ဥသုလောမသုတ်

ဝီကီပီးဒီးယား မှ

[၁] ဘုရားရှင် မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် အရှင်လက္ခဏထေရ်၏ မေးလျှောက်ချက်အရ “ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လာစဉ် မြှားအမွေးပေါက်နေသော ကောင်းကင်၌သွားနေသော ယောက်ျားပြိတ္တာကို တွေ့ မြင်တော်မူကြောင်း” အရှင်မောဂ္ဂလာန်ထေရ်က ဖြေကြားလေသည်။ ဘုရားရှင်က ထိုပြိတ္တာသည် ဤရာဇဂြိုဟ် မြို့တော်၌ လက်မရွံ့ အာဏာသားဖြစ်ခဲ့ဖူးကြောင်း ဟောတော်မူသည့်သုတ်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၁၊၄၄၈။ သံ၊မြန်၊၁၊၄၃၈။ သံ၊ဋ္ဌ၊၂၊၂၀၂။ သံ၊ဋီ၊၂၊၁၈၄။ -သံယုတ္တနိကာယ၊ နိဒါနဝဂ္ဂသံယုတ္တ၊ ၈-လက္ခဏသံယုတ္တ၊ သတ္တမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ