ဟွန်ရှူးကျွန်း

ဝီကီပီးဒီးယား မှ
ဟွန်ရှူးကျွန်းမြေပုံ

ဟွန်ရှူးကျွန်းသည် ဂျပန်နိုင်ငံ၏ ပင်မကျွန်း နှင့် အကြီးဆုံးကျွန်း ဖြစ်သည်။ ဟော့ကိုင်းဒိုးကျွန်း၏ တောင်ဘက် ဆုဂါရု ရေလက်ကြားခြား၍ တည်ရှိပြီး ရှိကိုးကုကျွန်း၏ မြောက်ဘက် ကုန်းတွင်းပင်လယ် ခြားလျှက် တည်ရှိကာ ကျူရှူးကျွန်း၏ အရှေ့မြောက်ဘက် ကန်မွန်ရေလက်ကြားခြားလျှက် တည်ရှိသည်။ ဟွန်ရှူးကျွန်းသည် ကမ္ဘာပေါ်တွင် သတ္တမမြောက် အကြီးဆုံး ကျွန်းဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းပြီးလျှင် ဒုတိယမြောက် လူဦးရေ အများဆုံး ကျွန်းဖြစ်သည်။

၂၀၀၅ ခုနှစ်တွင် လူဦးရေ ၁၀၃ သန်း ရှိပြီး မြေနိမ့်ပိုင်းဒေသများတွင် စုစည်းနေထိုင်ကြသည်။ ကန်တိုလွင်ပြင် တိုကျိုမြို့ယိုကိုဟားမားမြို့၊ ဆိုင်းတမမြို့၊ ချိဘမြို့တို့ ပါဝင်သော မဟာတိုကျိုဒေသတွင် ၂၅ ရာခိုင်နှုန်း နေထိုင်ကြသည်။ နိုင်ငံအတွင်းရှိ ကုန်ထုတ်လုပ်ငန်း အများစုမှာ တိုကျိုမှ ဟွန်ရှူးကျွန်း၏ တောင်ဘက် ကမ်းရိုးတန်း မြို့များရှိရာ လမ်းကြောင်းတလျှောက်တွင် ရှိကြသည်။ ထိုဒေသကို တိုင်ဟဲအိယို ခါးပတ်ဟု ခေါ်ပြီး ကျိုတိုမြို့အိုဆာကာမြို့နာဂိုယာမြို့ကိုဘေးမြို့နှင့် ဟီရိုရှီးမားမြို့ တို့ ပါဝင်သည်။

အနောက်မြောက်ဘက် ဂျပန်ပင်လယ်၏ ကမ်းရိုးတန်းတလျှောက်တွင် ငါးဖမ်းလုပ်ငန်းနှင့် စိုက်ပျိုးရေး လုပ်ငန်းကို လုပ်ကိုင်ကြသည်။ နီအီဂါတာသည် ဆန်စပါးစိုက်ပျိုးရာ အဓိက နေရာဖြစ်သည်။ ကန်တိုးနှင့် နိုးဘိ လွင်ပြင်တို့တွင် စပါးနှင့် အသီးအနှံများ စိုက်ပျိုးထုတ်လုပ်ကြသည်။ ယာမာနာရှိသည် အဓိက သစ်သီးစိုက်ပျိုးရာ ဒေသဖြစ်ပြီး အာအိုမိုရီသည် ပန်းသီး စိုက်ပျိုးမှုဖြင့် ထင်ရှားသည်။

ထင်ရှားသော သမိုင်းဝင်နေရာများမှာ ကျိုတို၊ နာရာနှင့် ကမာကူရ တို့ဖြစ်သည်။ နာမည် ကျော်ကြားသော ဖူဂျီတောင်သည်လည်း ဟွန်ရှူးကျွန်းတွင် ရှိသည်။