ဟွန်ဒူးရပ်စ်နိုင်ငံ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဟွန်ဒူးရပ်စ်သမ္မတနိုင်ငံ
Flag of Honduras.svg Coat of arms of Honduras.svg
နိုင်ငံတော်အလံ နိုင်ငံတော်အမှတ်တံဆိပ်
နိုင်ငံတော်ဆောင်ပုဒ် - "Free, Sovereign and Independent"
ပထဝီ
Honduras (orthographic projection).svg
မြို့တော် တေဂူဆီဂါလ်ပါမြို့
အကြီးဆုံးမြို့ မြို့တော်
ဧရိယာ
  • ဧရိယာ - ၁၁၂,၄၉၂ km² (အဆင့်: ၁၀၂)
  • ရေဖုံးလွှမ်းမှု - %
စံတော်ချိန်ဇုန် UTC -၆
လူနေမှု
ရုံးသုံးဘာသာများ စပိန်ဘာသာ
လူဦးရေ
နိုင်ငံရေး
အမျိုးအစား ဖွဲ့စည်းပုံအခြေခံဥပဒေ သမ္မတစနစ်
အစိုးရခေါင်းဆောင်များ
  • သမ္မတ - ပေါ်ဖီရီယို လိုဘို ဆိုဆာ


ထူထောင်မှု
  • လွတ်လပ်ရေး ကြေငြာခြင်း - နိုဝင်ဘာ ၅၊ ၁၈၃၈
စီးပွားရေး
GDP(PPP) US $၃၃.၆၃၁ ဘီလီယံ (အဆင့် - )
GDP(PPP) US $ ၄,၄၁၇ (အဆင့် - )
HDI ၀.၆၀၄ (အလယ်) (အဆင့် - ၄၄)
ငွေ လန်ပီယာ
နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ
CCLTD .hn
Calling code +၅၀၄

ဟွန်ဒူးရပ်စ် ( ရုံးသုံးအခေါ်အဝေါ်တွင် ဟွန်ဒူးရပ်စ် သမ္မတနိုင်ငံသည် အမေရိက အလယ်ပိုင်းတွင် ရှိသော သမ္မတနိုင်ငံ တစ်နိုင်ငံဖြစ်သည်။ ယခင်က စပိန် ဟွန်ဒူးရပ်စ်ဟု ခေါ်ဝေါ်ခဲ့ပြီး ယခုလက်ရှိ ဘလိဇ်နိုင်ငံ ဟုခေါ်ကြသော ဗြိတိသျှ ဟွန်ဒူးရပ်စ်မှ ခွဲခြားနိုင်ရန် အတွက် ဖြစ်သည်။ အနောက်ဘက်တွင် ဂွာတီမာလာနိုင်ငံ၊ အနောက်တောက်ဘက်တွင် အယ်ဆာဗေဒိုနိုင်ငံ နှင့် အရှေ့တောင်ဘက်တွင် နီကာရာဂွာနိုင်ငံ တို့ရှိကြပြီး တောင်ဘက်တွင်မူ ပစိဖိတ် သမုဒ္ဒရာ၏ ဖွန်စီကာ ပင်လယ်ကွေ့ ၊မြောက်ဘက်တွင် ကာရစ်ဘီယံ ပင်လယ်၏ စီးဝင်ရာ နေရာတစ်ခုဖြစ်သော ဟွန်ဒူးရပ်စ် ပင်လယ်ကွေ့ တည်ရှိသည်။


ဟွန်ဒူးရပ်နိုင်ငံ[ပြင်​ဆင်​ရန်​]

ဟွန်ဒူးရပ်နိုင်ငံသည် အမေရိကတိုက်အလယ်ပိုင်းရှိ လွတ်လပ် သောနိုင်ငံတစ်ခု ဖြစ်သည်။ မူလကအမေရိကတိုက် အလယ်ပိုင်း ပြည်နယ်များ အဖွဲ့တွင် ပါဝင်ခဲ့၍ ၁၈၃၈ ခုနှစ်တွင် လွတ်လပ် သောသမ္မတနိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့သည်။ မြောက်ဘက်တွင် ကယ်ရစ်ဗျန်ပင်လယ်၊ တောင်ဘက်တွင် နစ်ကရားဂွနိုင်ငံနှင့် အယ်ဆယ်လဗာဒေါနိုင်ငံ၊ အနောက်ဘက်တွင် ကွတီမားလနိုင်ငံ တို့အသီးသီး တည်ရှိကြသည်။ယင်းနိုင်ငံသည် ၄၃၂၇၇ စတုရန်း မိုင် ကျယ်ဝန်း၍ လူဦးရေ၂၆၉ဝဝဝဝ ခန့် (၁၉၇၂) ရှိသည်။

ဟွန်ဒူးရပ်နိုင်ငံသည် များသောအားဖြင့် တောတောင်ထူထပ် ၍ လမ်းပန်းဆက်သွယ်ရေး မကောင်းချေ။ မြောက်ဘက် ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် မြေနိမ့်လွင်ပြင်ပိုင်းတွင် ရာသီဥတုမှာ ပူပြင်း စိုစွတ်သည်။ မေလမှ နိုဝင်ဘာလအထိ သည် မိုးရာသီ ဖြစ်၏။ အတွင်းဘက်ကျသော ကုန်းမြင့်ပိုင်း၌ မူကား ရာသီဥတု သင့်တင့်မျှတသည်။ အချို့သော တောင်ထိပ် များသည်ပေ ၁ဝဝဝဝ အထိ မြင့်သည်။ သို့ရာတွင်မီးတောင်များ မရှိချေ။ မြောက်ဘက် မြေနိမ့်ပိုင်းတွင် မြစ်များချောင်းများ ရှိသည်။ဟွန်ဒူးရပ်နိုင်ငံမှ အဓိကထွက်ကုန်မှာ ငှက်ပျောသီး ဖြစ်သည်။ မြောက်ဘက် ကယ်ရစ်ဗျန်ကမ်းခြေ မြေနိမ့်ပိုင်း တွင် ငှက်ပျောပင်ကို အကြီးအကျယ် စိုက်ပျိုးသည်။ ပြောင်း၊ ပဲ၊ ကြံ၊ အုန်းပင်၊ ဆေးပင်နှင့် ကာဖီပင် တို့ကိုလည်း စိုက်ပျိုး သည်။ ကုန်းမြင့်ပိုင်းတွင် နွားနှင့် ဝက်ကို မွေးမြူကြသည်။ ရွှေ၊ ငွေ၊ ကြေးနီ၊ သံ၊ ခနောက်စိမ်း၊ သွပ်၊ ကျောက်မီးသွေး စသော တွင်းထွက်ပစ္စည်းများကို တူးဖော်ရရှိသည်။ သစ်တော များမှ မဟောဂနီ၊ ဆီဒါ၊ ထင်ရှူးနှင့် အခြားအဖိုးတန် သစ် များထွက်သည်။

ဟွန်ဒူးရပ်နိုင်ငံသည် ထိုကဲ့သို့ သဘာဝ ပစ္စည်းအားကောင်း သော်လည်း စက်မှုလုပ်ငန်းဘက်၌ မတိုးတက်လှသေးသဖြင့် ချဲ့ထွင် လိုက်ကိုင်နိုင်ခြင်း မရှိ သေးချေ။ဟွန်ဒူးရပ်နိုင်ငံတွင် မီးရထားလမ်း မိုင်ပေါင်း ၈ဝဝကျော်မျှသာရှိ၍ မော်တော ်ကားလမ်း ၁၂၃၈ မိုင်ခန့်ရှိသည်။ငှက်ပျောပင် စိုက်သောမြောက် ဘက် ကမ်းခြေအရပ်၌သာမီးရထားလမ်း ရှိသည်။ ပစိဖိတ သမုဒ္ဒရာဘက်သို့လည်းကောင်း၊ မြို့တော်ဖြစ်သော တဲဂူးစီ ဂယ်လပါမြို့သို့လည်း ကောင်း မီးရထားလမ်း မပေါက်ချေ။ ထိုကြောင့် နိုင်ငံတွင်း၌ တစ်နေရာမှတစ်နေရာသို့ လေကြောင်း ခရီးဖြင့် အလွယ်တကူကူးသန်း သွာလာကြ ရလေသည်။ ၁၅ဝ၂ ခုနှစ်တွင် ကိုလံဗပ်သည် ဟွန်ဒူးရပ်သို့ စတင် ရောက်ရှိသွားခဲ့သည်။ ဟွန်ဒူးရပ်သည် ထိုအချိန် မတိုင်မီ ရှေးးရာစုနှစ်ပေါင်း များစွာကပင် မာယာယဉ်ကျေးမှု ဗဟို ဌာနတစ်ခု ဖြစ်ခဲ့သည်။ ၁၅၂၄ ခုနှစ်မှ ၁၈၂၁ ခုနှစ်အထိ စပိန်အစိုးရ၏ ကိုလိုနီနယ်အဖြစ် တည်ရှိခဲ့သည်။ ၁၈၂၁ ခုနှစ်တွင် စပိန်လက်အောက်မှ လွတ်မြောက်ခဲ့ပြီးနောက် အခြားသော အမေရိက အလယ်ပိုင်းတိုင်းပြည်လေးခုနှင့် အတူ မက္ကဆီကိုနိုင်ငံ အတွင်း သွတ်သွင်းခြင်း ခံရလေသည်။ သို့သော် ၁၈၂၅ ခုနှစ်တွင် ဟွန်ဒူးရပ်သည် မက္ကဆီကိုနိုင်ငံမှ ခွဲထွက်ခဲ့ပြီးနောက် အမေရိက အလယ်ပိုင်းပြည်ထောင်စုတွင် ပါဝင်ခဲ့သည်။ ၁၈၃၈ ခုနှစ်တွင် အမေရိက အလယ်ပိုင်း ပြည်ထောင်စုမှ ခွဲထွက်ခဲ့၍ လွတ်လပ်သော နိုင်ငံဖြစ်လာခဲ့ သော်လည်း ပြည်တွင်းစစ်ပွဲများ၊ တော်လှန် ပုန်ကန်မှုများ မကြာခဏ ဖြစ်ပွားခဲ့လေသည်။

၁၉၆၅ ခုနှစ်တွင် အသစ်ပြဋ္ဌာန်းလိုက်သော ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ နိုင်ငံတော် သမ္မတကို ပြည်သူ လူထုက ခြောက်နှစ်တစ်ကြိမ် ရွေးကောက်တင်မြေ|ာက်သည်။ ဥပဒေပြုလွှတ်တော် တစ်ခုတည်းရှိ၍ ပြည်သူ့ ကိုယ်စားလှယ် အမတ် ၆၄ ဦး ပါဝင်သည်။ ယင်းတို့ကိုလည်း ခြောက်နှစ် တစ်ကြိမ်ကျ ရွေးကောက်ရသည်။

ဟွန်ဒူးရပ် နိုင်ငံသားတို့သည် များသောအားဖြင့် စပိန် လူမျိုးနှင့် တိုင်းရင်းသား အင်ဒီးယန်း လူမျိုးတို့၏ အဆက် အနွှယ်များ ဖြစ်ကြသည်။ မြောက်ဘက် ကမ်းခြေပိုင်းတွင် ကပ္ပလီလူမျိုးများလည်း နေထိုင်သည်။ ဟွန်ဒူးရပ်နိုင်ငံသား တို့သည် များသောအားဖြင့် ဗရင်ဂျီဂိုဏ်းဝင်များ ဖြစ်ကြသည်။ စာသင်ကျောင်းများတွင် အခမဲ့ ပညာသင်ကြားခွင့်ရှိ၍ အသက် ခုနစ်နှစ်မှ ၁၅ နှစ်အရွယ်အထိ ပညာမသင်မနေရဟူ၍ ပြဋ္ဌာန်း ထားသည်။ တဲဂူးစီဂယ်လပါမြို့တော်တွင် အမျိုးသားတက္ကသိုလ် ကျောင်းများ ရှိသည်။ဟွန်ဒူးရပ်နိုင်ငံ၏ မြို့တော် တဲဂူးစီဂပ်လပါ မြို့တွင် လူဦးရေ ၂၃၂၂၇၆ ယောက် (၁၉၇၂) ရှိသည်။ဟွန်ဒူးရပ် နိုင်ငံသည် ကုလသမဂ္ဂ အဖွဲ့ဝင်လည်းဖြစ်၍ အမေရိကန်နိုင်ငံများ အဖွဲ့ဝင်လည်း ဖြစ်သည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)