ရွှေဘုံရတနာ မင်္ဂလာနန်းတော်

ဝီကီပီးဒီးယား မှ
ရွှေဘုံရတနာ မင်္ဂလာနန်းတော်

ရွှေဘုံရတနာ မင်္ဂလာနန်းတော် သည် စစ်ကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်ရွှေဘိုမြို့နယ်၊ ရွှေဘိုမြို့မဈေး၏ အနောက်ဖက်ကပ်လျက်တွင် တည်ရှိသည်။ ကုန်းဘောင်ခေတ် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ စံမြန်းခဲ့ရာ နန်းတော်နေရာဖြစ်သည်။ ကိုလိုနီခေတ်က နန်းတော်နေရာကို ရွှေဘိုအကျဉ်းထောင်အဖြစ် ပြုလုပ်ခဲ့ရာ ၁၉၉၇ ခုနှစ်တွင်မှ နန်းတော်ကို အသစ်ပြန်လည်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ နန်းတော်ဝင်းအတွင်းတွင် ဘုံစံတုလွှတ်ကျောက်စာရုံနှင့် အလောင်းမင်းတရားကြီး၏ အုတ်နန်းပြဿဒ်တို့လည်း တည်ရှိသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

တတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သော အလောင်းမင်းတရားကြီးသည် သူ၏ ထန်းလုံးတပ်ကာ မင်းနေပြည်တော်ကို မတင့်တယ်လှသည့်အတွက် မြန်မာသက္ကရာဇ် ၁၁၁၅ ခုနှစ်တွင် မြို့တော်သစ်နှင့် နန်းတော်ကို တည်ဆောက်ခဲ့သည်။ အလောင်းမင်းတရား၏ ဒုတိယသားတော် ဆင်ဖြူရှင်မင်းသည် ရွှေဘိုတွင် နှစ်နှစ်မျှ စံနေတော်မူပြီးနောက် မင်းနေပြည်တော်ကို အင်းဝသို့ ရွှေ့ပြောင်းခဲ့သည်။