မလ္လိကသုတ်

ဝီကီပီးဒီးယား မှ

[၁] ဘုရားရှင် မလ္လနိုင်ငံ ဥရုဝေလကပ္ပနိဂုံး၌ သီတင်းသုံးနေတော်မူစဉ် ရဟန်းတို့ အိမ်၏အထွတ် မစိုက်ထူသေးသရွေ့ကာလပတ်လုံး အချင်ရနယ်တို့၏ ကောင်းစွာ တည်ခြင်း၊ စွဲမြဲစွာတည်ခြင်း မဖြစ်သေးသကဲ့သို့ ထို့အတူ အရိယသာဝက၏သန္တာန်၌ အရိယမဂ်ဉာဏ်မဖြစ်သေးသရွေ့ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ ဣန္ဒြေလေးပါးတို့ ကောင်းစွာ မတည်သေး၊ စွဲမြဲစွာ မတည်သေး။

အိမ်၏အထွဋ်စိုက်ထူပြီးသည်ရှိသော် အိမ်၏အခြင်ယနယ်တို့ ကောင်းစွာ တည်သကဲ့သို့၊ စွဲမြဲစွာတည်သကဲ့သို့၊ ထို့အတူ အရိယသာဝက၏သန္တာန်၌ အရိယ မဂ်ဉာဏ်တည်သည်ရှိသော် သဒ္ဓါအစရှိသော ဣလေးပါးတို့ ကောင်းစွာတည်၏။ စွဲမြဲစွာတည်၏။

ရဟန်းတို့ ပညာရှိသော အရိယသာဝကအား ထိုပညာအားလျော်သော သဒ္ဓါဝီရိယသတိသမာဓိသည် ကောင်းစွာတည်၏-ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၃၊၂၀၀။ သံ၊မြန်၊၃၊၂၀၆။ သံ၊ဋ္ဌ၊၃၊၂၈၀။ သံ၊ဋီ၊၂၊၅၀၁။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၄-ဣန္ဒြိယသံယုတ္တ၊ ၆-သူကရခတဝဂ္ဂ၊ ဒုတိယသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ