အဘိဇာနသုတ်

ဝီကီပီးဒီးယား မှ

[၁] ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ-ဟူသော ခန္ဓာငါးပါးတို့တွင် တစ် ပါးပါးကို ထူးသောဉာဏ်ဖြင့် မသိပဲ, ပိုင်းခြား၍ မသိပဲ, စွဲမက်မှုမကင်းပဲ, မပယ်စွန့်နိုင် ပဲ, ဒုက္ခ၏ကုန်ဆုံးခြင်းငှာ မဖြစ်ထိုက်ပုံ၊ ယင်းခန္ဓာငါးပါးကို ထူးသောဉာဏ်ဖြင့်သိသည် ရှိသော်, ပိုင်းခြား၍ သိသည်ရှိသော် စွဲမက်မှုကင်းသည်ရှိသော်, ပယ်စွန့်နိုင်သည်ရှိသော် ဆင်းရဲဒုက္ခကုန်ဆုံးခြင်းငှာ ဖြစ်ထိုက်၏-ဟု ခန္ဓာတစ်ပါးစီ တစ်ပါးစီကို သုက္ကပက္ခ, ကဏှပက္ခခွဲ၍ ဟောတော်မူသည့်သုတ်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၂၊၂၂-၃။ သံ၊မြန်၊၂၊၂၂။ သံ၊ဋ္ဌ၊၂၊၂၄၄။ -သံယုတ္တနိကာယ၊ ခန္ဓဝဂ္ဂသံယုတ္တ၊ ၁-ခန္ဓသံယုတ္တ၊ ၃-ဘာရဝဂ္ဂ၊ တတိယသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ