အာနန္ဒစန္ဒြကျောက်စာ

ဝီကီပီးဒီးယား မှ

အာနန္ဒစန္ဒြကျောက်စာတိုင်မှာ ဝေသာလီမြို့ဟောင်းမှ သျှစ်သောင်းပုထိုးတော်ကြီးသို့ အေဒီ ၁၅၃၆ ခုနှစ်တွင် မင်းဗာကြီး (၁၅၃၁-၁၅၅၃) မှ ပြောင်းရွှေ့စိုက်ထူထားခြင်း ဖြစ်သည်။ ကျောက်စာတိုင်မှာ လေးမျက်နှာရှိပြီး အရှေ့ဘက်၊ အနောက်ဘက်နှင့် မြောက်ဘက်တို့တွင် အိန္ဒိယ မြောက်ပိုင်းသုံး ရှေးအက္ခရာများဖြင့် ကျောက်တိုင်တစ်တိုင်တည်းတွင် အေဒီ ၆၀၀ မှ အေဒီ ၁၀၀၀ အတွင်း အနှစ် ၂၀၀ မျှစီခြား၍ ဗြာဟ္မီပွား အက္ခရာသုံးမျိုးဖြင့် ရေးထိုးထားသော အလွန်ရှားပါးသော ကျောက်စာတိုင် ဖြစ်သည်။[၁] ရခိုင်မင်းဆက်များ အကြောင်းကို ဖော်ပြထားပြီး ကျောက်စာရေးထိုးခိုင်းသူ အာနန္ဒစန္ဒြ အမည်ရှိသောမင်း၏ အကြောင်းကို ကြေညာသော ဩဘာစာဖြစ်သည်။[၂]

အာရှ-ပစိဖိတ်ဒေသတွင်း ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရခြင်း[ပြင်ဆင်ရန်]

အာရှ-ပစိဖိတ်ဒေသတွင်း ကမ္ဘာ့မှတ်တမ်းအမွေအနှစ် ကော်မတီ (MOWCAP) ၏ အဋ္ဌမ အကြိမ်မြောက် အထွေထွေအစည်းအဝေးကို မေ ၂၉ ရက်မှ ဇွန် ၁ ရက် အထိ တောင်ကိုရီးယားနိုင်ငံ ဂွမ်ဂျူးမြို့၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ တင်သွင်းသော အာနန္ဒစန္ဒြကျောက်စာနှင့် ၁၉၃၄ ခုနှစ်တွင် ရိုက်ကူးခဲ့သော မြဂနိုင်ရုပ်ရှင်တို့အား အာရှ-ပစိဖိတ်ဒေသတွင်း ကမ္ဘာ့မှတ်တမ်းအမွေအနှစ် စာရင်းဝင်အဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။[၂]

အာနန္ဒစန္ဒြကျောက်စာကို ၂၀၀၈ နှစ်တွင် ယူနက်စကို ကမ္ဘာ့မှတ်တမ်းအမွေအနှစ် ကော်မတီသို့လည်း ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်း၌ ထည့်သွင်းသတ်မှတ်နိုင်ရေး တင်သွင်းသွားမည်ဖြစ်သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မန္တလေးနေ့စဉ်သတင်းစာ၊ (၁၀.၆.၂၀၁၈) စာ-၂
  2. ၂.၀ ၂.၁ ၂.၂ မြောက်ဦးမြို့ ရှစ်သောင်းဘုရားရှိ အာနန္ဒစန္ဒြကျောက်စာအား အာရှ-ပစိဖိတ်ဒေသတွင်း ကမ္ဘာ့မှတ်တမ်းအမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခံရ။ မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတရုံး (၇ ဇွန် ၂၀၁၈)။ 2 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၃ ဇွန် ၂၀၁၈ တွင် ပြန်စစ်ပြီး။