ရေညှောင့်ကောင်ငှက်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ရေညှောင့်ကောင်ငှက်
Sandpipers
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက [[Animalia]]
မျိုးပေါင်းစု [[Chordata]]
မျိုးပေါင်း [[Aves]]
မျိုးစဉ် [[Charadriiformes]]
မျိုးစဉ်သေး '''Scolopaci'''
မျိုးရင်း '''Scolopacidae'''

ရေညှောင့်ကောင်ငှက် (Sandpoper)[ပြင်​ဆင်​ရန်​]

ရေညှောင့်ကောင်ငှက် (Sandpoper) သည် အကောင်အရွယ်အစား သေးငယ်ပြီး ကမ်းခြေရေစပ်နေ ခြေတံရှည် ငှက်မျိုးနွယ်စိတ် ဖြစ်ပါသည်။

၎င်းကို အရှေ့တောင်အာရှ ဒေသအတွင်း ဆောင်းဥတု ရာသီကာလနှင့် ရုရှားနိုင်ငံ အရှေ့မြောက်ဒေသတို့တွင် တွေ့ရှိရပါသည်။ ရေညှောင့်ကောင် ငှက်မျိုးနွယ်စိတ်မှာ ယနေ့အချိန်တွင် မျိုးသုဉ်းရှားပါး တိရစ္ဆာန်များ စာရင်းဝင်နေပြီး ကမ္ဘာတစ်ဝန်း ကောင်ရေ အနည်းငယ်မျှသာ ကျန်တော့သည်ဟု ခန့်မှန်းထားကြပါသည်။ ၂၀၁၀ ပြည့်နှစ်၊ မတ်လ ၁၉ ရက်နေ့က ထုတ်ပြန်သည့် အပြည်ပြည်ဆိုင်ရာ ဂေဟဗေဒ အတိုင်ပင်ခံအဖွဲ့၏ ခေါင်းဆောင် ဒေါက်တာ (Christoph Zoeckler) ၏ အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ ကမ်းရိုးတန်း ဒေသများ၌ ရေညှောင့်ကောင် ငှက်အရေအတွက် ၁၅၀ မှ ၂၀၀ အကြား ရှာဖွေ တွေ့ရှိခဲ့သည်ဟု ဖော်ပြထားပါသည်။

အဆိုပါ တွေ့ရှိရသည့် အရေအတွက်က ကမ္ဘာတစ်ဝန်းရှိ ရေညှောင့်ကောင်ရေ အရေအတွက်၏ ၅၀ ရာခိုင်နှုန်းခန့် ရှိသည်ဟု အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။ ခန္ဓာဗေဒ အချက်အလက်အရ ရေညှောင့်ကောင် ငှက်မျိုးနွယ်စိတ်၏ အသွင်ထူးခြားချက်မှာ နှုတ်သီးချွန်ပြီး ရှည်လျားခြင်းပင် ဖြစ်ပါသည်။ သားပေါက် မွေးမြူနိုင်သည့် ရေညှောင့်ကောင် ငှက်၏ ခန္ဓာကိုယ် အလျားရှည်မှာ ၁၄ စင်တီမီတာမှ ၁၆ စင်တီမီတာမျှသာ ရှိပါသည်။ ၎င်းတို့၏ ဦးခေါင်းအရောင်မှာ နီညိုရောင်ရှိပြီး လည်တိုင်နှင့် ရင်ဘက်တို့တွင် ညိုနက်ရောင် အစင်းကွက်ကျားများ ဖြင့်ရှိပါသည်။

ရေညှောင့်ကောင်ငှက်၏ ခန္ဓာကိုယ် အထက်ပိုင်းတွင်မူ အဝါနုရောင်နှင့် အနက်ရောင် ရောစပ်တည်ရှိသော်လည်း အမြီးပိုင်းနှင့် တောင်ပံအနားစွန်းတို့ရှိ အရောင်အသွေးမှာမူ အရောင် ခပ်ဖျော့ဖျော့သာ ရှိသည်။ သားပေါက်မွေးမြူနိုင်ခြင်း မရှိတော့သည့် ရေညှောင့်ကောင် ငှက်အမ တစ်ကောင်၏ အရောင်အသွေးမှာ အနီရင့်ရင့်ရှိသော်လည်း ခန္ဓာကိုယ် အပေါ်ပိုင်းတွင်မူ အညိုရောင်ရင့်ရင့်ဖြင့် တည်ရှိပါသည်။

ထို့အပြင် တောင်ပံအနားစွန်း တစ်ဝိုက်ရှိ အရောင်အသွေးမှာမူ အဖြူရောင် ဖျော့ဖျော့သာ ရှိပါသည်။ ရေညှောင့်ကောင် ငှက်မျိုးနွယ်စုများ၏ ခန္ဓာကိုယ် အောက်ပိုင်း အရောင်အသွေးမှာမူ အဖြူရောင်နှင့် ခြေထောက်များရှိ အနက်ရောင်တို့မှာ အားလုံး အတူတူပင် ဖြစ်ပါသည်။ ရေညှောင့်ကောင်ငှက် တစ်ကောင်၏ ခန္ဓာကိုယ် အစိတ်အပိုင်း အတိုင်းအတာများ အနေဖြင့် တောင်ပံတစ်စုံ၏ အရှည်မှာ ၉၈ မီလီမီတာမှ ၁၀၆ မီလီမီတာထိ လည်ကောင်း၊ နှုတ်သီးအရှည်မှာ ၁၉ မီလီမီတာ မှ ၂၄ မီလီမီတာထိ လည်ကောင်း၊ အမြီးမှာ ၃၇ မီလီမီတာမှ ၃၉ မီလီမီတာထိ လည်ကောင်း အသီးသီးရှိကြပါသည်။

ပျံ့နှံ့တည်ရှိမှုနှင့် ဓလေ့သဘာဝ[ပြင်​ဆင်​ရန်​]

ရေညှောင့်ကောင် ငှက်မျိုးနွယ်စုမှာ ပင်လယ် ကမ်းခြေဒေသများတွင် ကျင်လည်ကျက်စားတတ်ကြပါသည်။ ရေညှောင့် ကောင်ငှက်များမှာ တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့ ကျက်စားနေထိုင်တတ်သည်နှင့်အညီ ပစိဖိတ်ကမ်းခြေ ဒေသတလျှောက်ရှိ တရုတ်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့၏ ကမ်းခြေ တစ်လျှောက်တွင် ပြောင်းရွှေ့နေထိုင်ကျက်စားကြသလို အရှေ့တောင်အာရှ ဒေသတွင်လည်း မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးကျွန်းဆွယ်နှင့် စင်ကာပူနိုင်ငံတွင် လည်းကောင်း၊ တောင်အာရှဒေသတွင် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် သီရိလင်္ကာနိုင်ငံတို့၌လည်း ပြောင်းရွှေ့ကျက်စား တတ်ကြပါသည်။

၎င်းတို့ အစားအစာ ရှာဖွေစားသောက်မှု ပုံစံမှာ ဦးခေါင်းကိုရှေ့သို့ငိုက်၍ ခုန်ဆွခုန်ဆွ လျှောက်လှမ်းပြီး ငါးအသေးများကို နှုတ်သီးဖြင့် ထိုးဆွကာ ကောက်ယူ စားသောက်ကြခြင်း ဖြစ်သည်။ သားပေါက်ရာသီကာလ အသိုက်များကိုမူ တန်ဒြာဒေသရှိ ကမ်းခြေဒေသများ၌ ဇွန်လမှ ဇူလိုင်လအတွင်း အသိုက်ဖွဲ့ နေကြပါသည်။ အသိုက်ဖွဲ့ တည်ဆောက်ရာတွင်လည်း ကြည်လင်သန့်ရှင်းသည့် ရေအိုင်နှင့် နီးကပ်သည့် မြက်ထူထူဒေသများကို ရွေးချယ်ကြပါသည်။

မြန်မာနိုင်ငံ၌ တွေ့ရှိရမှု အခြေအနေ[ပြင်​ဆင်​ရန်​]

မြန်မာနိုင်ငံ၌ ရေညှောင့်ကောင် ငှက်များတွေ့ရှိမှု အခြေအနေကို ရှားပါးငှက်မျိုးစိတ်များစောင့်ကြည့် လေ့လာရေး နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုက ၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်နေ့က သတင်းတစ်ရပ်ထုတ်ပြန် ကြေညာပေးခဲ့ပါသည်။ ကျေးငှက်တို့၏ ဘဝလုံခြုံရေး နိုင်ငံတကာ အဖွဲ့အစည်း၏ ကမကထပြုမှုဖြင့် ထိုင်း၊ ဂျပန်နှင့် ရုရှားနိုင်ငံတို့၏ လေ့လာရေး နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုက ၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်နေ့က သတင်းတစ်ရပ် ထုတ်ပြန် ကြေညာခဲ့သည်။

ကျေးငှက်တို့၏ ကမကထ ပြုမှုဖြင့် ထိုင်း၊ ပျပန်နှင့် ရုရှားတို့မှ ကျေးငှက်တိရစ္ဆာန်များ ကျွမ်းကျင်သူ ပညာရှင် အဖွဲ့သည် ရှားပါးကျေးငှက်မျိုးစိတ် ဖြစ်သည့် ရေညှောင့်ကောင်ငှက် ၈၄ ကောင်ကို မြန်မာနိုင်ငံ၏ ကမ်းခြေဒေသများတွင် ရှာဖွေ တွေ့ရှိခဲ့ပါသည်။၎င်းငှက်များမှာ ဆားဗီးယားနိုင်ငံမှ ပြောင်းရွှေ့လာကြသည့် ကျေးငှက်များ ဖြစ်သည်ဟု လေ့လာစောင့်ကြည့်ရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာ Christoph Zoeckler ကဆိုပါသည်။

ရေညှောင့်ကောင်ငှက်များ၏ ပြောင်းရွှေ့ ကျင်လည် ကျက်စားမှုအရ ဆားဗီးယားမှ တစ်ဆင့် ဂျပန်၊ မြောက်ကိုရီယား၊ တောင်ကိုရီယားနှင့် တရုတ်နိုင်ငံ၊ ၎င်းမှတစ်ဆင့် အရှေ့တောင် အာရှဒေသသို့ ဆောင်းရာသီ ကာလတွင် လာရောက် ခိုလှုံကြသည်ဟု ဆိုပါသည်။ ထို့ကြောင့် အရှေ့တောင် အာရှဒေသအတွင်း ဆောင်းခိုငှက်များအား စောင့်ကြည့် လေ့လာရန်အတွက် သုံးနှစ်နီးပါး ကြာအောင်ဂြိုလ်တု ဆက်သွယ်ရေးစနစ်၊ သုတေသနပြု စနစ်များဖြင့် အထောက်အထားများ ရရှိအောင် မှတ်တမ်းတင်ခဲ့ကြပါသည်။

ရလဒ်အဖြစ် ထိုင်းနယ်စပ်အနီးရှိ မုတ္တမ ပင်လယ်ကွေ့၊ ဘင်္ဂလား ပင်လယ်ကွေ့နှင့် ရခိုင်ပြည်နယ်တို့၌ ရေညှောင့်ကောင် ငှက်များအား ရှာဖွေမှတ်တမ်းတင် နိုင်ခဲ့ကြပါသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်မူ ကောင်ရေ အနည်းငယ်သာ တွေ့ရှိရသော်လည်း အိန္ဒိယနိုင်ငံတွင်မူ မတွေ့ရှိရဟု ဆိုပါသည်။ ယင်းနောက်ပိုင်း သုတေသန ပြုချက်များအရ မြန်မာနိုင်ငံ တစ်နိုင်ငံတည်း၌ပင် ရေညှောင့်ကောင်ငှက် အရေအတွက် ၁၅၀ မှ ၂၀၀ အကြားတွင် တွေ့ရှိရကြောင်း၊ အဆိုပါ အရေအတွက်က ကမ္ဘာတစ်ဝန်းရှိ ရေညှောင့်ကောင်ရေ အရေအတွက်၏ ထက်ဝက်ကျော်ပင်ဖြစ်ကြောင်း ဂေဟဗေဒပညာရှင် အတိုင်ပင်ခံ အဖွဲ့၏ ခေါင်းဆောင် ဒေါက်တာ Christoph Zoeckler က ၂၀၁၀ ပြည့်နှစ်၊ မတ်လ ၂၉ ရက်နေ့တွင် ပြောကြားခဲ့သည်။

လေ့လာသုံးသပ်ချက် အစီအရင် ခံစာများအရ ရေညှောင့်ကောင်များ၏ ဆောင်းခိုရာသီ ကာလအတွင်း ပျံ့နှံ့တည်ရှိမှုမှာ၂၀၁၀ မတ်လအတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ၌ ကောင်ရေ ၃၀ ခန့်ရှိပြီး တရုတ်၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့၌ အနည်းဆုံးကောင်ရေ ၆ ကောင်ခန့်ရှိသည်ဟု ဖော်ပြထားပါသည်။ ရေညှောင့်ကောင်ငှက်များ၏ ဆောင်းခိုရာသီကာလ ခိုနားရာဒေသအား ထိန်းသိမ်း စောင့်ရှောက်မှုတို့ကိုလည်း ပေးရမည်ဖြစ်ပါသည်။

ထို့အပြင် ရေညှောင့်ကောင်ငှက်များ၏ အနာဂတ်ကာလ အသက် အန္တရာယ် ခြိမ်းခြောက်မှုများကို လျှော့ချပေးရမည် ဖြစ်သလို အထူးသဖြင့် လူသားတို့၏ ကျော့ကွင်းထောင် ဖမ်းမှုများအပြင် ငှက်ဥများကို ရှာဖွေစားသောက်တတ်သည့် သားရဲ တိရစ္ဆာန်များ၏ အန္တရာယ်တို့ကိုလည်း ကာကွယ် စောင့်ရှောက်မှု ပေးရမည် ဖြစ်ပါသည်။ ထို့ကြောင့် ရေညှောင့်ကောင်ငှက်များ၏ အနာဂတ်ဘဝ ရှင်သန် ရပ်တည်ရေးအတွက် ဒေသခံအဖွဲ့အစည်း အသီးသီးက စောင့်ရှောက်မှုပေးရန် လိုအပ်သလို ထိုသို့ စောင့်ရှောက်ပေးခြင်းဖြင့်လည်း တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိ နိုင်စေပါသည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံရှိ ရခိုင်ပြည်နယ်အတွင်း နန်းသာ ကျွန်းစုသည် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်မှုများ မည်သို့ ဆောင်ရွက်ရမည်ကို ဒေသခံ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် ထားပြီးဆိုသည့် အချက်ကိုတွေ့ရှိရပါသည်။

အာရှဒေသအတွင်း ထိန်းသိမ်းစောင့်ရှောက်မှု[ပြင်​ဆင်​ရန်​]

ရေညှောင့်ကောင် ငှက်မျိုးနွယ်စုမှာ လက်ရှိအချိန်တွင်ကောင်ရေ ၂၅၀ အောက်သာရှိသည်ဟု ခန့်မှန်းထားပြီး အသက်အန္တရာယ် ခြိမ်းခြောက်မှု အမြင့်မားဆုံး အနေအထားသို့ ရောက်ရှိနေပါသည်။ အဓိက အကြောင်းရင်းမှာ ရွှေ့ပြောင်းနေထိုင်တတ်သည့် အပြုအမူအတိုင်း ဆောင်းခိုရာသီ ကာလတွင်မူ ၎င်းတို့ပျော်မွေ့ရာ ကျွန်းစုများ ပျက်စီး လျော့နည်းလာခြင်း တို့ကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် တောင်အာရှဒေသရှိ တရုတ်နှင့် အိန္ဒိယနိုင်ငံတွင် ဆောင်းခိုငှက်များ ကျင်လည်ကျက်စားရန် အတွက် ကာကွယ် ထိန်းသိမ်းမှုတို့ ဆောင်ရွက်လျက်ရှိပါသည်။[၁]

ရေညှောင့်ကောင်ကို ပါဏဗေဒအလိုအရ ထရင်ဂါ အော့ခရိုပပ် ဟုခေါ်သည်။ ထိုငှက်သည် စကိုလိုပါစီဒီး မျိုးရင်းတွင် ပါဝင်၏။

ရေညှောင့်ကောင်၏ ကိုယ်အလျားမှာ ကိုးလက်မခွဲခန့် ရှိသည်။ ပျံသန်းရာ၌ ထိုငှက်၏ အတောင်မည်းများကို ဖြူဖွေးနေသော တင်ပါး၊ အမြီးနှင့် ရင်ပတ်တို့ကြောင့် ထင် ရှားစွာ မြင်နိုင်လေသည်။ ထို့အပြင် တစ်ကောင်တည်း နေထိုင် တတ်သဖြင့် ထူးခြားသည်။ ပျံနေစဉ် လန့်သောအခါ ပထမ တွင် တဆစ်ချိုး ပျံတက်ပြီးလျှင် ထို့နောက်တွင် အပေါ်သို့ မြင့်သည်ထက် မြင့်အောင် ပျံတက်သွားတတ်သည်။ သို့ မဟုတ် ကောင်းကင်ပြင်တွင် စနိုက်ငှက်ကဲ့သို့ ပတ်၍ ပျံနေ တတ်လေသည်။

လန့်သောအခါ၌ အော်လေ့ရှိသောအသံမှာ နားထောင်၍ ကောင်းသည့် 'တလူစီ-တလူစီ' ဟူသည့်အသံ၊ သို့မဟုတ် 'ကလူစစ်' ဟူသည့် အသံမျိုးဖြစ်ပြီးလျှင် ပထမအသံကို ဆွဲ၍ အော်တတ်သည်။

ရေညှောင့်ကောင်သည် ဒေသပြောင်းသောအခါ၌ တစ်ခါ တစ်ရံတွင် အအုပ်အသင်းကလေးများ ဖွဲ့၍ ပျံသန်းတတ်သော် လည်း သာမန်အချိန်တွင် တစ်ကောင်တည်း နေထိုင်တတ်လေ သည်။ မည်သည့်ရေအိုင်စပ် အနီး၌မဆို နား၍ အစာကို ရှာဖွေ စားလေ့ရှိခြင်းနှင့် မည်မျှပင်သေးငယ်သော ကျွဲလူးအိုင်၏အနီး၌ ဖြစ်စေ နားပြီးလျှင် အစာကို ရှာဖွေစားလေ့ရှိခြင်းတို့သည် ထို ရေညှောင့်ကောင်၏ ထူးခြားချက်တစ်ရပ် ဖြစ်သည်။ ထို့အပြင် ထုံးအိုင်များနှင့် ရေလွှမ်းမိုးသည့် နေရာများတွင်လည်း ရေညှောင့်ကောင်ကို တွေ့ရတတ်သည်။ သို့သော် လဟာပြင်များနှင့် ဒီရေအတက်အကျရှိသော ချောင်းမြောင်းများ၏ ကမ်းပါးများ တွင်မူ ရေညှောင့်ကောင်ကို တွေ့ရခဲသည်။ လမ်းလျှောက်ရာ တွင် ဖျတ်လတ်သည့်အပြင် ဦးခေါင်းကိုလည်း ညိတ်တတ် သည်။ ထို့အပြင် အမြီးကိုလည်း မြှင့်ချည်နှိမ့်ချည် လုပ်တတ်သေး သည်။ မြန်မာနိုင်ငံ၌ ရာသီဥတု သင့်တော်သော ဒေသများတွင် ရေညှောင့်ကောင်ကို တွေ့ရ၏။ အထူးသဖြင့် ပဲခူးရိုးမ ရှိ သစ် တောများ၏ ချောင်းများ တစ်လျှောက်တွင် ရေညှောင့်ကောင် များကို အတွေ့ရများသည်။

ရေညှောင့်ကောင်သည် မြန်မာနိုင်ငံ၌ အမြဲနေထိုင်သော ငှက် မဟုတ်သော်လည်း ဆောင်းရာသီတွင် မြန်မာနိုင်ငံ တစ်ဝန်းလုံးသို့ လာရောက်နေထိုင်တတ်သည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)