စိုက်ပျိုးမွေးမြူရေး
From Wikipedia
စိုက်ပျိုးမွေးမြူရေးဆိုသည်မှာ အပင်များကို စိုက်ပျိုးခြင်း နှင့် လူနှင့်ယဥ်ပါးသော တိရိစ္ဆာန်များကို မွေးမြူခြင်းတို့ဖြင့် ကုန်စည်များကို ထုတ်လုပ်ခြင်းကို ဆိုလိုသည်။ စိုက်ပျိုးမွေးမြူရေးနှင့်ဆိုင်သော ဘာသာရပ်ကို စိုက်ပျိုးမွေးမြူရေး သိပ္ပံ (agricultural science) ဟုခေါ်သည်။ ဥယျာဥ်စိုက်ပျိုးခြင်းနှင့် သက်ဆိုင်သော ဘာသာရပ်ကို ဥယျာဥ်စိုက်ပညာရပ် (horticulture) ဟုခေါ်သည်။
စိုက်ပျိုးမွေးမြူရေးတွင် အထူးပြုနယ်ပယ်များစွာပါဝင်သည်။ သို့သော် စိုက်ပျိုးမြေများတွင် သီးနှံများကို စိုက်ပျိုးခြင်း နှင့် စားကျက်မြေများတွင် တိရိစ္ဆာန်များကို မွေးမြူခြင်း တို့မှာ စိုက်ပျိုးမွေးမြူရေးပညာရပ်၏ အခြေခံအုတ်မြစ်များပင်ဖြစ်သည်။
| ဤဆောင်ပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသားနိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက်ရေးသားပြီး ဝီကီပိဒိယကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။ |