အောင်သော်

ဝီကီပီးဒီးယား မှ
အောင်သော်
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃ ဩဂုတ် ၂၀၂၃
သမ္မတဦးမြင့်ဆွေ (ယာယီ)
ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခင်လူဦးစစ်အေး
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီး
တာဝန်သက်တမ်း
၁ ဖေဖော်ဝါရီ ၂၀၂၃ – ၃ ဩဂုတ် ၂၀၂၃
ယခင်လူဒေါက်တာဌေးအောင်
ဆက်ခံသူဒေါက်တာသက်သက်ခိုင်
ပြည်သူ့လွှတ်တော် ရွေးကောက်ခံ ကိုယ်စားလှယ်
ကိုကိုးကျွန်းမြို့နယ်
တာဝန်သက်တမ်း
၂၀၂၀ – ၂၀၂၀
ယခင်လူသူရသက်ဆွေ
ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး
တာဝန်သက်တမ်း
၂၀၁၁ – ၂၀၁၄
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1953-10-29) အောက်တိုဘာ ၂၉၊ ၁၉၅၃ (အသက် ၇၀)
နိုင်ငံရေးပါတီပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
မိခင်ကျောင်းစစ်တက္ကသိုလ် ၊အပါတ်စဉ်(၁၆)
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာနိုင်ငံ
တပ်/တပ်ဖွဲ့ခွဲတပ်မတော်
ရာထူးဗိုလ်မှူးချုပ်

ဦးအောင်သော် (၂၃ အောက်တိုဘာ ၁၉၅၃ ဖွား) သည် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ လက်ရှိ ဥက္ကဋ္ဌ ဖြစ်သည်။ [၁] ၎င်းသည် အငြိမ်းစားဗိုလ်မှူးချုပ်တစ်ဦးဖြစ်ပြီး ရုရှားနိုင်ငံဆိုင်ရာမြန်မာစစ်သံမှူး၊ ကာကွယ်ရေးဒုဝန်ကြီး တာဝန်များအပြင် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ၊ဟိုတယ်ခရီးဝန်ကြီး စသည့် တာဝန်များယူခဲ့ဖူးသူဖြစ်သည်။

အစောပိုင်းဘဝ[ပြင်ဆင်ရန်]

သူသည် စစ်တက္ကသိုလ် အပါတ်စဉ်(၁၆)ဆင်း ဖြစ်သည်။

အလုပ်အကိုင်[ပြင်ဆင်ရန်]

တပ်မတော်တွင် ဒုဗိုလ်အဆင့်မှ ဗိုလ်မှူးချုပ်အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ရုရှားနိုင်ငံဆိုင်ရာမြန်မာစစ်သံမှူး အဖြစ်လည်း တာဝန်ပေးခံရသည်။ [၂] သမ္မတဦးသိန်းစိန် လက်ထက် ၂၀၁၁ တွင် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ရပြီး ထိုတာဝန်ကို ၂၀၁၄ ခုနှစ်အထိ ထမ်းဆောင်ခဲ့သည်။ [၃]

နိုင်ငံရေး[ပြင်ဆင်ရန်]

သူသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဝင်ဖြစ်သည်။ အထွေထွေရွေးကောက်ပွဲ ၂၀၂၀ တွင် ကိုကိုးကျွန်းမဲဆန္ဒနယ် မှနေ၍ ရွေးကောက်ပွဲဝင်သည်။ [၄] ၎င်းသည် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့တွင် ဥက္ကဋ္ဌ အဖြစ်လည်းကောင်း[၅] ၊ရုရှား-မြန်မာချစ်ကြည်ရေးအသင်း တွင် ဥက္ကဋ္ဌ အဖြစ်လည်းကောင်း တာဝန်ယူခဲ့သေးသည်။[၆]

၂၀၂၁ နောက်ပိုင်းကာလများ[ပြင်ဆင်ရန်]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၃ ဖေဖော်ဝါရီ ၁ ရက်တွင် ၎င်းအား ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ်သည်။[၇] ၆ လအကြာတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ၏ ၁၃ ဦးမြောက် ဥက္ကဋ္ဌ အဖြစ် ပြောင်းလဲခန့်အပ်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေးခြင်းMOI Myanmar (၃ ဩဂုတ် ၂၀၂၃)။ ၁၀ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. ဦးသန်းရွှေ၏ “သမ္မတလေယာဉ်အိပ်မက်” ဘယ်လိုပျက်ဧရာဝတီသတင်း (၁ မတ် ၂၀၂၃)။ ၁၁ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. Special Report: Myanmar military's next campaign: shoring up powerREUTERS (16 NOVEMBER 2012)။ 11 August 2023 တွင် ပြန်စစ်ပြီး။
  4. ကိုကိုးကျွန်းမှာ ပြည်ခိုင်ဖြိုးကိုယ်စားပြု ကာကွယ်ရေး ဒုဝန်ကြီး-ငြိမ်းပြိုင်မယ်BBC Burmese (၇ ဩဂုတ် ၂၀၂၀)။ ၁၁ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းနဲ့ ရဲအောင်တို့ကို စစ်တပ်က အငြိမ်းစားပေးRFA Burmese (၂၆ နိုဝင်ဘာ ၂၀၂၁)။ ၁၁ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  6. နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံTatmadaw Information Team (၂၇ အောက်တိုဘာ ၂၀၂၃)။ ၁၁ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  7. ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ဒုတိယဝန်ကြီးချုပ်လေးဦး ထပ်မံခန့်အပ်ကာ နိုင်ငံခြားရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနလေးခုမှ ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲခန့်အပ်Eleven Media Group (၁ ဖေဖော်ဝါရီ ၂၀၂၃)။ ၁၁ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။