ရှင်တေဇယန္တ

ဝီကီပီးဒီးယား မှ

ရှင်တေဇယန္တ (၁၁၃၆ - ၁၂၀၉) သည် “နေရင်းဆရာတော်” [မှတ်စု ၁] ဟု ထင်ရှားခဲ့သည့် ဆရာတော် ဖြစ်သည်။ [၁]

ဘဝ[ပြင်ဆင်ရန်]

ဆရာတော်ကို ၁၁၃၆ ခုနှစ်တွင် ပုခန်းကြီးမြို့၊ အရှေ့လက် နေရင်းရွာတွင် ဖွားမြင်ခဲသည်။ ငယ်မည် “မောင်ကွမ်” ဖြစ်သည်။ မိဘများမှာ မောင်ရင်မောင်နှင့် ရှင်ဝင်းသာတို့ ဖြစ်ကြသည်။ အရွယ်ရောက်သည့်အခါ “ရှင်တေဇယန္တ” ဘွဲ့ဖြင့် ရဟန်းပြုခဲ့သည်။ ရတနာပူရ စတုတ္ထမြို့တည် မင်းတရားလက်ထက်တွင် စလင်းမင်းသားသည် အင်းဝမြို့တောင်ဘက်၌ အုတ်ကျောင်းဆောက်လုပ်ကာ ကိုးကွယ်ခဲ့သည်။ အမရပူရမြို့သို့ ရောက်သောအခါ မြို့တော်၏ မြောက်မျက်နှာ ဆင်တဲကျောင်းတိုက်တွင် အတွင်းဝန် ပေါက်မြိုင်မြို့စား မောင်မှုံက ကျောင်းကြီးဆောက်လုပ်ဆဲတွင် ဝါဆိုကျောင်း၌ သီတင်းသုံးခဲ့သည်။ ဆရာတော်သည် “ဇနိန္ဒာဘိသီရိပရမဓဇမဟာဓမ္မရာဇာဓိရာဇဂုရု” တံဆိပ်တော်ကို ရခဲ့သည်။ [၁]

ပျံလွန်တော်မူခြင်း[ပြင်ဆင်ရန်]

ဆရာတော်သည် ၁၂၀၉ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။ [၁]

မှတ်စု[ပြင်ဆင်ရန်]

  1. တနင်္ဂနွေမင်းလက်ထက် မဏိရတနာဆရာတော် ရှင်အရိယာလင်္ကာရသည် နေရင်းရွာဇာတိဖြစ်၍ နေရင်းဆရာတော်ဟုပင် မှတ်သားကြသေးသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၆၇။