လှိုင်သာယာ(ရန်ကုန်)-ဟင်္သာတ ရထားလမ်း

ဝီကီပီးဒီးယား မှ

လှိုင်သာယာ(ရန်ကုန်)-ဟင်္သာတ ရထားလမ်းသည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ ပြေးဆွဲသော မီးရထားလမ်းပိုင်းဖြစ်သည်။ အဆိုပါရထားလမ်းပိုင်းသည် ဧရာဝတီမြစ် အရှေ့ဘက်ခြမ်း ရန်ကုန် (လှိုင်သာယာ)နှင့် အနောက်ဘက်ခြမ်း ညောင်တုန်း-စက္ကော-ဇလွန်-ဟင်္သာတ စသည့်မြို့များကို ဆက်သွယ်ဖောက်လုပ်ထားခြင်းဖြစ်သည်။ ရထားလမ်းပိုင်းသည် မိုင် (၉၀) ခန့် ရှည်လျားပြီး ခရီးစဉ် (ရန်ကုန်-ဟင်္သာတ) တစ်ပိုင်းလျှင် ခြောက်နာရီခန့် ကြာမြင့်သည်။ ၂၀၁၄ခုနှစ် မေလ ၂၄ ရက်နေ့မှ စတင်ကာ အစုန်အဆန်ရထားနှစ် လိုင်းပြေးဆွဲပေးခဲ့သည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

လှိုင်သာယာ-ဟင်္သာတ ရထားလမ်းပိုင်းသည် ၈၉.၇၆ မိုင် အကွာအဝေးရှိပြီး နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ ဖြိုးရေးကောင်စီ အစိုးရလက်ထက် ၂၀၁၀ ခုနှစ် မတ် ၅ ရက်နေ့တွင် ကျင်းပပြုလုပ်သော အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေး အစည်းအဝေးအမှတ်စဉ် ၁/၂၀၁၀ ဆုံးဖြတ်ချက်အရ ယခင်ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ မြန်မာ့မီးရထားက ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်တွင် စတင်ဖောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ဟင်္သာတ-ဇလွန်လမ်းပိုင်း ၁၆.၂၅ မိုင်ကို ၂၀၁၀ ပြည့်နှစ် ဇူလိုင် ၂၀ ရက်တွင် လည်းကောင်း၊ ဇလွန် - ညောင်တုန်း လမ်းပိုင်း ၄၆ မိုင်ကို ၂၀၁၃ ခုနှစ် မေ ၂၃ ရက်တွင် လည်းကောင်း၊ ညောင်တုန်း- လှိုင်သာယာလမ်းပိုင်း ၂၇.၇၅ မိုင်ကို ၂၀၁၄ ခုနှစ် မေ၂၄ ရက်တွင်လည်းကောင်း အသီးသီး ဖွင့်လှစ်ခဲ့သည်။ အဆိုပါလမ်းပိုင်သည်ကုန်ကျစရိတ် ငွေကျပ် ၂၈ ဒသမ ၇ ဘီလျံ ကုန်ကျခဲ့သည်။[၂]

ရပ်ဆိုင်းခဲ့[ပြင်ဆင်ရန်]

ရထားပြေးဆွဲမှုကို ၂၀၁၆ ခုနှစ် ဇွန် ၁၀ ရက်က စတင်ပြီး ဘဏ္ဍာရေးအခြေအနေများကြောင့် ရပ်နားခဲ့ရသည်။


ကိုးကား[ပြင်ဆင်ရန်]