မဟပ္ဖလသုတ်

ဝီကီပီးဒီးယား မှ

[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် ရဟန်းတို့အား ဤသာသနာတော်၌ ရဟန်းသည် ဆန္ဒကိုမှီ၍ဖြစ်သောသမာဓိ အားထုတ်မှုအထူးကို ပြုပြင်စီရင်သောလုံ့လနှင့်ပြည့်စုံသော ဣဒ္ဓိပါဒ်ကိုပွားများ၏၊ ဤသို့ပွားများသည် ရှိသော် ငါ၏ဆန္ဒသည် အလွန်လည်းမတွန့်ဆုတ်၊ အလွန်လည်းမတက်ကြွလိမ့်လတ္တံ့။ အတွင်း၌လည်းမကြုံ -အပ၌လည်းမပျံ့လွင့်လိမ့်လတ္တံ့။ ရှေ့အဖို့နောက်အဖို့၊ အောက်အဖို့-အထက်အဖို့၊ နေ့အဖို့-ညဉ့်အဖို့တို့၌ အမှတ်သညာရှိသည်ဖြစ်၍ နေ၏။ ဤသို့မြှေးယှက်ခြင်းမရှိသော ပွင့်လင်းသောစိတ်ဖြင့် အရောင်အလင်းရှိလာ အောင် စိတ်ကိုပွားများ၏။ ဤအတူ ဝီရိယကိုမှီ၍ဖြစ်သော သမာဓိ အားထုတ်ခြင်းအထူးဖြစ်အောင် ပြုပြင်စီရင်သောလုံ့လနှင့်ပြည့်စုံသော ဣဒ္ဓိပါဒ်ကိုပွားများ၏။ စိတ်ကိုမှီ၍ဖြစ်သော ဝီမံသကိုမှီ၍ဖြစ်သောသမာဓိ အားထုတ်ခြင်းအထူးဖြစ်အောင် ပြုပြင်စီရင်သော လုံ့လနှင့်ပြည့်စုံသော ဣဒ္ဓိပါဒ်ကိုပွားများ၏။ ... စိတ်ကိုပွားများ၏။ ဣဒ္ဓိပါဒ်လေးပါးတို့ကို ဤသို့ ပွားများအပေါ် အကြိမ်များစွာ အလေ့အလာပြုအပ်သည်ရှိသော် များသော အကျိုးရှိ၏။ အာနိသင်ကြီးမား၏။

ရဟန်းတို့ ရဟန်းသည် ဣဒ္ဓိပါဒ်လေးပါးတို့ကို ဆိုအပ်ပြီးသောနည်းဖြင့် ပွားများအပ်ကုန်သည်ရှိသော် ကြိမ်ဖန်များစွာ အလေ့အလာပြုအပ်ကုန်သည်ရှိသော် များပြားသော တန်ခိုးဖန်ဆင်းခြင်းကိုပြီးစေ၏။ ဗြဟ္မာပြည်တိုင်အောင် ကိုယ်ဖြင့် မိမိအလိုအတိုင်းဖြစ်စေနိုင်၏။

ရဟန်းတို့ ရဟန်းသည် ဣဒ္ဓိပါဒ်လေးပါးတို့ကို ဤဆိုအပ်ပြီးသောနည်းဖြင့် ပွားများအပ်၊ ကြိမ်ဖန်များစွာ အလေ့အလာပြုအပ်ကုန်သည်ရှိသော် အာသဝေါ တရားတို့ကုန်ခြင်းကြောင့် အနာသဝ၊ စေတောဝိမုတ္တိ ပညာဝိမုတ္တိဖြစ်သော အရဟတ္တဖိုလ်ကို မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင်မျက်မှောက်ပြု၍ ရောက်၍နေနိုင်၏-ဟု ရဟန်းတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၃၊၂၃၃-၄။ သံ၊မြန်၊၃၊၂၃၆-၇။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၇-ဣဒ္ဓိပါဒသံယုတ္တ၊ ၂-ပါသာဒကမ္ပနဝဂ္ဂ၊ ဒုတိယသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ