ဥမာပုပ္ဖိယ၊ ဆတ္တဝဂ်

ဝီကီပီးဒီးယား မှ

အရှင်ဥမာပုပ္ဖိယထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း[ပြင်ဆင်ရန်]

သိဒ္ဓတ္ထမြတ်စွာဘုရားလက်ထက်[ပြင်ဆင်ရန်]

သိဒ္ဓတ္ထမြတ်စွာဘုရား ပရိနိဗ္ဗာန်စံလွန်ပြီးသောအခါတွင် ဖြစ်၏။ ထိုအချိန်တွင် ပုထိုးပူဇော်ပွဲအား ကြီးကျယ်စွယ် ကျင်းပလျက် ရှိ၏။ ထိုအခါ အရှင်ဥမာပုပ္ဖိယထေရ် သည် အောင်မဲညိုပန်းကို ယူ၍ ပုထိုးတော်တွင် တင်လှူကာ ပူဇော်ခဲ့၏။[၁]

အကျိုးခံစားရခြင်း[ပြင်ဆင်ရန်]

ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်တွင် အောင်မဲညိုပန်း လှူခဲ့သည့် အချိန်မှစကာ အပါယ်လေးဘုံ သို့ မကျရောက်ခဲ့ရပေ။ ဤဘဒ္ဒကမ္ဘာမှ ကိုးခုမြောက် ကမ္ဘာထက်တွင် “သောမဒေဝ” အမည်ဖြင့် စကြဝတေးမင်း ရှစ်ဆယ့်ငါးကြိမ် ဖြစ်ခဲ့၏။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက်[ပြင်ဆင်ရန်]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ဥမာပုပ္ဖိယထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ ဆတ္တဝဂ်၊ ဥမာပုပ္ဖိယတ္ထေရအပဒါန်