မေထုနသုတ်

ဝီကီပီးဒီးယား မှ

[၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ဇာဏုဿောဏိပုဏ္ဏားက ဘုရားရှင်အား ဗြဟ္မစာရီဟု ဝန်ခံမှုနှင့်ဆက် စပ်၍ မေးလျှောက်ရာ ဘုရားရှင်က မိမိသည် “အခဏ္ဍ အစ္ဆိဒ္ဒ အသဗလ အကမ္မာသပရိပုဏ္ဏ ပရိသုဒ္ဓ ဗြဟ္မစာရီ”ဖြစ်ပုံကို မိန့်ကြားတော်မူပါသည်။

ဇာဏုဿောဏိပုဏ္ဏားက “ဗြဟ္မစရိယ၏ ခဏ္ဍ ဆိဒ္ဒ သဗလ ကမ္မာသ”ကို မေးလျှောက်ရာ ဘုရားရှင်က “မေထုန်ငယ် ခုနစ်ပါး”ကို ဟောတော်မူပြီး ယင်း မေထုန်ငယ်ခုနစ်ပါးကို ပယ်ပြီးမှ သဗ္ဗညုဘုရားရှင်ဖြစ်ကြောင်း ကြေညာတော်မူခဲ့ပုံကို ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များရှိပါသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၂၊၄၃၈-၄၄၀။ အံ၊မြန်၊၂၊၅၅၃-၅။ အံ၊ဋ္ဌ၊၃၊၁၆၇-၈။ အံ၊ဋီ၊၃၊၁၇၃-၄။ -အင်္ဂုတ္တရနိကာယ၊ သတ္တကနိပါတ၊ ၅-မဟာယညဝဂ္ဂ၊ သတ္တမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ