ပီတာ ကဲလ်နား

ဝီကီပီးဒီးယား မှ
ပီတာ ကဲလ်နား
မွေးဖွား (1964-05-20) ၂၀ မေ၊ ၁၉၆၄ (အသက် ၅၉)
Česká Lípa,[၁] ချက်ကိုဆလိုဗားကီးယားနိုင်ငံ
နိုင်ငံလူမျိုးချက်
ပညာရေးပါရာဂွေး စီးပွားရေးတက္ကသိုလ်
ကြွယ်ဝမှုIncrease $ ၁၀.၈ ဘီလျံ [၂]
အိမ်ထောင်ဖက်(များ)Renáta Kellnerová
သားသမီး၄ ဦး

ပီတာ ကဲလ်နား (Petr Kellner) သည် ၁၉၆၄ ခုနှစ် မေလ ၂၀ ရက်နေ့တွင် မွေးဖွားခဲ့သော ချက်လူမျိုး စီးပွားရေးလုပ်ငန်းရှင်ဖြစ်သည်။ Forbes ၏ နောက်ဆုံးထုတ် ဘီလျံနာစာရင်းအရ သူ၏ လက်ရှိအချိန်ကြွယ်ဝမှုသည် ပျမ်းမျှ ၇.၆ ဘီလျံဒေါ်လာရှိပြီး ချက်ပြည်သူ့သမ္မတနိုင်ငံ တွင် အချမ်းသာဆုံးလူတစ်ဦးဖြစ်သည်။

သို့သော် ချက်နိုင်ငံ၏ စီးပွားရေးမီဒီယာမှ ထုတ်ပြန်ထားသော ပျမ်းမျှကြွယ်ဝမှုအရ ထိုထက်နည်းပါးသည်။ Týden ၏ ထုတ်ပြန်ချက်အရ ချက်နိုင်ငံငွေကြေး ၆၀ မှ ၇၅ ဘီလျံ (အမေရိကန်ဒေါ်လာ ၄ ဘီလျံဒေါ်လာနှင့်ညီမျှ) သာရှိပြီး သတင်းထောက် Miroslav Motejlet ၏ ခန့်မှန်းချက်အရ ချက်နိုင်ငံငွေကြေး ၅၀ ဘီလျံ (အမေရိကန်ဒေါ်လာ ၃ ဘီလျံ)သာရှိသောကြောင့် ချက်နိုင်ငံ၏ အချမ်းသာဆုံးများစာရင်းတွင် Andrej Babis ၏ ဖြတ်ကျော်ခြင်းကိုခံနေရသည်။

အလုပ်အကိုင်[ပြင်ဆင်ရန်]

ပီတာ ကဲလ်နား သည် ၁၉၈၇ ခုနှစ်တွင် ပါရာဂွေးနိုင်ငံ စီးပွားရေးတက္ကသိုလ်၊ စက်မှုစီးပွားရေးဆိုင်ရာ မဟာဌာနမှ ဘွဲ့ရရှိခဲ့သည်။ Velvet တော်လှန်ရေးအပြီးတွင် သူသည် ချက်ကုမ္ပဏီတွင် Ricoh ဓာတ်ပုံမိတ္တူကူးစက်များကို သွင်းသူ ကုန်ရောင်းသူအနေဖြင့် အလုပ်လုပ်ခဲ့သည်။ ထိုကုမ္ပဏီအတွက် အလုပ်လုပ်နေစဉ်အတွင်း Milan Maderyc ၊ Milan Vinkler တို့နှင့် တွေ့ဆုံခဲ့ရသည်။ ၁၉၉၁ ခုနှစ် ချက်ကိုစလိုဗက်နိုင်ငံ voucher privatization ကြေညာအပြီးတွင် Maderyc ၊ Vinkler တို့နှင့်အတူ ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ PPF (Prvni privatizacni fond) ကိုတည်ထောင်ခဲ့သည်။

၁၉၉၂ ခုနှစ်တွင် PPF investicni spolecnost a.s ကို ထူထောင်ခဲ့ပြီး privatization အမည်မှ ရင်းနှီးမြှုပ်နှံမှုအမည်သို့ ပြောင်းခဲ့သည်။

ထိုရန်ပုံငွေများသည် အလွန်အောင်မြင်ခဲ့ပြီး စတော့ဈေးကွက်တွင် ချက်ငွေကြေး ၅ ဘီလျံကျော်ဖြင့် အဖွဲ့အစည်းပေါင်း ၂၀၀ ကျော်ကို ရရှိခဲ့သည်။

Česká pojišťovna[ပြင်ဆင်ရန်]

၁၉၉၅ နှင့် ၁၉၉၆ ခုနှစ်တို့တွင် PPF သည် ချက်နိုင်ငံ၏အကြီးဆုံး အာမခံကုမ္ပဏီကြီးဖြစ်သော Česká pojišťovna တွင် ၂၀%ရင်းနှီးမြှုပ်နှံလိုက်ပြီး စီမံခန့်ခွဲမှုများကို စတင်ခဲ့သည်။ နောက်ပိုင်းတွင် PPF သည် Komercni Banka နှင့် ချက်နိုင်ငံတော်ထံမှ အမာခံရှယ်ယာများကို ဝယ်ယူလိုက်ပြီး ရှယ်ယာများစွာထပ်မံရရှိသောကြောင့် (၉၃%ဖြင့်) ၂၀၀၁ ခုနှစ်တွင် ဩဇာအရှိဆုံးပိုင်ရှင်ဖြစ်လာခဲ့သည်။

အကျိုးအမြတ်များသော ဤရောင်းဝယ်မှုကြောင့် voucher privatization မှ နောက်ဆုံးရင်းနှီးမြှုပ်နှံသူများကို ဖယ်ရှားပစ်နိုင်ပြီး Petr Kellner သည် PPF အဖွဲ့၏ ဩဇာရှိသူပိုင်ရှင်တစ်ဦးဖြစ်လာသည်။

Assicurazioni Generali[ပြင်ဆင်ရန်]

၂၀၀၇ ခုနှစ်တွင် PPF အဖွဲ့၏ အာမခံများနှင့် ချက်နိုင်ငံ၊ ဆလိုဗက်ကီးယား၊ ပိုလန်၊ ဟန်ဂေရီ၊ ရိုမေးနီးယား၊ ဘူဂေးရီးယား၊ ယူကရိန်း၊ ရုရှား၊ ဆားဗီးယား၊ ဆလိုဗေးနီးယား၊ ခရိုအေးရှား၊ ဗယ်လားရပ်စ်၊ ကာဇက်စတန်စသည့် နိုင်ငံများရှိ Assicurazioni Generali ၏ အဖွဲ့အစည်းများကြား ပူးတွဲလုပ်ငန်းများလုပ်ဆောင်ရန်အတွက် Assicurazioni Generali နှင့် စာချုပ်တစ်ခု ချုပ်ဆိုခဲ့သည်။

PPF အဖွဲ့သည် ထိုကုမ္ပဏီ၏ ၄၉% ကိုပိုင်ဆိုင်မည်ဖြစ်ပြီး Generali က PPF အဖွဲ့ကို ယူရိုငွေ ၁.၁ ဘီလျံ ပေးရမည်ဖြစ်၍ Petr Kellner သည် Generali ၏ ဒါရိုက်တာဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်လာခဲ့သည်။

ကြွယ်ဝမှု[ပြင်ဆင်ရန်]

၂၀၀၉ ခုနှစ်တွင် သူသည် PPF အဖွဲ့၏ ၉၄.၃၆%ကို ပိုင်ဆိုင်နေပြီဖြစ်သည်။ ၂၀၀၆ ခုနှစ်တွင် Forbes မှ PPF ၏ အသားတင်ကြွယ်ဝချမ်းသာမှုကို ၃ ဘီလျံဒေါ်လာဟု ခန့်မှန်းလိုက်ပြီး Kellner ကို ကမ္ဘာ့အချမ်းသာဆုံး နံပါတ် ၂၂၄ အဖြစ် စာရင်းထည့်သွင်းလိုက်သည်။ ၂၀၀၇ ခုနှစ်တွင် ၆ ဘီလျံဒေါ်လာဖြင့် အမှတ် ၁၁၉ ခုမြောက်သို့ တက်သွားပြီး ၂၀၀၈ ခုနှစ်တွင်တော့ ၉.၃ ဘီလျံဒေါ်လာဖြင့် အမှတ် ၉၁ နေရာသို့ ရောက်ရှိခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ၆ ဘီလျံဒေါ်လာဖြင့် အမှတ် ၇၆ နေရာ၊ ၂၀၁၀ ခုနှစ်တွင် ၆ ဘီလျံဒေါ်လာဖြင့် အမှတ် ၈၉ နေရာသို့ ရောက်ရှိခဲ့သည်။

ချက်နိုင်ငံ၏ စီးပွားရေးမီဒီယာများမှ ဤကိန်းဂဏန်းများသည် ရှိရင်းထက်ပိုမိုစွာ တွက်ထားခြင်းဖြစ်သည်ဟု သုံးသပ်ဝေဖန်ခဲ့သည်။ သူသည် Káně အမည်ရှိ Gulfstream G500 လေယာဉ်ပျံတစ်စီးကို ပိုင်ဆိုင်ထားသည်။ ၂၀၁၀ ခုနှစ်တွင် ဘိုးအင်း 737-700 BBJ တစ်စီးကို ဝယ်ယူခဲ့သည်။ Vrane nad Vltavou ရှိ သူ့နေအိမ်ကို Josef Pleskot က ဒီဇိုင်းရေးဆွဲပေးခဲ့ခြင်းဖြစ်သည်။ ချက်နိုင်ငံ ဗိသုကာပညာရှင်များက ပေးသော ဆုပေါင်းများစွာကို ရရှိထားသော အိမ်ဖြစ်သည်။ ဓာတ်ပုံဆရာ Josef Sudek ၏ ဓာတ်ပုံများစွာကိုလည်း အများဆုံး စုစည်းပိုင်ဆိုင်ထားသူဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]