မစ္ဆဗန္ဓသုတ်

ဝီကီပီးဒီးယား မှ

[၁] ဘုရားရှင် ကောသလနိုင်ငံတော်အတွင်း ဒေသစာရီကြွချီတော်မူရာ တစ်ခုသောသစ်ပင်အောက်ဝယ် ခေတ္တသီတင်းသုံးတော်နေစဉ်-တံငါသည် (ငါးသတ် ရောင်းသူ)၊ နွားသတ်သမား၊ ဆိတ်သတ်သမား၊ ဝက်သတ်သမား၊ ငှက်သတ်သမား၊ သားသတ်သမားတို့သည် ဆိုင်ရာသတ္တဝါတို့ကို သတ်ဖြတ်ရောင်းဝယ်၍ ထိုသားသတ် လုပ်ငန်း အသက်မွေးမှုကြောင့် ဆင်စီးရသူ၊ မြင်းစီးရသူ၊ ရထားစီရသူ၊ ယာဉ်ဖြင့် လှည့်လည်သွားလာသူ၊ စည်းစိမ်ခံစားရသူ၊ များစွာသောစည်းစိမ်အစုဖြင့် ကြီးပွား ချမ်းသာသူကို တွေ့မြင်ဖူး၊ ကြားသိဖူးသလောဟု မေးမြန်းတော်မူပါသည်။ ရဟန်းတို့က မတွေ့မမြင်ဘူး၊ မသိဘူးကြောင်းလျှောက်ထားသည့်အခါ ငါဘုရားလည်း မတွေ့မြင်ဘူး၊ မကြားသိးကြောင်း-သတ်မည့်သတ္တဝါတို့ကို ယုတ်မာသောစိတ်ဖြင့် ကြည့်ရှုနေခြင်းကြောင့် ထိုသို့ဖြစ်ရပုံ၊ လူတို့ကိုသတ်ရာ၌ အဘယ်ဆိုဖွယ်ရာရှိအံ့ နည်း။ ထိုသားသတ်သူအား ရှည်မြင့်စွာသောကာလပတ်လုံး အစီးအပွားမဲ့ ဆင်းရဲ ရန်ဖြစ်ပုံ၊ ကွယ်လွန်ပြီးနောက် ငရဲသို့ရောက်နိုင်ပုံကို ရဟန်းတို့အား အသီးအသီး ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များရှိပါသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၂၊၂၂၆-၈။ အံ၊မြန်၊၂၊၃၄၄-၆။ အံ၊ဋ္ဌ၊၃၊၉၈။ အံ၊ဋီ၊၃၊၉၈။ -အင်္ဂုတ္တရနိကာယ၊ ဆက္ကနိပါတ၊ ၁-ပဌမပဏ္ဏာသက၊ ၂-သာရဏီယဝဂ္ဂ၊ အဋ္ဌမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ