သိန္နီဟော်နန်း

ဝီကီပီးဒီးယား မှ
သိန္နီဟော်နန်း
Map
အထွေထွေ အချက်အလက်များ
လိပ်စာသိန္နီမြို့ရှမ်းပြည်နယ်မြန်မာနိုင်ငံ
ကိုဩဒိနိတ်23°17′56″N 97°57′47″E / 23.299°N 97.963°E / 23.299; 97.963ကိုဩဒိနိတ်: 23°17′56″N 97°57′47″E / 23.299°N 97.963°E / 23.299; 97.963
ပြီးစီး၁၉၁၁

သိန္နီဟော်နန်း သို့မဟုတ် သိန္နီဟော် (ရှမ်း: ႁေႃသႅၼ်ဝီ) သည် သိန္နီနယ်ကို အုပ်ချုပ်ခဲ့သော စော်ဘွားများ နေထိုင်ခဲ့သော အဆောက်အဦး ဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

သိန္နီဟော်နန်းကို ၁၉၁၀ ခုနှစ်တွင် သိန္နီနယ် စော်ဘွား ခွန်ဆန်တုန်ဟုန်း က စတင်ဆောက်လုပ်ခဲ့ပြီး မန္တလေးနန်းတော်၏ ဒီဇိုင်းကို အခြေခံ ဆောက်လုပ်ခဲ့သည်။[၁][၂] စောဝ်နန်းဟိန်ခမ်ကို ၁၉၁၆ ခုနှစ်တွင် သိန္နီဟော်၌ မွေးဖွားခဲ့သည်။[၃] ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၄ ခုနှစ် ဧပြီလတွင် လေကြောင်းဗုံးကြဲမှုများကြောင့် ဟော်နန်းမှာ ပျက်စီးခဲ့သည်။[၄][၂]

၁၉၆၂ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရပြီးနောက်တွင် ဟော်နန်းနေရာအား စစ်အခြေစိုက်စခန်းအဖြစ် အသုံးပြုခဲ့သည်။[၃] ၁၉၈၁ ခုနှစ်တွင် ဟော်နန်း၏ ပိုင်ဆိုင်မှုအား သိန္နီ ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီသို့ လွှဲပြောင်းခဲ့သည်။[၅]

သိန္နီဟော်နန်း ပုံစံတူ ပြန်လည်ဆောက်လုပ်မည်ဟု မြန်မာအစိုးရက ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် ကြေညာခဲ့သည်။[၆] ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ယခင်ဟော်နန်းဟောင်း၏ ဘယ်ဖက် ၆၃ ပေ (၁၉ မီတာ) အကွာတွင် ဆောက်လုပ်ရေးလုပ်ငန်းများ စတင်ခဲ့သည်။[၆][၂] ပန္နက်ရိုက်ခြင်းကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် ပြတိုက်အဖြစ် ဖွင့်လှစ်ခဲ့သည်။[၂][၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Coup Junta leader attends opening ceremony of new Shan Palace in Theinni (in en) (2023-04-12)။ 2023-12-27 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ "HISTORIC BUILDING: PALACE MUSEUM OPENED IN THEINNI"၊ MITV၊ 2023-04-12။ 
  3. ၃.၀ ၃.၁ Forbidden Glimpses of Shan State (November 2009)။
  4. Ceremony to Inaugurate Haw Palace (Haw Kham Shan Wi) of Hsenwi Saopha Hkun Hsang Tone Hung Renovated as Hsenwi Haw Palace Cultural Museum Held (2023-04-12)။ 2023-12-27 တွင် ပြန်စစ်ပြီး။
  5. ထက်နိုင်ဇော်။ "သိန္ဒီနှင့် မိုင်းပွန်ဟော်နန်းတို့ကို တပ်မတော်က ပြုပြင်ထိန်းသိမ်းပေးမည်" (in my)၊ The Irrawaddy၊ 2020-09-28။ 
  6. ၆.၀ ၆.၁ Palace of Hsenwi Sawbwa to be restored (in en) (2017-02-25)။ 2023-12-27 တွင် ပြန်စစ်ပြီး။