အရဟာသုတ်

ဝီကီပီးဒီးယား မှ

[၁] သက္ကာယဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသ၊ ရာဂ၊ ဒေါသ၊ မောဟ၊ မာနဟူသော တရား ၇-ပါးတို့မှ ဝေးကွာသောကြောင့် “အရဟာ” မည်၏ဟု ဟောတော်မူသည့်သုတ်။ [၂]


အရဟာသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် တရားခုနစ်မျိုးမှ ဝေးကွာသည်၏ အဖြစ်ကြောင့် အရဟာမည်ပုံကို ဟောကြားတော်မူခဲ့သည်။[၃]

အရဟာသုတ်[ပြင်ဆင်ရန်]

ရဟန်းတို့ တရားခုနစ်မျိုးတို့မှ ဝေးကွာသည်၏ အဖြစ်ကြောင့် အရဟာ မည်၏။ အဘယ်ခုနစ်မျိုးတို့နည်း ဟူမူ - [၃]

  • ထင်ရှားရှိသော ခန္ဓာငါးပါး၌ အမြင်မှားမှု ‘သက္ကာယဒိဋ္ဌိ’ မှ ဝေးကွာ၏။
  • မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ မှ ဝေးကွာ၏။
  • ခွေး နွား စသည်တို့၏ အလေ့အကျင့်ကို အမှန်ဟု မှားသောအားဖြင့် သုံးသပ်မှု ‘သီလဗ္ဗတပရာမာသ” မှ ဝေးကွာ၏။
  • စွဲမက်မှု ‘ရာဂ’ မှ ဝေးကွာ၏။
  • အမျက်ထွက်မှု ‘ဒေါသ’ မှ ဝေးကွာ၏။
  • တွေဝေမှု ‘မောဟ’ မှ ဝေးကွာ၏။
  • ထောင်လွှာမှု ‘မာန’ မှ ဝေးကွာ၏။ [၃]

ရဟန်းတို့ ဤတရားခုနစ်မျိုးတို့မှ ဝေးကွာသည်၏ အဖြစ်ကြောင့် အရဟာ မည်၏ ဟု(မိန့်တော်မူ၏)။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၂၊၅၀၉။ အံ၊မြန်၊၂၊၆၃၄။ -အင်္ဂုတ္တရနိကာယ၊ သတ္တကနိပါတ၊ ၉-သမဏဝဂ္ဂ၊ အဋ္ဌမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်၊ အင်္ဂုတ္တရနိကာယ်ဝင် သုတ္တန်ပိဋကတ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ သတ္တကနိပါတ် မာတိကာ၊ ပဏ္ဏာသ - သုတ်ငါးဆယ်၊ ၉-သမဏဝဂ်၊ ၈-အရဟာသုတ် (တတိယအကြိမ် ed.)။ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်။ ၁၉၉၈။