၂၀၁၁ ဆန်ဒိုင် ငလျင်နှင့် ဆူနာမီ
| ဆန်ဒိုင် မြောက်ဘက်ဒေသ ဆူနာမီကြောင့် ပျက်စီးသွားပုံ။ | |
| နေ့ရက် | 14:46:23, 11 March 2011 (+09:00) |
|---|---|
| ကြာမြင့်ချိန် | ၅ မိနစ်[၁] |
| အတိုင်းအတာ | ၉.၀ Mw[၂] |
| အနက် | ၂၄.၄ ကီလိုမီတာ (၁၅.၂ မိုင်) |
| ငလျင်ဗဟို | 38.321°N 142.369°E |
| အမျိုးအစား | Megathrust earthquake |
| ထိခိုက်သည့် နိုင်ငံ၊ ဒေသ | ဂျပန် (primary) ပစိဖိတ်တဝန်း (ဆူနာမီ) |
| ပျက်စီးဆုံးရှုံးမှု | ရေလွှမ်းခြင်း၊ မြေပြိုခြင်း၊ မီးလောင်းခြင်း၊ အဆောက်အအုံများ ပျက်စီးခြင်း၊ နျူကလီယာ ဓာတ်ပေါင်းပို မတော်တဆမှု |
| Peak ground acceleration | 0.35g |
| ဆူနာမီ | ရှိ |
| မြေပြိုခြင်း | ရှိ |
| နောက်ဆက်တွဲငလျင် | ၃၁၅ ကြိမ် (၃၀ မှာ ၆.၀ MW အထက်) |
| အသေအပျောက် (ကနဦး) | သေဆုံး ၃၃၇၃၊ ပျောက်ဆုံး ၇၅၅၈ (မတ်လ ၁၅ ရက် ထုတ်ပြန်သော စာရင်း) |
၂၀၁၁ ဆန်ဒိုင် ငလျင်နှင့် ဆူနာမီ (東北地方太平洋沖地震 Tōhoku Chihō Taiheiyō-oki Jishin[၃], "တိုဟိုကုဒေသ (အရှေ့မြောက်ဒေသ) ပစိဖိတ်ကမ်းလွန်ငလျင်") သည် ၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်နေ့ ဂျပန်စံတော်ချိန် ၁၄ နာရီ ၄၆ မိနစ် (05:46 UTC) တွင် ဂျပန်ကမ်းလွန် ပင်လယ်ပြင်၌ ဖြစ်ပွားခဲ့သည့် ငလျင်ကြီးဖြစ်ပြီး[၄][၅] ဂျပန် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ တိုင်းတာချက်အရ ၉.၀ MW[၆] စကေးရှိ အင်အားကြီး ငလျင်ကြီးဖြစ်သည်။ ငလျင်ဗဟိုမှာ တိုဟိုကုဒေသ အိုရှိကကျွန်းဆွယ် အရှေ့ဖက်ကမ်းနှင့် ၁၃၀ ကီလိုမီတာ (၈၁ မိုင်) အကွာတွင် တည်ရှိပြီး အနက်မှာ ၂၄.၄ ကီလိုမီတာ (၁၅.၂ မိုင်) ရှိသည်။[၇][၈]
ငလျင်ဖြစ်ပွားပြီးနောက် ဆူနာမီ သတိပေးချက်များ ထုတ်ပြန်ခဲ့ကာ ဂျပန်အပါအဝင် မြောက်အမေရိကနှင့် တောင်အမေရိကရှိ နိုင်ငံပေါင်း ၂၀ ၏ ကမ်းရိုးတန်းဒေသ၌ နေထိုင်သူများကို ပြောင်းရွှေ့ခဲ့သည်။[၉][၁၀][၁၁] ဂျပန်ကမ်းရိုးတန်းကို ရိုက်ခတ်သည့် ဆူနာမီလှိုင်းကြီးများမှာ ၁၀ မီတာ (၃၃ ပေ) ကျော် မြင့်မားသည်။ အခြားနိုင်ငံများတွင်လည်း လှိုင်းကြီးလှိုင်းငယ်များကို ဖြစ်ပွားစေခဲ့သည်။[၅] ယင်းလှိုင်းများသည် ဂျပန်၏ ကမ္ဘာအခြားတစ်ဘက်ခြမ်းရှိ ချီလီနိုင်ငံအထိပင် ရောက်ရှိခဲ့သည်။ ဂျပန်နိုင်ငံတွင် ဆူနာမီလှိုင်းကြီးများသည် ကုန်းမြေအတွင်းပိုင်း ၁၀ ကီလိုမီတာ (၆ မိုင်) အထိ ဝင်ရောက်တိုက်စားခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။[၁၂]
ငလျင်နှင့် ဆူနာမီဒဏ်ကြောင့် လူပေါင်း ၃၃၇၃ ဦးသေဆုံး၊ ၇၅၅၈ ဦးပျောက်ဆုံးလျက်ရှိကြောင်း ဂျပန်ရဲဌာနချုပ်မှ အတည်ပြု ထုတ်ပြန်ထားသည်။ သို့သော်လည်း လက်တွေ့ အသေအပျောက်ဦးရေမှာ အခုထက်များပြားနိုင်ကြောင်း ခန့်မှန်းရသည်။[၁၃] ငလျင်ကြီးကြောင့် ဂျပန်နိုင်ငံတွင် အတိုင်းအတာကြီးကြီးမားမား ပျက်စီးဆုံးရှုံးခဲ့သည်။ လူနေအိမ်ခြေများ၊ ကားလမ်းများ၊ မီးရထားလမ်းများနှင့် ရေကာတာတစ်ခု ပျက်စီးခဲ့သည်။ ဂျပန်အရှေ့မြောက်ဒေသတွင် အိမ်ခြေပေါင်း ၄.၄ သန်းကျော် လျှပ်စစ်မီး မရှိဖြစ်ခဲ့သည့်အပြင် ၁.၄ သန်းခန့်မှာ ရေမရရှိဘဲဖြစ်နေသည်။[၁၄] လျှပ်စစ်ဓာတ်အားပေးစက် အတော်များများ လည်ပတ်မှု ရပ်ဆိုင်းခဲ့ပြီး အနည်းဆုံး နျူကလီယာ ဓာတ်ပေါင်းဖို ၃ ခု၌ မတော်တဆမှုများ ဖြစ်ပွားခဲ့ရာ ဥပဒ်ဖြစ်စေနိုင်သည့် ရေဒီယိုသတ္တိကြွပစ္စည်းများ ယိုစိမ့်လာကြောင်း တိုင်းတာတွေ့ရှိရသည်။[၁၅][၁၆] ထို့ကြောင့် အရေးပေါ် အခြေအနေ ကြေညာထားပြီး ဖူကုရှိမ အမှတ် ၁ ဓာတ်အားပေးစက်ရုံမှ မီတာ ၂၀ ပတ်လည်နှင့် အမှတ် ၂ ဓာတ်အားပေးစက်ရုံမှ ၁၀ မီတာ ပတ်လည်အတွင်း နေထိုင်ကြသူများအား ပြောင်းရွှေ့ခဲ့သည်။
ဆန်ဒိုင်ငလျင်သည် အတိုင်းအတာအားဖြင့် ၁၉၀၀ ပြည့်နှစ် ငလျင်တိုင်းတာရေး မှတ်တမ်းများ စတင်ခဲ့ပြီးနောက် ဂျပန်နိုင်ငံသမိုင်းတွင် အင်အားအကြီးမားဆုံး ငလျင်ကြီးဖြစ်ပြီး ကမ္ဘာပေါ်တွင် ပဉ္စမမြောက် အင်အားအကြီးမားဆုံး ငလျင်ဖြစ်သည်ဟု သိရသည်။[၁၇][၁၈][၁၉] ဂျပန်ဝန်ကြီးချုပ် နာအိုတို ကန် (菅直人; Naoto Kan) က "ဒုတိယ ကမ္ဘာစစ်ပြီးနောက် ၆၅ နှစ်အတွင်း ဂျပန်နိုင်ငံအဖို့ အကြီးမား၊ အခဲယဉ်းဆုံး ဘေးအန္တရာယ်ဖြစ်သည်။"ဟု မတ်လ ၁၃ ရက်နေ့က ထုတ်ပြန် ပြောဆိုခဲ့သည်။[၂၀]
ကိုးကား [ပြင်ဆင်ရန်]
- ↑ NBC Nightly News (11 Mar. 2011)
- ↑ USGS analysis as of 2011-03-12. Earthquake.usgs.gov. Retrieved on 2011-03-13။
- ↑ 気象庁 Japan Meteorological Agency. 平成23年3月11日14時46分頃の三陸沖の地震について(第2報) 気象庁 | 平成23年報道発表資料 (in Japanese). JMA. Retrieved on 11 March 2011။
- ↑ Reilly, Michael (11 March 2011 17:22 GMT). "Japan's quake updated to magnitude 9.0". New Scientist. Retrieved on 11 March 2011.
- ↑ ၅.၀ ၅.၁ Tsunami warning center raises magnitude of Japan quake to 9.1. Honolulu Star-Advertiser. Retrieved on 11 March 2011။
- ↑ www.cbsnews.com
- ↑ "Séisme et tsunami dévastateurs: plus de 1000 morts et disparus au Japon" (in French), 11 March 2011. Retrieved on 12 March 2011.
- ↑ "Tsunami hits north-eastern Japan after massive quake", BBC News, 11 March 2011. Retrieved on 11 March 2011.
- ↑ Tsunami bulletin number 3. Pacific Tsunami Warning Center/NOAA/NWS (11 March 2011). Retrieved on 11 March 2011။
- ↑ Wire Staff (11 March 2011). Tsunami warnings issued for at least 20 countries after quake. CNN. Retrieved on 11 March 2011။
- ↑ PTWC warnings complete list. Retrieved on 11 March 2011။
- ↑ Roland Buerk. Japan earthquake: Tsunami hits north-east. News. BBC. Retrieved on 12 March 2011။
- ↑ Hiyama, Hiroshi. Blast at Japan nuke plant; quake leaves 10,000 missing. AFP. Retrieved on 12 March 2011။
- ↑ World English. NHK (12 March 2011). Retrieved on 12 March 2011။
- ↑ 2011/03/13 01:04 - Meltdown Caused Nuke Plant Explosion: Safety Body. E.nikkei.com. Retrieved on 2011-03-13။
- ↑ Report: 2nd Japan nuclear meltdown likely under way - World news - Asia-Pacific - msnbc.com. MSNBC. Retrieved on 2011-03-13။
- ↑ Magnitude 8.9 – NEAR THE EAST COAST OF HONSHU, JAPAN 2011 March 11 05:46:23 UTC. United States Geological Survey (USGS). Retrieved on 11 March 2011။
- ↑ 8.9 Earthquake in Japan, Tsunami Warning to Russia, Taiwan and South East Asia (11 March 2011). Retrieved on 11 March 2011။
- ↑ Japan quake – 7th largest in recorded history (11 March 2011). Retrieved on 11 March 2011။
- ↑ Japanese PM: 'Toughest' crisis since World War II publisher=CNN. World. Retrieved on 13 March 2011။