ဘိက္ခုနုပဿယသုတ်

ဝီကီပီးဒီးယား မှ

[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် အရှင်အာနန္ဒာ ဆွမ်းခံမဝင်မီ ဘိက္ခုနီကျောင်းသို့ကြွရောက်စဉ် ဘိက္ခုနီတို့၏ လျှောက်ထားချက်ကြောင့် ဘိက္ခု၊ ဘိက္ခုနီ မည်သူမဆို သတိပဋ္ဌာန်လေးပါးတရားတို့၌ စိတ်ကိုစွဲစွဲ မြဲမြဲ တည်နေနိုင်လျှင် ရှေ့တရားထူးထက်မြတ်သော နောက်တရားထူးကိုသိလိမ့်မည်ဟု မိန့်တော်မူခဲ့ပြီး ဆွမ်းဘုဉ်းပေးအပြီး ဇေတဝန်ကျောင်းတော်သို့ ပြန်ရောက်သည့်အခါ ထိုအကြောင်းကို ဘုရားရှင်အားလျှောက်ထားပါသည်။ ဘုရားရှင်က သတိပဋ္ဌာန်လေးပါးတို့၌ ပဏိဓာယဘာဝနာ, အပ္ပဏိဓာယဘာဝနာဖြစ်ပုံ အကျယ်ကို ဟောကြားတော်မူပါသည်။

အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ်များ ဖွင့်ဆိုထားပါသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၃၊၁၃၄-၆။ သံ၊မြန်၊၃၊၁၃၉-၁၄၂။ သံ၊ဋ္ဌ၊၃၊၂၃၉-၂၄၁။ သံ၊ဋီ၊၂၊၄၇၂-၃။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၃-သတိပဋ္ဌာနသံယုတ္တ၊ ၁-အမ္ဗပါလိဝဂ္ဂ၊ ဒသမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ