ပန့်ခ် ဂီတ

ဝီကီပီးဒီးယား မှ

ပန့်ခ်ရော့ သည် ၁၉၇၄ နှင့် ၁၉၇၆ ကြားတွင် အမေရိကန်ဗြိတိန် နှင့် ဩစတြေးလျ တို့တွင် ဖွံ့ဖြိုးလာသည့် ရော့ခ်ဂီတအမျိုးအစားဖြစ်သည်။ ပင်ရင်းဇစ်မြစ်ဖြစ်သော ဂါးရေ့ချ် ရော့ခ်(garage rock) နှင့် တခြားအမျိုးအစားဖြစ်သော ပရိုတိုပန့် (protopunk) တို့မှပေါက်ဖွားလာပြီး၊ ပန့်ခ်ဂီတဝိုင်းများသည် (၁၉၇၀) လောက်မှ စတင်ကာ ပင်မရော့ခ်ရေစီးကြောင်းမှ သိသိသာသာခွဲထွက်လာခဲ့သည်။ ထိုဂီတအဖွဲ့သားများသည် မြန်သော၊ ကြမ်းသော ဂီတရိုက်ချက်၊ ခတ်ချက်များ၊ အများအားဖြင့် တိုတောင်းသော တေးစာသားများနှင့် ရိုးရှင်းသော ဂီတတူရိယာများကို သုံးစွဲခဲ့ကြသည်။ သီချင်းစာသားများမှာ အများအားဖြင့် လူမှုရေး၊ နိုင်ငံရေး နှင့် လူ့စရိုက်ကို လှောင်ပြောင်ဆန့်ကျင်သော အကြောင်းများဖြစ်သည်။ ပန့်ခ်သမားများ ဆွဲကိုင်ထားသောအမြင်မှာ သင်ကိုယ်တိုင်လုပ် (DOI, Do it yourself) ဟုဖြစ်သောကြောင့် သူတို့သည် ကိုယ်ပိုင်ဂီတဝိုင်းများမှ ကိုယ်တိုင်ထုတ်လုပ်ခြင်း ပုံစံတကျမဟုတ်သော ဖြန့်ချိခြင်းများကိုပါ ပြုလုပ်ကြသည်။

၁၉၇၆ ခုနှစ်နှောင်းပိုင်းတွင် နယူးယောက်မြို့မှ ရေမွန်စ်(Ramones) ဂီတအဖွဲ့ နှင့် လန်ဒန်မြို့မှ ဆက်ပစ်စတို (Sex pistols) နှင့် သယ်ကလက်ရှ် (The Clash) ဂီတအဖွဲ့များသည် ထိုပန့်ခ်ဂီတသစ်ကို စတင်လှုပ်ရှားခဲ့သူများအဖြစ် မှတ်တမ်းတင်နိုင်သည်။ ထိုနောက်ပိုင်းမှ စတင်ကာ ပန့်ခ်ဂီတသည် ကမ္ဘာအနှံ့အပြားသို့ ပျံ့နှံ့သွားခဲ့သည်။ ဗြိတိန်နိုင်ငံတွင် ပန့်ခ်ဂီတသည် လျင်မြန်စွာ ထွန်းကားခဲ့ပြီး အဓိက ယဉ်ကျေးမှုတစ်ရပ်အဖြစ် ပါဝင်လာခဲ့သည်။ အချို့နေရာများတွင် ပန့်ခ်ဂီတအား ရိုင်းစိုင်းသောဂီတ၊ လူ့အဖွဲ့အစည်းမှ ကင်းလွတ်နေသည့် ဂီတဟုဆိုကာ ငြင်းဆန်ခဲ့ကြသည်။ ပန့်ခ်ဂီတ၏ ဖွဲ့စည်းပုံတွင် သီးသန့်မှတ်မိလွယ်သော ဝတ်စားဆင်ယင်ပုံ၊ လူငယ်များ၏ အကြမ်းဖက်နိုင်ငံရေးအမြင်နှင့် အာဏာပိုင်ဆန့်ကျင်ရေး အိုင်ဒီယာများ ထွန်းကားလာခြင်းတို့လည်း ပါဝင်သည်။

၁၉၈၀ အစပိုင်းမှ စတင်ကာ ဒေါသတကြီးဆိုဟန်၊ ကြမ်းတမ်းသော ဆိုဟန်များသည် ပန့်ခ်ဂီတ၏ ဝိသေသ လက္ခဏာများအဖြစ် လျင်မြန်စွာပင် ဖြစ်ထွန်းလာခဲ့သည်။ ဂီတပညာရှင်များက အဆင့်ဆင့် ပြောင်းလဲ ဆန်းသစ်ခဲ့ခြင်းဖြင့် ပန့်ခ်ဂီတ မှသည် ပို့စ်ပန့်ခ်(post punk) နှင့် အော်တာနေးတစ်ရော့ခ်(alternative rock) ကဲ့သို့သော ဂီတများလည်း တိုးတက်ပေါ်ထွန်းလာခဲ့သည်။ နှစ်ပေါင်းများစွာ ပြောင်းလဲလာပြီးနောက် ပေါ့ပန့်ခ်(pop punk) သည် ပန့်ခ်ရေစီးကြောင်းတွင် တစ်နေရာ အခိုင်အမာရလာခဲ့သည်။ ဂရင်းဒေး (Green Day)၊ ဘလင့် ၁၈၂ (Blink182)၊ ဆမ် ၄၁ (Sum41) ကဲ့သို့သော ဂီတအဖွဲ့များကြောင့်လည်း ပေါ့ပန့်ခ် သည် ကျယ်ကျယ်ပြန့်ပြန့် ထွန်းကားလာခဲ့ခြင်း ဖြစ်သည်။

ဝိသေသလက္ခဏာများ[ပြင်ဆင်ရန်]

ဒဿနိက[ပြင်ဆင်ရန်]

Punk rock၏ ပထမလှိုင်းသည် ရန်မှုသောခေတ်ဖြစ်ပြီး Ramonesတီးဝိုင်းမှ Tommy Ramone သည် အရင်ပုံစံထဲတွင် ဆန်းသစ်၍ နှိုးဆော်ထားသောအရာများဖြစ်သည်။ Punk magazine မှစာတည်း John Holmstrom က punk rock ဖြစ်လာခဲ့သည်မှာ rock ဖြစ်ရပ်များသည် Billy Joel နှင့် Simon and Garfunkel တို့ကို rock and roll ကဲ့သို့ယဉ်ပါးလာသောကြောင့်ဖြစ်သည်။ rock and roll ကို တော်လှန်ရေးဂီတဟုလည်းခေါ်သည် ဟုဆိုသည်။ ဝေဖန်ရေးသမား Robert Christgau ၏ရေးသားဖော်ပြချက်မှာ "ဒါဟာယဉ်ကျေးမှုငယ်ဖြစ်ပြီး ဒါဟာ နိုင်ငံရေးဆိုင်မှုဝါဒများကို ငြင်းပယ်ထားသည်။"

နည်းပညာများသည် နားလည်ရလွယ်ကူပြီး Do it yourself ပုံစံများသည် punk rock ထဲတွင် တန်ဖိုးထားရသည်။ punk rock ၏ အစောပိုင်းနေ့များတွင် ထိုကျင့်ဝတ်များသည်ဖြစ်ရပ်ထဲတွင် ယှဉ်ပြိုင်ရာတွင် သိသာသော အမှတ်အသားများဖြစ်သည်။ mainstream rock တီးဝိုင်းများမှ ဆင်းသက်လာသော နည်းပညာများနှင့် ဟန်ပန်ထုတ်ထားသော ဂီတဆိုင်ရာ effect များမှ အာရုံစူးစိုက်ထားခြင်း ဖြစ်သည်။ Holmstrom ၏ အဆိုအရ punk rock သည် rock and roll လူစုဖြစ်ပြီး စွမ်းရည်သိပ်မရှိသော(ဂီတသမား)လူစုဖြစ်၍ ဂီတကို ဖော်ပြရန်လိုအပ်သည်။ ၁၉၈၀ ၏ ခေါင်းစဉ်သည် နယူးယော့ခ် punkတီးဝိုင်း Stimulators ၏ "Loud Fast Rules!" ဖြစ်ပြီး punkဂီတ၏ ပါဝင်ရေပန်းစားနေသော စကားလုံးကို ဖော်ပြထားသည်။ ဗြိတိန် punk rock အချို့၏ဦးဆောင်သည့်ရုပ်လုံးမှာ mainstream rock မှ ပစ်ပယ်ထားသော show ပွဲများပြုလုပ်ကြသည်။ ကျယ်ပြန့်သည့် ယဉ်ကျေးမှုများနှင့် သက်ဆိုင်သည်။ သို့သော် သူတို့၏ အလျင်ကျသော ကျင်းပမှုများမှာ ၁၉၇၇တွင် ကျင်းပခဲ့သော No Elvis, Beatles သို့ Rolling Stones နှင့် ၁၉၇၇ the Clash သီချင်းဖြစ်သည်။ ယခင်နှစ်များတွင် ဂရိတ်ဗြိတိန်၌ ပြောင်းလဲပြုပြင်ခြင်းစတင်ခဲ့သည်။ ဂီတဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ "Year Zero" ဖြစ်သည်။ အတိတ်ကို လွှမ်းဆွတ်မှုများကို ပစ်ပယ်ထားပြီး nihistic ကို ဖြစ်ရပ်တွင် မွေးစားထားသည်။ Clash တီးဝိုင်း၏အဆိုတော် Joe Strummer ၏အပြင်အရ punk rock သည် လွတ်လပ်မှုကို ဆိုလိုပြီး ကျွန်ုပ်တို့လုပ်ချင်တာတွေကို ဆိုလိုပါတယ်။

Punk ယဉ်ကျေးမှုထဲတွင် မှန်ကန်သည့် သတင်းဖြစ်သည်။ poseur ဟူသော ဝေါဟာရသည် punk နှင့်ပတ်သက်ပြီး အသုံးပြုထားသည်။ မွေးစားထားသည့်ပုံစံအဖြစ်မှတ်ယူထားသည်။ နားလည်ခြင်းသည် တန်ဖိုးနည်း ဒဿနိကဗေဒအောက်တွင် တည်ရှိသည်။ Daniel S.Traber က punk၏ စစ်မှန်ခြင်းသည် ခက်ခဲသည်ဟုဆိုသည်။ punk ဖြစ်သော punk ၏ဖြစ်ရပ်သည် ပြည့်စုံလာခဲ့သည်။ သတိပြုမှတ်သားထားပြီး နောက်ဆုံးတွင် poseur ဟုခေါ်သည်။

ဂီတဆိုင်ရာနှင့် စာသားဆိုင်ရာအစိတ်အပိုင်း[ပြင်ဆင်ရန်]

punk rock တီးဝိုင်းများသည် ၁၉၆၀ garage rock ၏ ဂီတဆိုင်ရာ တည်ဆောက်ပုံနှင့်စီစဉ်ထားမှုကို အားကျမခံဘဲ ဖွင့်လှစ်ပြသခဲ့သည်။ ထုံးစံအတိုင်း punk rock တီးခတ်ပုံများတွင် အဆိုနှင့်အတူ electric bass နှစ်ခုနှင့် ဒရမ်တို့ပါဝင်သည်။ သီချင်းများကို ကျော်ကြားသော အမျိုးအစားများထက်တိုစေရန် ရည်ရွယ်ထားသည်။ punk rock ၏အစောပိုင်း သီချင်းများတွင် rock ‘n’ roll ၏ 4/4 time signature မှ verse-chorus များပါဝင်သည်။ ဝေဖန်ရေးဆရာ Steven Brush ၏ဖော်ပြချက်တွင် Sex Pistols တွင် Chuck Berry ၏ version ပုံစံမျိုးဖြစ်သည်ဟုဆိုသည်။ Hardcore သည် ထိုအရင်းအမြစ်မှဖြစ်သည်။ သို့သော် verse-chorus rock မဟုတ်ပေ။ ၎င်းသည် သီချင်းရေးသည့်ပုံစံကို ပပျောက်စေသည်။ ဤသည်မှာ သူ၏ကိုယ်ပိုင် ပုံစံဖြစ်သည်။

Punk rock ပုံစံသည် တစ်ခါတစ်ရံတွင် နှာခေါင်းပေါက်နှင့်ဆိုင်ပြီး စာသားများမှာ ဓလေ့ထုံးစံဖြစ်ရပ်မှ အော်ဟစ်ကြသည်။ အထူးသဖြင့် hardcoreပုံစံဖြစ်သည်။ အသံနေအသံထားမှ မကြာခဏမဟုတ်ဘဲ တစ်ခါတစ်ရံသာ ပြောင်းလဲထားသည်။ အခြေခံဂီတာ break များနှင့် ဆိုင်သော်လည်း ရှုပ်ထွေးသော ဂီတာ solo များမှာ မလိုအပ်ဟူယူဆထားသည်။ ဂီတာအပိုင်းများမှာ distorted power chords (သို့) Robert Quine သည် the Velvet Underground မှ Like Turne ၏ ၁၉၅၀ recording သို့အသုံးပြုထားသည်။ (တချို့ punk rock ဘေ့စ် player များမှာ ဥပမာ the Minutemen နှင့် firehouse မှ Mike Wattသည် technical bass line များကို အသားပေးထားသော်လည်း) ဘေ့စ်ဂီတာသမားများသည် မြန်သော note များကို အသုံးပြုပြီး fingerpicking များကို အသုံးပြုထားသည်။ ဒရမ်များသည် လေးလံ၍ ခြောက်သွေ့သောအသံများဖြစ်ပြီး rock ၏အခြားပုံစံများနှင့် နှိုင်းယှဉ်လျက် Syncopation နည်းသည်။ Hardcore ဒရမ်များမှာ အထူးသဖြင့် မြန်သည်။

Punk rock စာသားများထုံးစံအတိုင်း ကျော်ကြားသောဂီတအမျိုးအစားများနှင့် နှိုင်းယှဉ်လျှင် ပွင့်လင်းသည်။ သူတို့သည် လူမှုရေးနှင့် နိုင်ငံရေးကိစ္စများတွင် ပွင့်ပွင့်လင်းလင်းရှင်းပြသည်။ သီချင်းများသည် Career Opportunities နှင့် Chelsea တီးဝိုင်း၏အလုပ်လက်မဲ့လူဦးရေအကြောင်းကို ရေးဖွဲ့ထားသည်။ "Right to Work" သို့တိမ်းညွတ်လိုက်ပါလာကြသည်။ အထူးသဖြင့် British punkတွင် mainstream သို့ အထိတ်တလန့်ကြမ်းတမ်းလာခဲ့သည်။ The Sex Pistols ၏ "Anarchy in the U.Kနှင့် God save the Queen" ဗြိတိန်နိုင်ငံရေးနှင့် လူမှုရေးများသို့ ကဲ့ရဲ့ရှုတ်ချလာခဲ့သည်။ စိတ်ကူးယဉ်ပပျောက်ရေးနှင့် လိင်ကိစ္စများမှာ အဓိကဖြစ်ပြီး Richard Hell နှင့် Voidoids တီးဝိုင်းနှင့်အတူ "Loves Comes in Spurts" ကဲ့သို့ဖြစ်သည်။ Anomie, Blank Generation ရှိအမျိုးအမျိုးသော ဖော်ပြချက်နှင့် Ramones ၏ “Now I Wanna Sniff Some Glue” သည် အဓိကဆိုင်သော ဖော်ပြချက်ဖြစ်သည်။ V.Vale ၏ ဖော်ပြထားသည်။ punk နှင့် ထပ်တူထပ်မျှ အကြောင်းအရာမျှဖြစ်သည်။ punk သည် ယဉ်ကျေးမှုဆိုင်ရာ တော်လှန်ရေးဖြစ်သည်။ hardcore သည် သမိုင်းကြောင်းနှင့်ယဉ်ကျေးမှုဖြစ်သည်။ ညာတောင်ပံပုံရိပ်များနှင့် လိင်ပိုင်းဆိုင်ရာတားမြစ်ချက်များ မည်သည့်မျိုးဆက်ထဲတွင် မပါသော အသည်းအသန်ကြိုစားရှာဖွေထားခြင်းဖြစ်သည်။

ရုပ်လုံးပေါ်ခြင်းနှင့် အခြားအစိတ်အပိုင်းများ[ပြင်ဆင်ရန်]

The classic punk rock သည် ၁၉၅၀ နှင့်ဆက်စပ်နေသော rockabilly ဖြစ်ရပ်နှင့် ၁၉၆၀ ဗြိတိန် rocker အမေရိကန် greaser တို့ဝတ်ဆင်ခဲ့သည့် T-shirt, motocycle jacket နှင့် ဂျင်းများဝတ်ဆင်ကြသည်။ ၁၉၇၆ ၏ cover debut album တွင် punk photographer Roberta Bayley သည့် feature ပါဝင်သီဆိုထားသည်။ punk နှင့် nonpunk rock ဂီတသမားများ အားကျမခံပြုလုပ်ခဲ့သည့် ပုံစံ၏အခြေခံအစိတ်အပိုင်းများ တပ်ဆင်ထားသည်။ အစောပိုင်း female punk ဂီတသမားများသည် Siouxsie Sioux မှ ပုံစံများကို ခင်းကျင်းပြသခဲ့သည်။ တည်ဆောက်သူများသည် အမျိုးသမီးဝါသနာအိုး လွှမ်းမိုးမှုကို စမ်းသပ်သိသာစေခဲ့သည်။ တက်တူးများ၊ ဖောက်နားကပ်များ၊ သတ္ထုသံမှိုများနှင့် ချွန်ထက်နေသော အသုံးအဆောင်များသည် ဂီတပညာရှင်နှင့်ဝါသနာအိုးများကြားထဲတွင် punk ဖက်ရှင်၏အဓိက အစိတ်အပိုင်းများအဖြစ်တိုးပွားလာခဲ့သည်။ punk rock ဖြစ်ရပ်ရှုထောင့်ဖြစ်ရပ်များကြားထဲတွင် punk ဆံပင်သည် သူတို့၏အရေးပါသော လွတ်လပ်သော ဖော်ပြချက်ဖြစ်လာခဲ့သည်။ အမျိုးသား punk ဆံပင်သည် တို၍ နုတ်ဖြတ်ထားသည့်ပုံပေါ်သည်။ နောက်ပိုင်းတွင် Mohawk ပုံစံပေါ်ထွက်လာသည်။ Monhawk နှင့်အတူ ချွန်ထက်နေသောပုံစံများသည် punk rock အမျိုးအစားနှင့်ဆက်စပ်နေသည်။

အမျိုးသားဂီတသမားများ၏ စတိတ်ဖျော်ဖြေမှုပုံစံသည် rock ဂီတနှင့် ဆက်နွယ်၍ ကိုယ်နေဟန်ထားတို့မှ သွေဖည်၍ လာခဲ့သည်။ John Strohm အကြံညဏ်ပေးထားသည်မှာ 60garage တီးဝိုင်းများမှ ပုံစံများကို မွေးစားထားသည်။ Schor Dave Laing ကဖော်ပြထားသည်မှာ အမျိုးသားဂီတသမားများနှင့်ဆက်နွယ်၍ ဖက်ရှင်အစိတ်အပိုင်းများကို ဘေ့စ် Gaye Advert မွေးစားထားသည်မှာ ဆွဲဆောင်မှုရှိလှသည်ဟုဆိုသည်။

ဝိသေသလက္ခဏာပုံစံမှာ pogo ပုံစံဖြစ်သည်။ Sex Pistol ၏ဘေ့စ်ဂီတသမားသည် သူတို့၏ ဖျော်ဖြေပွဲတွင် page ကို မှတ်တမ်းတင်ခဲ့သည်။ Moshing (Slam Dancing) သည် hardcore show ၏ ပုံစံတစ်မျိုးဖြစ်သည်။

Breaking down the distance သည် ဖျော်ဖြေသူနှင့် ပရိသတ်များကြားထဲတွင် punk ယဉ်ကျေးမှုကြားထဲတွင် ဗဟိုဖြစ်လာခဲ့သည်။ ဝါသနာအိုးများ ဂီတဖျော်ဖြေပွဲတွင် ပါဝင်ဆင်နွဲခြင်းသည် အရေးကြီးသည်။ ပဋိပက္ခဆန်သော အပြုအမှုများမှ လှုံဆော်လာကြသည်။ သိသာသော ဖောက်ပြန်ခြင်း သို့မဟုတ် သင့်လျော်သော punk ဟု ခေါ်သည်။ ပထမလှိုင်းများတွင် ပါဝင်သော ဗြိတိန် punk တီးဝိုင်းများမှာ Sex Pistols နှင့် the Dammed ဖြစ်ပြီး ခုန်လွားပြီး ပရိသတ်ကြားထဲတွင် ပြင်းထန်သော တုံပြန်ခြင်းဖြစ်သည်။ hardcore နယ်ပယ်တွင် ကျူးကျော်ခြင်း၏ရှေ့ပြေးမှာ stage diving ဖြစ်သည်။ နောက်ဆက်တွဲအနေဖြင့် ဝါသနာအိုးတော်တော်များများသည် punk တီးဝိုင်းများသို့ ဆက်သွယ်ခဲ့သည်။ ပရိသတ်အဖွဲ့ဝင်များသည် အတွေ့အကြုံနုနေသော ကာလအပိုင်းအခြားနှင့် ထုတ်ဝေသော မဂ္ဂဇင်းတွင် ပါဝင်လာခဲ့သည်။ England တွင် Laing အဆိုအရ punk သည် ပထမဆုံးဂီတဆိုင်ရာမဂ္ဂဇင်းတွင် ပါဝင်လာခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]