ကလော-လွိုင်ကော် ရထားလမ်း

ဝီကီပီးဒီးယား မှ
ကလော-လွိုင်ကော် ရထားလမ်း
လွိုင်ကော်ဘူတာအား မြင်တွေ့ရစဉ်
Overview
ပိုင်ဆိုင်သူမြန်မာ့မီးရထား
ဒေသအောင်ပန်းဘူတာ - လွိုင်ကော်ဘူတာ
တည်ထောင်ခြင်း
လည်ပတ်မှုစတင်၁၉၉၃ခုနှစ် ဇန်နဝါရီလ ၂၇ရက်နေ့
နည်းပညာအချက်အလက်
ပတ်လမ်းအရှည်၁၀၂.၂ မီတာ
လမ်းကြောင်းစံအတိုင်းအတာ၁၀၀၀ mm (3 ft 3 38 in)

ကလော-လွိုင်ကော် ရထားလမ်း သည် ၁၀၀၀ mm (3 ft 3 38 in) ဂေ့ချ်ရထားလမ်းဖြစ်ပြီး ကလောမြို့ မှ ကယားပြည်နယ်မြို့တော် လွိုင်ကော်မြို့အား ဆက်သွယ်ထားသော ရထားလမ်းဖြစ်သည်။ အောင်ပန်းဘူတာမှ ပင်လောင်းမြို့ နှင့် လွိုင်ကော်မြို့များသို့ ချိတ်ဆက် ဖောက်လုပ်ထားခြင်းဖြစ်ကာ ရထားလမ်းသည် ၁၀၂ မီတာ ရှည်လျားသည်။ ဘူတာကြီးများမှာ ကလောဘူတာပင်လောင်းဘူတာ နှင့် လွိုင်ကော်ဘူတာတို့ဖြစ်သည်။ [၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

အောင်ပန်းဘူတာမှ တည်ဆောင်ရေးလုပ်ငန်းများကို ၁၉၉၀ခုနှစ် စတင်ခဲ့ပြီး အောင်ပန်း - ပင်လောင်း လမ်းပိုင်းအား ၁၉၉၃ခုနှစ် ဇန်နဝါရီလ ၇ရက်နေ့တွင်လည်းကောင်း ၊ ပင်လောင်း - လွိုင်ကော်လမ်းပိုင်းအား ၁၉၉၃ခုနှစ် ဇန်နဝါရီလ ၂၇ရက်နေ့တွင်လည်းကောင်း အသီးသီး ဖွင့်လှစ်ခဲ့သည်။

တောင်ငူ နှင့် ပျဉ်းမနားမြို့များမှ လွိုင်ကော်မြို့သို့ ပင်လောင်းမြို့မှ တစ်ဆင့် တိုက်ရိုက်ရထားလမ်းသစ် ချိတ်ဆက်ဖောက်လုပ်ရန်လျာထားကာ ဆင်သေရထားလမ်းခွဲမှ တောင်ခြေအထိ လမ်းအူကြောင်း ဖောက်လုပ်ပြီး ဖြစ်သည်။

ဘူတာများ[ပြင်ဆင်ရန်]

  • (1) ကလောမြို့ ၃၆၉
  • (18) အောင်ပန်း ၃၇၆ (ရထားလမ်းဆုံ) ရပ်စောက်မြို့နှင့် မိုးနဲမြို့သို့
  • (19) နန်းတွမ် ၃၈၀
  • (20) အင်းဝ ၃၈၄ ၁/၂
  • (21) ဘော်နင်းကုန်း ၃၈၉
  • (22) နန်းတိုင်း ၃၉၁ ၁/၂
  • (23) ဆောင်းဘွဲ့ -
  • (24) သီရိ ၃၉၇
  • (25) နောင်ပွဲ -
  • (26) တီကျစ် ၃၉၈ ၁/၂
  • (27) လှည်းကုန်း -
  • (28) ဘုရားမဲ ၄၀၀
  • (29) သံတဲ ၄၀၄
  • (30) နောင်တရာ ၄၁၀ ၁/၂
  • (31) ဉာဏ်ပင် ၄၁၂ ၁/၄
  • (32) တကူမှို့ ၄၁၃ ၁/၂
  • (33) ထီယွန်း ၄၁၅
  • (34) သစ်ပင်ကြီး ၄၁၆ ၃/၄
  • (35) ဆောင်းဆီး ၄၁၈
  • (36) ပင်လောင်းဈေး -
  • (37) ပင်လောင်းမြို့ ၄၂၄ ၁/၂
  • (38) ဝါးလီ ၄၂၈ ၁/၂
  • (39) ပင်ခွံ ၄၃၀ ၃/၄
  • (40) နန်းထာ -
  • (41) ဆောင်းပြောင်း ၄၃၉ ၃/၄
  • (42) ကရား ၄၄၅ ၁/၂
  • (43) မယ်ဇလန် ၄၄၈ ၁/၄
  • (44) ကသည်း ၄၅၃
  • (45) ဖယ်ခုံ ၄၅၅ ၃/၄
  • (46) ခေါင်မှိုင်း ၄၆၃ ၁/၂
  • (47) မိုးဗြဲ ၄၆၇ ၁/၂
  • (48) ဝါးလီဆူပလိုင်း -
  • (49) ဝိသဲသူ ၄၇၀
  • (50) နန်းမယ်ခုံ ၄၇၃ ၁/၄
  • (51) လွိုင်ကော်မြို့ ၄၇၈

ကိုးကား[ပြင်ဆင်ရန်]

  1. Railway lines in Eastern Myanmar