိကန် ပြည်ထောင်စု ကနေဒါ |
| ဘာသာစကား | အင်္ဂလိပ် |
| ကုန်ကျငွေ | $200 million[၁] |
| ရောင်းရငွေ | $767,088,533[၂] |
၂၀၁၂ ရုပ်ရှင်ဇာတ်ကားသည် ဒါရိုက်တာ ရိုလန် အမ်မရစ်ချ် (Roland Emmerich) ၏လက်ရာ ဖြစ်ပြီး ၂၀၀၉ ခုနှစ်တွင် ရုံတင်ပြသသည့် သဘာဝ ဘေးအန္တရာယ် အကြောင်း ဇာတ်အိမ်တည်ကာ ရိုက်ကူးထားသည့် ရုပ်ရှင်ဖြစ်သည်။ ပါဝင်ရိုက်ကူးကြသည့် သရုပ်ဆောင်များမှာ ဂျွန် ကူးဆက်ခ် (John Cusack)၊ Chiwetel Ejiofor ၊ အမန်ဒါ ပိ (Amanda Peet) ၊ အိုလီဗာ ပလက် (Oliver Platt) ၊ ဒန်နီ ဂလိုဗာ (Danny Glover)၊ သန်ဒီ နယူတွန် (Thandie Newton) နှင့် ဝူဒီ ဟာရယ်စင် (Woody Harrelson) တို့ ဖြစ်ကြသည်။ ၂၀၁၂ ရုပ်ရှင်ဇာတ်ကားကို ကိုလံဘီယာ ရုပ်ရှင် ထုတ်လုပ်ရေး (Columbia Pictures) မှ ဖြန့်ချီပြီး ၂၀၀၈ ခုနှစ် ဩဂုတ်လက ကနေဒါနိုင်ငံ ဗင်ကူဗာမြို့တွင် စတင်ရိုက်ကူးခဲ့သည်။
ဇာတ်လမ်းအကျဉ်း [ပြင်ဆင်ရန်]
၂၀၀၉ ခုနှစ်တွင် အမေရိကန် ဘူမိဗေဒပညာရှင် အေဒရီယံ ဟယ်မ်စလေ (Adrian Helmsley) က လုပ်ဖော်ကိုင်ဖက် တစ်ဦးဖြစ်သည့် အိန္ဒိယနိုင်ငံသား ဒေါက်တာဘွဲ့ရ စတ်နမ် စူတွာနီ (Satnam Tsurtuani) ထံမှ အိန္ဒိယရှိ ကြေးနီသတ္တုတွင်းတွင် နေမျက်နှာပြင်တွင် မီးများ ရုတ်တရက် ထတောက်မှုကြောင့် နျူထရီနိုခေါ် အမှုန်လေးများသည် မိုက်ခရိုဝေ့လှိုင်း ဖြာထွက်သကဲ့သို့ ဖြစ်ကာ ကမ္ဘာ့ဗဟိုမှ အပူချိန် ရုတ်ချည်း မြင့်တက်လာစေကြောင်း သိရှိရသည်။
အေဒရီယံက အိမ်ဖြူတော် ညွှန်ကြားရေးမှူး ကာလ် အင်နူးဆာ (Carl Anheuser) နှင့် အမေရိကန် သမ္မတ သောမတ် ဝီလဆင် (Thomas Wilson) အား ကမ္ဘာ့ဗဟို အပူချိန်မြင့်တက်လာခြင်းကြောင့် ကြီးမားသည့် ဘေးအန္တရာယ် ဖြစ်နိုင်ကြောင်း သတိပေးသည်။ ၂၀၁၀ ခုနှစ်၏ ဂျီအိတ် (G8) ထိပ်သီးဆွေးနွေးပွဲတွင် နိုင်ငံတော် အကြီးအကဲများက ဤအခြေအနေကို သတိပြုကာ လူသားများ အဓွန့်ရှည် တည်တံ့နိုင်ရေးအတွက် ကြီးမားသည့် လျှို့ဝှက် အစီအစဉ်တစ်ရပ်ကို စတင်သည်။ ယင်းအစီအစဉ်မှာ လူပေါင်း ၄ သိန်းခန့်ကို ရွေးချယ်ကာ ၎င်းတို့ကို သယ်ဆောင်နိုင်မည့် သင်္ဘောကြီးများကို ဟိမဝန္တာ တောင်တန်းတွင် တည်ဆောက်ရန် ဖြစ်သည်။ သင်္ဘောလက်မှတ် အများစုကိုမူ နိုင်ငံ့ခေါင်းဆောင်ကြီးများ၊ အစိုးရ အရာရှိကြီးများနှင့် ပါရမီပြည့်သူ ကျွမ်းကျင်သူ ပညာရှင်များအတွက် ချန်ထားပြီး ကျန်ရှိသည့် လက်မှတ်များကို ၁ စောင်လျှင် ယူရိုဒေါ်လာ ၁ ဘီလီယံနှင့် ရောင်းချကာ သင်္ဘောဆောက်လုပ်ရေးအတွက် အပိုရန်ပုံငွေ ရှာရန် ဖြစ်သည်။
လော့စ်အိန်ဂျယ်လိစ်မြို့တွင် နေထိုင်သည့် စာရေးဆရာ ဂျက်ဆင် ကားတစ် (Jackson Curtis) သည် ရုရှား ဘီလျံနာ သူဌေးကြီး၏ လင်မိုစင်း ကားမောင်းသမားအဖြစ်လည်း အချိန်ပိုင်းလုပ်ကိုင်သည်။ သူ၏ ဇနီးဟောင်း ကိတ်၊ သား နိုဝါ၊ သမီး လစ်လီတို့သည် ကိတ်၏ ချစ်သူ ပလတ်စတစ်ဆာဂျင် (ခွဲစိတ်ဆရာဝန်) လည်းဖြစ် အပျော်တန်း လေယာဉ်မှူးလည်း ဖြစ်သည့် ဂေါ်ဒန် စီဘာမင်နှင့် နေထိုင်လျက်ရှိသည်။ ၂၀၁၂ ခုနှစ်အတွင်း ရက်တစ်ရက်တွင် ဂျက်ဆင်က သူ၏ ကလေးများနှင့်အတူ ရဲလိုးစတုန်း (Yellowstone) အမျိုးသားဥယျာဉ်သို့ အပျော်တန်း ခရီးထွက်သည်။ သူတို့သည် ယင်းအမျိုးသားဥယျာဉ်မှ အစိုးရဆိုသည်မှာ လျှို့ဝှက်စွာ ကြံစီလုပ်ဆောင်သည့် အဖွဲ့အစည်းဟု ယူဆသူ အပျော်တန်း ရေဒီယို အစီအစဉ်မှူး ချာလီ ဖရော့စ် ဆိုသူနှင့် တွေ့ဆုံကြသည်။ ချာလီသည် သီအိုရီတစ်ရပ်ကို ကိုးကားကာ မာရန်လူမျိုးများက ၂၀၁၂ ခုနှစ်တွင် ကမ္ဘာကြီးပျက်သုဉ်းလိမ့်မည်ဟု အတိတ်နမိတ် ပေးထားကြောင်း ဂျက်ဆင်တို့ သားအဖကို ပြောကြားသည့်အပြင် လျှို့ဝှက်သင်္ဘော ကြီးများအား တည်ဆောက်နေသည့် နေရာကိုလည်း မြေပုံပေါ်တွင် ထောက်ပြသည်။ ဂျက်ဆင်တို့ သားအဖ အိမ်ပြန်ရောက်သည့်အခါ မြေအက်ကြောင်းများ ပေါ်လာပြီး ငလျင်များ လှုပ်သည်နှင့် ကြုံကြသည်။ ထိုအခါတွင် ဂျက်ဆင်က သူ့မိသားစုကို ကယ်တင်နိုင်ရန် လေယာဉ်ငှားကာ ရဲလိုးစတုန်း အမျိုးသားဥယျာဉ်သို့ သွားကာ မြေပုံကို သွားယူကြသည်။
မြေပုံအရ သင်္ဘောကြီးများအား လျှို့ဝှက်စွာ တည်ဆောက်သည့် နေရာမှာ တရုတ်ပြည်ဖြစ်ကြောင်း သိရှိပြီးနောက် လေယာဉ်ကြီးနှင့် ခရီးဆက်ရန် လတ်စ်ဗေးဂတ်စ်သို့ ရောက်လေသည်။ လတ်စ်ဗေးဂတ်စ်တွင် ဂျက်ဆင်တို့သည် တရုတ်သို့ သွားမည့် သူကားမောင်းပေးသူ ရုရှသူဌေးကြီး မိသားစုနှင့် တွေ့လေသည်။ ရုရှသူဌေးကြီး မိသားစုနှင့် ဂျက်ဆင်တို့ မိသားစုမှာ လေယာဉ်ဖြင့် လတ်စ်ဗေးဂတ်စ် ပျက်သုဉ်းလုနီး အချိန်တွင် သီသီလေး လွတ်ကာ ထွက်ခွာနိုင်ခဲ့သည်။
အလားတူပဲ တရုတ်သို့ ဦးတည်နေသည့် အဲဖို့စ်ဝမ်း အမေရိကန် သမ္မတစီးတော်လေယာဉ်ပေါ်တွင် အင်နူးဆာ၊ အေဒရီယံနှင့် သမ္မတ၏သမီး လော်ရာ ဝီလဆင်တို့ လိုက်ပါသွားသည်။ သမ္မတ သောမတ် ဝီလဆင်မှာမူ ဝါရှင်တန်တွင် နေရစ်ခဲ့ရာ များမကြာမီတွင် ဧရာမ ဆူနာမီကြီးထဲတွင် နစ်မျောကာ ကွယ်လွန်သွားသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတ၏ အုပ်ချုပ်ရေးအာဏာကို ဆက်ခံနိုင်သည့် ဒုတိယသမ္မတလည်း ကွယ်လွန်၊ ကွန်ကရက် ဥက္ကဌလည်း ပျောက်ဆုံး နေသည်မို့ အင်နူးဆာက ယာယီသမ္မတအဖြစ် ဆက်ခံလိုက်သည်။
ဂျက်ဆင်တို့လေယာဉ် တရုတ်ပြည် ပိုင်နက်အတွင်း ရောက်ရှိပြီးနောက် အဆင်းတွင် ပျက်ကျကာ တရုတ်လွတ်မြောက်ရေးတပ် လက်တွင်းသို့ ကျရောက်လေသည်။ တရုတ်စစ်သားများက လက်မှတ်ပိုင်ဆိုင်သည့် ရုရှသူဌေးနှင့် သား ၂ ဦးကို သင်္ဘောကြီးရှိရာသို့ ခေါ်ဆောင်သွားသည်။ လက်မှတ်မရှိသည့် ဂျက်ဆင်တို့မှာ သင်္ဘောဆီသို့ ဦးတည်နေသည့် တိဗက်လာမား ဘုန်ကြီးမိသားစုနှင့် တွေ့သည်။ ဘုန်းကြီးက ဂျက်ဆင်တို့ကို ဂရုဏာသက်ကာ ၎င်းတို့နှင့်အတူ သင်္ဘောဆီသို့ ခေါ်ဆောင်သွားသည်။ ဘုန်းကြီး၏ အစ်ကိုမှာ သင်္ဘောဆောက်လုပ်ရေးတွင် ပါဝင်လုပ်ကိုင်သည့် အလုပ်သမားဖြစ်သည့်အတွက် လက်မှတ်မပါပဲ သင်္ဘောပေါ်သို့ တက်နိုင်မည့် နည်းလမ်းကို သိရှိသည်။ အခက်အခဲ အမျိုးမျိုးကို ကျော်ဖြတ်ပြီးနောက် နောက်ဆုံးအချိန်တွင်ပဲ ဂျက်ဆင်တို့သည် သင်္ဘောပေါ်တွင် လိုက်ပါသွားနိုင်လိုက်သည်။
ကိုးကား [ပြင်ဆင်ရန်]
- ↑ Cite error: Invalid
<ref>tag; no text was provided for refs namedofficialbudget - ↑ Template:Citeweb