အာရဘတိသုတ်

ဝီကီပီးဒီးယား မှ

[၁] (၁) အာပတ်လည်းသင့်၏၊ စိတ်နှလုံးမသာယာမှုလည်း ဖြစ်၏၊ အရဟတ္တဖိုလ်ကိုလည်း အမှန်အတိုင်း မသိသောပုဂ္ဂိုလ်၊

(၂) အာပတ်ကား သင့်၏။ စိတ်နှလုံးမသာယာမှုကား မဖြစ်၊ အရဟတ္တဖိုလ်ကိုလည်း အမှန်အတိုင်း မသိသောပုဂ္ဂိုလ်၊

(၃) အာပတ်ကား မသင့်၊ စိတ်နှလုံးမသာယာမှုကား ဖြစ်၏။ အရဟတ္တဖိုလ်ကိုလည်း အမှန်အတိုင်း မသိသောပုဂ္ဂိုလ်၊

(၄) အာပတ်လည်း မသင့်၊ စိတ်နှလုံးမသာယာမှုလည်း မဖြစ်၊ အရဟတ္တဖိုလ်ကို အမှန်အတိုင်း မသိသောပုဂ္ဂိုလ်၊

(၅) အာပတ်လည်း မသင့်၊ စိတ်နှလုံးမသာယာမှုလည်း မဖြစ်၊ အရဟတ္တဖိုလ်ကို အမှန်အတိုင်း သိသောပုဂ္ဂိုလ် -အထက်ပုဂ္ဂိုလ်လေးယောက်တို့ကို ပဉ္စမပုဂ္ဂိုလ်က သွန်သင်ဆုံးမ နည်းညွှန်လမ်းပြလျှင် အရဟတ္တဖိုလ်သို့ရောက်နိုင်ပုံ၊ ဆုံးမစကား ပြောကြားပုံကို ဟောတော်မူသည့်သုတ်။

ဋီကာ၌ -အထက်ပါပုဂ္ဂိုလ်များ၏ မျက်မြင်သဘာဝကို ဖွင့်ပြထားပါသည်။ [၂]


အာရဘတိသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် လောက၌ ထင်ရှားရှိသော ပုဂ္ဂိုလ်ငါးမျိုးတို့ကို ဟောကြားတော်မူခဲ့သည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၂၊၁၄၆-၈။ အံ၊မြန်၊၂၊၁၈၄-၆။ အံ၊ဋ္ဌ၊၃၊၅၁။ အံ၊ဋီ၊၃၊၄၈-၉။ -အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ၊ တတိယပဏ္ဏာသက၊ (၁၅) ၅-တိကဏ္ဍကီဝဂ္ဂ၊ ဒုတိယသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  3. အင်္ဂုတ္တရနိကာယ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ ပဉ္စကနိပါတ်၊ ၃-တတိယပဏ္ဏာသက (တတိယသုတ်ငါးဆယ်)၊ (၁၅) ၅- တိကဏ္ဍကီဝဂ် ၂ - အာရဘတိသုတ်