မျိုးမင်းစိုး

ဝီကီပီးဒီးယား မှ
မျိုးမင်းစိုး
မွေးဖွား(၁၉၇၆-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၆"။-၁၂)ဇွန် ၁၂၊ ၁၉၇၆
မန္တလေးမြို့
နိုင်ငံလူမျိုး မြန်မာ
တက်ကြွလှုပ်ရှားနှစ်များ၂၀၀၇ - လက်ရှိ
ကျော်ကြားမှုအရင်းခံဖက်ရှင်ဒီဇိုင်နာ

မျိုးမင်းစိုး (၁၂ ဇွန် ၁၉၇၆ မွေးဖွား) သည် မြန်မာနိုင်ငံသား ဖက်ရှင်ဒီဇိုင်နာတစ်ဦး ဖြစ်သည်။ ၁၉၇၆ ခုနှစ်၊ ဇွန်လ (၁၂)ရက်နေ့၌ မန္တလေးမြို့တွင် မွေးဖွားခဲ့သည်။[၁]

မျိုးမင်းစိုးသည် မြန်မာ့ဒီဇိုင်နာလောက တွင်အောင်မြင်သော ဒီဇိုင်နာတစ်ယောက် ဖြစ်ပြီး ရွှေသား ဝတ်စုံများ၊ ရတနာဝတ်စုံများ ဖန်တီးချုပ်လုပ်ခြင်းဖြင့် ထင်ရှားသည်။[၂][၃][၄]

သက်မွေးဝမ်းကြောင်း[ပြင်ဆင်ရန်]

မျိုးမင်းစိုး သည် စက်ချုပ် လုပ်ငန်း လုပ်ကိုင်သော မိသားစုတွင် မွေးဖွားခဲ့သောကြောင့် ငယ်စင်ကတည်းကပင် စက်ချုပ်ခြင်းနှင့် ပတ်သက်ပြီး ရင်းနှီးခဲ့သည်။ စက်ချုပ်လုပ်ငန်းကို မိခင်ထံမှ ပညာအမွေ ဆက်ခံခဲ့သည်။ ၇ တန်း တက်ရောက်နေစဉ်ကတည်းကပင် နွေရာသီ ကျောင်းပိတ်ရက်ရောက်တိုင်း မိခင်ထံမှ စက်ချုပ် သင်ရသည်။ သူသည် ရတနာပုံတက္ကသိုလ် တွင် သင်္ချာမေဂျာဖြင့် အဝေးသင်တက်ရောက်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် ဘွဲ့ရခဲ့သည်။ ဖက်ရှင်ဆိုင် တစ်ဆိုင်တွင် အလုပ်လုပ်ခဲ့ပြီးနောက် ဖက်ရှင်ပညာကို ဝါသနာပါခဲ့ပြီး တက္ကသိုလ်ကျောင်းပြီးသောအခါ ဒီဇိုင်နာပညာကို စတင်လေ့လာခဲ့သည်။ သူသည် ၂၀၀၇ ခုနှစ်ကတည်းက ဒီဇိုင်နာလောက ကို ဝင်ရောက်လာခဲ့သည်။ သူ၏ ဖက်ရှင်ဆိုင်ကိုလည်း ၂၀၀၇ ခုနှစ်၊ မန္တလေးမြို့တွင် ဖွင့်လှစ်ခဲ့သည်။[၂]

မျိုးမင်းစိုးသည် မန္တလေးမြို့ မှ ရန်ကုန်မြို့အထိ ခြေဆန့်နိုင်ခဲ့ပြီး ဒီဇိုင်နာလောကတွင် အောင်မြင်သော ဒီဇိုင်နာတစ်ယောက် အဖြစ် ရပ်တည်နိုင်ခဲ့သည်။ ဟောင်ကောင်၊ ဘန်ကောက်၊ ချင်းမိုင် တို့တွင်လည်း သူဖန်တီးထားသော ဝတ်စုံပြပွဲနှင့်Show များပြုလုပ်ခဲ့ပြီး ဖြစ်သည်။ မြန်မာပြည်တွင်း တွင် ဖက်ရှင်ပြပွဲ ၁၀ဝ ကျော်ပြသခဲ့ပြီးဖြစ်သည်။ အမျိုးသမီးရေးရာပွဲများ၊ Myanmar Fashion Week များ၊ နိုင်ငံတော်ပွဲများ နှင့် တခြားပွဲများတွင်လည်း မျိုးမင်းစိုးရဲ့ ဖက်ရှင်ဝတ်စုံများကိုဖော်ပြခဲ့သည်။ ဖက်ရှင်ပြိုင်ပွဲများတွက်လည်း ဒိုင်အဖြစ်လည်း လုပ်ကိုင်သည်။[၂]ထို့အပြင် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲများတွင် ရုပ်ရှင်အနုပညာရှင်များနှင့် အတတ်ပညာရှင်များကို အဝတ်စားဆင်ယင်မှုအတွက် စပွန်ဆာပေးခဲ့သည်မှာ ၁၀နှစ်ကျော်ပြီ ဖြစ်သည်။[၅] မျိုးမင်းစိုးသည် ရွှေသားများ စိန်များ ရတနာများဖြင့် တန်ဖိုးကြီးဝတ်စုံများဖန်တီးသည်။[၆][၇] သိန်း ၃၀ဝ၀ ကျော်တန်ဖိုးရှိသော စိန်ပုဝါ ကိုလည်း ဖန်တီးခဲ့သည်။[၈] မျိုးမင်းစိုးသည် သူ့၏ ဒီဇိုင်နာဘဝဖြတ်သန်းမှု အတွေ့ကြုံများကို စာအုပ်ထုတ်ရန် စီစဉ်လျက်ရှိသည်။[၉]

ကိုးကား[ပြင်ဆင်ရန်]

  1. Mandalay has style all wrapped up (in en)။ Myanmar Times (30 September 2014)။ 18 February 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 February 2018 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ ၂.၂ ဒီဇိုင်နာမျိုးမင်းစိုး နှင့် စကားလက်ဆုံ (in my)။ Yati Magazine (26 April 2016)။ 25 February 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 February 2018 တွင် ပြန်စစ်ပြီး။
  3. ဒီဇိုင်နာ မျိုးမင်းစိုး၏ ဖက်ရှင်ရေစီး သုံးသပ်ချက် (in my)။ The Voice Myanmar (13 January 2017)။ 25 February 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 February 2018 တွင် ပြန်စစ်ပြီး။
  4. Mya Hnin Pwint။ မြန်မာမြေတွင် မြန်မာလို လှစေချင် (in my)။ Yatanarpon News။ 31 August 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 February 2018 တွင် ပြန်စစ်ပြီး။
  5. Aye Su Mon။ အကယ်ဒမီမှာပေါက်တဲ့ ဒီဇိုင်းတွေပဲ နောက်တစ်နှစ်လုံးမှာ လုပ်ရတယ် ဒီဇိုင်နာ မျိုးမင်းစိုးနဲ့ တွေ့ဆုံမေးမြန်းခြင်း (in my)။ Kumudra News။ 4 July 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 February 2018 တွင် ပြန်စစ်ပြီး။
  6. သိန်း၂၀၀ကျော်တန် ရွှေထိုင်မသိမ်းကို ချုပ်လုပ်နေတဲ့ ဒီဇိုင်နာမျိုးမင်းစိုး (in my)။ Popular Journal။ 22 February 2018 တွင် ပြန်စစ်ပြီး။
  7. အိချောပိုအတွက် သိန်းသုံးရာကျော်တန် အကယ်ဒမီရွှေဝတ်စုံ ဖန်တီးနေတဲ့ ဒီဇိုင်နာမျိုးမင်းစိုး (in my)။ Popular Journal။ 22 February 2018 တွင် ပြန်စစ်ပြီး။
  8. Aye Su Mon။ ရတနာနဲ့လုပ်ရတယ်ဆိုတာ တာဝန်လည်းကြီးတယ် - မျိုးမင်းစိုး (in my)။ Kumudra News။ 25 February 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 February 2018 တွင် ပြန်စစ်ပြီး။
  9. ဒီဇိုင်နာမျိုးမင်းစိုး ဘဝဖြတ်သန်းမှု စာအုပ်ထုတ်ဝေဖို့စီစဉ်နေ (in my)။ Popular Journal။ 22 February 2018 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]