မစ္ဆရီသုတ်

ဝီကီပီးဒီးယား မှ

(၂)သုတ် ရှိပါသည်။

[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် အသဒ္ဓ၊ အဟိရိက၊ အနောတ္တပ္ပ၊ မစ္ဆရိယ၊ ဒုပ္ပည တရားငါးပါးနှင့်ပြည့်စုံသော မာတုဂါမသည် ကွယ်လွန်လျှင် ငရဲဘုံသို့ရောက်လိမ့်မည်ဟု အရှင်အနုရုဒ္ဓါအား ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၂] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် အလွန်ကြာမြင့်စွာ နေခြင်းကြောင့် မစ္ဆရိယငါးပါးဖြစ်လာသည်။ ကာလအပိုင်းအခြားရှိသော နေခြင်းကြောင့် မစ္ဆရိယငါးပါး မဖြစ်နိုင်ဟု ကဏှပက္ခ, သုက္ကပက္ခဒေသနာတော်ဖြင့် အပြစ် ငါးပါး၊ အကျိုးငါးပါးတို့ကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၃]


မစ္ဆရီသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် အလွန်ကြာမြင့်စွာနေခြင်း၏ အပြစ်ငါးမျိုးနှင့် အပိုင်းအခြားရှိသော နေခြင်း၏ အကျိုးငါးမျိုးတို့ကို ဟောကြားတော်မူခဲ့သည်။[၄]

မစ္ဆရိသုတ်[ပြင်ဆင်ရန်]

ရဟန်းတို့ အလွန်ကြာမြင့်စွာနေခြင်း၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးနည်း ဟူမူ -[၄]

  • ကျောင်း ‘အာဝါသ’ ၌ ဝန်တိုမှု ရှိ၏။
  • အမျိုး ‘ဒါယကာ’ တို့၌ ဝန်တိုမှု ရှိ၏။
  • လာဘ် လာဘ၌ ဝန်တိုမှု ရှိ၏။
  • ဂုဏ်အဆင်း၌ ဝန်တိုမှု ရှိ၏။
  • တရား၌ ဝန်တိုမှု ရှိ၏။[၄]

ရဟန်းတို့ အလွန်ကြာမြင့်စွာ နေခြင်း၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။ [၄]

ရဟန်းတို့ အပိုင်းအခြားရှိသော နေခြင်း အကျိုးတို့သည် ဤငါးမျိုတို့တည်း။ အဘယ်ငါးမျိးတို့နည်း ဟူမူ -[၄]

  • ကျောင်း ‘အာဝါသ’ ၌ ဝန်တိုမှု မရှိ။
  • အမျိုး ‘ဒါယကာ’၌ ဝန်တိုမှု မရှိ။
  • လာဘ် လာဘ၌ ဝန်တိုမှု မရှိ။
  • ဂုဏ် အဆင်း၌ ဝန်တိုမှု မရှိ။
  • တရား၌ ဝန်တိုမှု မရှိ။[၄]

ရဟန်းတို့ အပိုင်းအခြားရှိသော နေခြင်း အကျိုးတို့သည် ဤငါးမျိုတို့တည်း ဟု(မိန့်တော်မူ၏)။[၄]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၂၊၄၃၈။ သံ၊မြန်၊၂၊၄၃၄-၅။ -သံယုတ္တနိကာယ၊ သဠာယတနဝဂ္ဂသံယုတ္တ၊ ၃-မာတုဂါမသံယုတ္တ၊ ၁-ပဌမပေယျာလဝဂ္ဂ၊ အဋ္ဌမသုတ်။
  2. -အံ၊၂၊၂၂၅-၆။ အံ၊မြန်၊၂၊၂၈၆။ -အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ၊ ၅-ပဉ္စမပဏ္ဏာသက၊ (၂၃) ဒီဃစာရိဝဂ္ဂ၊ စတုတ္ထသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  4. ၄.၀ ၄.၁ ၄.၂ ၄.၃ ၄.၄ ၄.၅ ၄.၆ ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်၊ အင်္ဂုတ္တရနိကာယ်ဝင် သုတ္တန်ပိဋကတ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် (ဒုတိယတွဲ) ၊ ပဉ္စက - ဆက္က - သတ္တကနိပါတ်၊ (၅) ပဉ္စမပဏ္ဏာသက (၂၃) ၃-ဒီဃစာရိကဝဂ်၊ ၄- မစ္ဆရီသုတ် (တတိယအကြိမ် ed.)။ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်။ ၁၉၉၈။ pp. ၂၈၆။