pH

ဝီကီပီးဒီးယား မှ
(ပီအိတ်ချ် စကေး မှ ပြန်ညွှန်းထားသည်)

ဓာတုဗေဒ ဘာသာရပ်တွင် ပီအိတ်ချ် (အင်္ဂလိပ်: PH ; potential of hydrogen or power of hydrogen)[၁] ဆိုသည်မှာ ပျော်ရည်တစ်ခု၏ အက်ဆစ်ဓာတ် သို့မဟုတ် ဘေ့စ်ဓာတ်ကို သတ်မှတ်ရန် တိုင်းတာမှုတစ်ခုဖြစ်သည်။ ရေ စင်စစ်သည် သာမန် အခန်းအပူချိန်တွင် ပီအိချ် ၇ နီးပါးမျှ ရှိသည်ဟု ဆိုသည်။[၂] ပီအိတ်ချ် ပမာဏ ၇ ထက်နည်းသော ရေများကို အက်ဆစ်ဓာတ်များသည် ဟု ဆိုကြပြီး ပီအိတ်ချ် ပမာဏ ၇ ထက်များသော ရေကို ဘေ့စ် ဓာတ်များသည် သို့မဟုတ် အယ်လ်ကာလိုင်း ဖြစ်သည်ဟု ဆိုကြသည်။ ထို့ကြောင့် pH တန်ဖိုးသည် မည်သည့် အက်ဆသ်နှင့် ဘေ့စ်များအတွက်မဆို သုညထက် နည်းနိုင်ပြီး ၁၄ ထက်များနိုင်သည်။[၃] ပီအိတ်ချ် တိုင်းတာမှုသည် ဆေးပညာဇီဝဗေဒဓာတုဗေဒစိုက်ပျိုးမွေးမြူရေး၊ သစ်တောပညာ၊ အစားအသောက် သိပ္ပံ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သိပ္ပံ ၊ သမုဒ္ဒရာ ဆိုင်ရာပညာ၊ မြို့ပြ အင်ဂျင်နီယာ ဘာသာ နှင့် အခြား မြောက်မြားစွာသော ပညာရပ်တို့တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. "The Symbol for pH" (2004). Journal of Chemical Education 81 (1): 21. doi:10.1021/ed081p21. Bibcode2004JChEd..81...21J.  မော်ကွန်းတင်ပြီးမိတ္တူ။ 14 December 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 April 2021 တွင် ပြန်စစ်ပြီး။
  2. Bates, Roger G. Determination of pH: theory and practice. Wiley, 1973.
  3. "Negative pH Does Exist" (2006). Journal of Chemical Education 83 (10): 1465. doi:10.1021/ed083p1465.