မဟာသာလသုတ်

ဝီကီပီးဒီးယား မှ

[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် “အိုမင်းသော၊ ဟောင်းနွမ်းသောအဝတ်ကို ခြုံလျက်ရောက်ရှိလာသော ဗြာဟ္မဏမဟာသာလအား “ယေဟိ ဇာတေဟိ” အစရှိသော ၅-ဂါထာကို သင်ကြားပေးတော်မူပြီး ဗြာဟ္မဏ အစည်းအဝေး၌ သားလေးယောက်တို့ထိုင်နေစဉ် ယင်းငါးထာကိုရွတ်ဆိုစေပါသည်။

ထိုအခါ သားလေးယောက်တို့က မိမိတို့အိမ်ကိုခေါ်ဆောင်ကြပြီး ပုဆိုးတစ်စုံ စီဖြင့် ဝတ်ရုံစေ၍ပြုစုလုပ်ကျွေးကြပါသည်။ ဗြာဟ္မဏမဟာသာလ ပုဏ္ဏားက ပုဆိုး တစ်စုံယူ၍ ဘုရားရှင်အား ဆရာစားအနေဖြင့်ပူဇော်ပြီး သရဏဂုံယူ ဆောက်တည်ခဲ့ပါသည်။ အဋ္ဌကထာ၌ သားလေးယောက်၊ ချွေးမလေးယောက်နှင့်အတူ မိသားစု ကိုးဦး သောတာပန်အရိယာသာဝကဖြစ်ကြောင်း ဖွင့်ဆိုထားပါသည်။

အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ်များ ဖွင့်ဆိုထားပါသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၁၊၁၇၈-၉။ သံ၊မြန်၊၁၊၁၆၇-၈။ သံ၊ဋ္ဌ၊၁၊၂၃၈-၂၄၂။ သံ၊ဋီ၊၁၊၂၇၆-၇။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၇-ဗြာဟ္မဏသံယုတ္တ၊ ၂-ဥပါသကဝဂ္ဂ၊ စတုတ္ထသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ