ဟန်ထူးလွင်

ဝီကီပီးဒီးယား မှ
ဟန်ထူးလွင်
အမည်ရင်းဟန်ထူးလွင်
အခြားအမည်များကျားပေါက်
မွေးဖွား​တောင်ငူမြို့ မြန်မာ
ဂီတဟန်
အလုပ်အကိုင်
တူရိယာ
တက်ကြွသည့်နှစ်များ၂၀၀၀ ခုနှစ်မှ ယနေ့ထိ
တေးသံသွင်း ကုမ္ပဏီ
  • bibag record
  • Kyi Thar
  • I Entertainment
ပူးတွဲ ပါဝင်မှု
  • Big Bag
  • Bloodsugar Politik
  • Lucid
  • S.I.R

ဟန်ထူးလွင် (ကျားပေါက်) သည် မြန်မာနိုင်ငံသား အော်တာနေးတစ် (alternative) နှင့် punk rock ဂီတသမားတစ်ဦး ဖြစ်သည်။ အဆိုတော် ရင်ဂို၏သားဖြစ်၍ Big Bag တီးဝိုင်း၏ ‌ဒရမ်သမားတစ်ယောက်ဖြစ်သော်လည်း အဆိုတော်၊ ဂီတာသမား၊ သီချင်းရေးဆရာ ထုတ်လုပ်သူလည်း ဖြစ်ပြန်သည်။ မြန်မာ့စောင်း၊ ပုလွေ၊ ပီယာနို၊ ဟန်းပန်(hand pand)၊ ဒရမ်နှင့် အခြား​သော တူရိယာ အများအပြားကိုလည်း တီးခတ်နိုင်ကာ စာ​ရေးခြင်း နှင့် ပန်းချီဆွဲခြင်းများကိုလည်းလုပ်ကိုင်သည်။ Bipolarbear Production ကိုလည်း ထူထောင်ထားသည်။

အသက်မွေးဝမ်းကျောင်းအလုပ်[ပြင်ဆင်ရန်]

ဟန်ထူးလွင်သည် Big Bag တီးဝိုင်း၏အဆိုတော်၊ ဂီတာသမား၊ သီချင်းရေးဆရာ ထုတ်လုပ်သူ ဖြစ်သည်။ တီးဝိုင်းကို ၂၀၀၀ ခုနှစ် ဧပြီတွင် စတင်ထူထောင်၍ ပထမပိုင်းကာလများတွင် တီးဝိုင်းကို ဟန်ထူးလွင် ၊ ဆင်​ပေါက် နှင့် Vနိုထွန်း တို့နှင့် စတင်ဖွဲ့စည်းခဲ့ပြီး​ နောက်ပိုင်းတွင် ရဲဇော်မျိုး(ဘေ့စ်)၊ ဖြိုးမင်းနိုင်(keyboard) နှင့် မွန်ဘွဲ့(ဒရမ်) တို့ဖြင့် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။ Big Bag မတိုင်ခင် Animal Kingdom နှင့် Big Bag နှင့်အတူ Bloodsugar Pölitik နှင့် Lucidတီးဝိုင်းများကိုလည်း ထူထောင်ခဲ့၏ ။ SIR Band တွင်လည်း 2016 ခုနှစ်အထိ ပါဝင်အားဖြည့်ခဲ့သည်။

Big Bag ၏ ပထမဆုံး album မှာ Punk for All ဖြစ်ပြီး သူတို့၏ alternative ဂီတမှာ ဆယ်ကျော်သက်တို့၏ အာရုံစိုက်ခြင်းကို ခံခဲ့ရသည်။ သူတို့၏ပထမဆုံး one band show ဖြစ်သည့် ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော The Big Show in Bag 1 တွင် အထူးအောင်မြင်မှုရရှိခဲ့သည်။ ၂၀၁၇ အထိ သူ၏ Big Bag တီးဝိုင်းသည် album ၁၃ ခုထွက်ရှိခဲ့ကာ။ နောက်ဆုံး album မှာ Anger Management ဖြစ်သည်။

ဟန်ထူးလွင်(ကျားပေါက်) သည် သူ၏ပထမဆုံးသော Single EP ကို Cinematicüs အမည်ဖြင့် ၂၀၂၀ အောက်တိုဘာ ၂၆ ရက်နေ့တွင် ထုတ်ဝေခဲ့သည်။

ယခုလက်ရှိ‌တွင်လည်း သီချင်းများ ဆက်လက်ထုတ်လုပ်ဆဲဖြစ်ပြီး သူ၏ သီချင်းဟောင်းများကိုလည်း မတူညီသော ပုံစံများဖြင့် တစ်ဖန်ပြန်လည်ဆန်းသစ်မှုများ ပြုလုပ်နေဆဲဖြစ်သည်။

ပုဂ္ဂိုလ်ရေးဘဝ[ပြင်ဆင်ရန်]

ဟန်ထူးလွင်သည် ဆုလဲ့ဝင်းဇုံဇုံ နှင့် ၂၀၀၆ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင် လက်ထပ်ခဲ့ပြီး ၂၀၁၉ တွင်တရားဝင်ကွာရှင်းခဲ့သည်။ သူတို့တွင် အိချိုနှင့် ဆွိချို ဟူသော သမီးနှစ်ယောက်ထွန်းကားခဲ့သည်။

ထွက်ရှိပြီး တေးစီးရီးများ[ပြင်ဆင်ရန်]

  1. ပန့်ခ်အကြောင်းမပြောနဲ့
  2. အားလုံးအတွက်ပန့်ခ်
  3. နာမည်ကြီး
  4. ဗီလိန်
  5. အိပ်ယာဝင်တေးများ
  6. The Big Show In The Bag
  7. AD 3000
  8. Telepunk
  9. The Sun Factory
  10. One Eleven
  11. We are Big Bag
  12. IDGAF
  13. ANGER MANAGEMENT
  14. CINEMATICÜS (Single EP)

ကိုးကား[ပြင်ဆင်ရန်]