အသဿတဒိဋ္ဌိသုတ်

ဝီကီပီးဒီးယား မှ

[၁] ခန္ဓာငါးပါးရှိလျှင် ခန္ဓာငါးပါးကို အကြောင်းပြု၍ ခန္ဓာငါးပါးကို မှားမှား ယွင်းယွင်း နှလုံးသွင်းခြင်းကြောင့် “အသဿတော လောကော” ဟူသော မိစ္ဆာအယူ ဖြစ်ပေါ်လာပုံ၊ ခန္ဓာငါးပါးကို (တဏှာ, မာန, ဒိဋ္ဌိတို့ဖြင့်) စွဲမှားမှုမရှိလျှင် “အသဿတော လောကော” ဟု မိစ္ဆာအယူမဖြစ်တော့ပုံ၊ အရိယာသာဝကအား ဤခန္ဓာငါးပါးတို့၌ ယုံမှားမှု၊ သစ္စာလေးပါးတို့၌ ယုံမှားမှု ပယ်ပြီးပုံ၊ ယုံမှားမှု ပယ်ပြီးသော အရိယာ သာဝကကို သောတာပန်ဟုခေါ်ဆိုပုံ၊ ခန္ဓာတစ်ပါးစီ တစ်ပါးစီကို အနတ္တလက္ခဏ သုတ်ဒေသနာတော်နည်းဖြင့် အကျယ် ဟောတော်မူသည့်သုတ်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၂၊၁၇၅။ သံ၊မြန်၊၂၊၁၆၆-၇။ -သံယုတ္တနိကာယ၊ ခန္ဓဝဂ္ဂသံယုတ္တ၊ ၃-ဒိဋ္ဌိသံယုတ္တ၊ ၁-သောတာပတ္တိဝဂ္ဂ၊ ဒသမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ