အောင်စိုး၊ ဗဂျီ

Wikipedia မှ
(ဗဂျီအောင်စိုး မှ ပြန်ညွှန်းထားသည်)
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

မာတိကာ

ဗဂျီအောင်စိုး (၁၉၂၄-၁၉၉၀) [ပြင်​ဆင်​ရန်​]

ဗဂျီအောင်စိုးကို ၁၉၂၄-ခုနှစ်တွင် မွေးဖွားသည်။ ၁၉၄၇-ခုနှစ်တွင် တာရာမဂ္ဂဇင်း၌ စတင်ပန်းချီ ရေးဆွဲခဲ့သည်။ ရန်ကုန်တက္ကသိုလ် ပညာရေး မဟာဌာန တွင် ပန်းချီကထိကအဖြစ် ခေတ္တတာဝန်ထမ်းဆောင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်အင်ဂျင်နီယာ မဟာဌာနနှင့် စက်မှုတက္ကသိုလ်တွင် ၁၉၇၈-ခုနှစ်အထိ ကထိကအဖြစ် Graphic Art နှင့် History of Art ဘာသာရပ်ကို သင်ကြားပို့ချခဲ့သည်။

၁၉၅၁-ခုနှစ်မှာ အိန္ဒိယပြည် ဝိသာရဘာရတီ တက္ကသိုလ်တွင် အိန္ဒိယပန်းချီနှင့် အရှေ့တိုင်းပန်းချီ ပညာ သွားရောက်သင်ကြားခဲ့သည်။ ၁၉၅၃-ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ ဖွင့်လှစ်ခဲ့သော ဆေးဆိုးပန်းရိုက်သင်တန်း ကျောင်းတွင် ဒီဇိုင်းနည်းပြဆရာ တာဝန်ထမ်းဆောင်ခဲ့သည်။ စာမဲ့ကဗျာ စာအုပ်နှင့် ရိုးရာမှသည် ခေတ်သစ်သို့ စာအုပ်နှစ်အုပ်ရေးသား ပြုစုခဲ့သည်။ ရှုမဝမဂ္ဂဇင်းနှင့် မဂ္ဂဇင်းပေါင်း များစွာတွင် သရုပ်ဖော်ပုံများ ရေးဆွဲခဲ့သည်။

၁၉၉၀-ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်အမာ(ခေါ်) ဒေါ်သန်းကြည်နှင့် သားသမီးရှစ်ယောက် ကျန်ရစ်သည်။[၁]

သူ၏ လက်မှတ် [ပြင်​ဆင်​ရန်​]

ဝလုံးလေး ၈ လုံး ရန်ထားသည့် ဝလုံးကြီး တလုံးကို သူ့လက်မှတ်တိုင်းမှာ မြင်ရပြီး ပန်းချီကို အသံထွက် အတိုင်း ဗဂျီလို့ ရေးတဲ့သူ တယောက် ဆိုတာ ပန်းချီကို မရင်းနှီးသော စာဖတ် သူတွေပါ သိပါသည်။ သူ့ သရုပ်ဖော်ပုံတွေ၊ ပန်းချီကားတွေမှာ လက်မှတ်ကို အမျိုးမျိုး ထိုးထားတာ တွေ့နိုင်သည်။ အောင်စိုး၊ ဗဂျီအောင်စိုး၊ အောင်ဗဂျီကိုး၊ ဦးအောင်စိုး … အစရှိသဖြင့်...။

သူ၏ စကားသုံးခွန်း [ပြင်​ဆင်​ရန်​]

  • ပန်းချီ၏ အသက်သည် “ပုံဆွဲ”
  • ပန်းချီ၏ ရသသည် “ဒီဇိုင်း”
  • ပန်းချီ၏ အနှစ် သာရသည် “အရောင်” [၂]

ကွန်ယက် [ပြင်​ဆင်​ရန်​]


ကိုးကား [ပြင်​ဆင်​ရန်​]

  1. ဗချီအောင်စိုးအမှတ်တရ စာစုမှ
  2. ဗဂျီအောင်စိုး ကွယ်လွန်ခြင်း နှစ် ၂၀ ပြည့် ထုတ်သည့် စာအုပ် နောက်ကျောဖုံးမှ