ပိုးကြာဖြူခင်

ဝီကီပီးဒီးယား မှ
ပိုးကြာဖြူခင်
မွေးဖွား (1992-12-03) ဒီဇင်ဘာ ၃၊ ၁၉၉၂ (အသက် ၃၁)
ရန်ကုန်မြို့, မြန်မာနိုင်ငံ
နိုင်ငံလူမျိုးမြန်မာနိုင်ငံ
မိခင်ကျောင်းဒဂုံ တက္ကသိုလ်
အလုပ်အကိုင်သရုပ်ဆောင်, မော်ဒယ်
တက်ကြွလှုပ်ရှားနှစ်များ၂၀၁၄ - လက်ရှိ
ရရှိသည့်ဆုများ
  • ပဲခူးအလှမယ် ၂၀၁၂
    (အနိုင်ရရှိ)
  • မယ်စကြဝဠာ မြန်မာ ၂၀၁၄
    (ဆန်ကာတင် ၁၀ဦး)

ပိုးကြာဖြူခင် (၃ ဒီဇင်ဘာ ၁၉၉၂ မွေးဖွား)သည် မြန်မာ အမျိုးသမီး သရုပ်ဆောင် တစ်ဦးဖြစ်သည်။ သူမသည် ၂၀၁၈ ခုနှစ်တွင် MRTV-4 ၌ ထုတ်လွှင့်ပြသသော မိုးကောင်းကင် အိပ်မက် မြန်မာဇာတ်လမ်းတွဲတွင် ဆိုင်းမိုင် အဖြစ် သရုပ်ဆောင်ရာမှ လူသိများ ထင်ရှားလာခဲ့သည်။[၁][၂][၃][၄][၅][၆]

ငယ်ဘဝ နှင့် ပညာရေး[ပြင်ဆင်ရန်]

ပိုးကြာဖြူခင် ကို ၁၉၉၂ ခုနှစ်၊ ဒီဇင်ဘာလ၊ ၃ ရက်နေ့တွင် ရန်ကုန်မြို့ မြန်မာနိုင်ငံ တွင် မွေးဖွားခဲ့သည်။ သူမသည် မောင်နှမ နှစ်‌ယောက်ရှိသည့်အနက် အကြီးဆုံးဖြစ်သည်။ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း (ဗိုလ်တ‌ထောင်)တွင် ပညာသင်ကြားခဲ့ပြီး ဒဂုံတက္ကသိုလ် တွင် ဘွဲ့ရခဲ့သည်။

အလုပ်အကိုင်[ပြင်ဆင်ရန်]

သူမသည် ၂၀၁၄ ခုနှစ်တွင် Stars & Models Int'l တွင် သင်တန်းတက်ပြီး အနုပညာအလုပ်ကို စတင်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် MRTV-4 မှ ပြသသော သည်းထိတ်ရင်ဖို - ဒရာမာစီးရီး ဖြစ်သည့် ဝင်္ကပါစံအိမ် ဇာတ်လမ်းတွဲတွင် အောင်မင်းခန့်၊ အောင်ရေချမ်း၊ ‌ဘုန်းရှိန်ခန့်၊ ဆောင်းဝတ်ရည်မေ၊ မြတ်သူသူ တို့နှင့်အတူ တွဲဖက်သရုပ်ဆောင်ခဲ့သည်။

၂၀၁၆ ခုနှစ်တွင် ဟာသ - ဒရာမာစီးရီး ဖြစ်သော မမထိပ်နှင့်အမွှေစံအိမ် ဇာတ်လမ်းတွဲတွင် ခိုင်သင်းကြည် ၊ ဟိန်းထက်၊ မုဏ်း၊ မေဧကရီထူး၊ ဆုဝတီ တို့နှင့်အတူ တွဲဖက် သရုပ်ဆောင်ခဲ့သည်။

၂၀၁၇ ခုနှစ်တွင် ဥယျာဉ်မှူးဖြစ်ဖူးချင်သည် ဟူသော ဇာတ်လမ်းတွဲတွင် ကျော်ဆု၊ ဟိန်းထက်၊ ခေးဆက်သွင် တို့နှင့် အတူ တွဲဖက်သရုပ်ဆောင်ခဲ့သည်။

၂၀၁၈ ခုနှစ်တွင် မိုးကောင်းကင် အိပ်မက် ဟူသော ဒရာမာဇာတ်လမ်းတွဲတွင် စည်သူဝင်း၊ ကျော်ထက်ဇော်၊ အေးမြတ်သူ တို့နှင့်အတူ တွဲဖက်သရုပ်ဆောင်ခဲ့သည်။

၂၀၁၉ ခုနှစ်တွင် ကြယ်ကလေးရဲ့ကောင်းကင် ဒရာမာဇာတ်လမ်းတွဲတွင် ခန့်စည်သူ၊ ကျော်ထက်ဇော်၊ မေကဗျာ၊ ငြိမ်းဆု‌‌‌‌ဝေ(ကလေးသရုပ်ဆောင်) တို့နှင့်အတူ တွဲဖက် သရုပ်ဆောင်ခဲ့သည်။

ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများ[ပြင်ဆင်ရန်]

  • ဝင်္ကပါစံအိမ် (၂၀၁၅)
  • မမထိပ်နှင့်အမွှေစံအိမ် (၂၀၁၆)
  • ဥယျာဉ်မှူးဖြစ်ဖူးချင်သည် (၂၀၁၇)
  • မိုးကောင်းကင် အိပ်မက် (၂၀၁၈)
  • ကြယ်ကလေးရဲ့ကောင်းကင် (၂၀၁၉)
  • မာယာလှည့်ကွက် (၂၀၂၀)

သီဆိုခဲ့သော တေးသီချင်းများ[ပြင်ဆင်ရန်]

  • မင်းက ငါ့ဘဝ (တွဲဖက် - စိန်လင်း) (၂၀၁၉)
  • မိုးလေးဖွဲတုန်း (တွဲဖက် - စိန်လင်း) (၂၀၁၉)

ကိုးကား[ပြင်ဆင်ရန်]

  1. "မဟာမြိုင်ကိုသွားခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေကို ပရိသတ်ကိုမျှဝေလာတဲ့ ပိုးကြာဖြူခင်"၊ Cele Gabar၊ 22 July 2020။ 6 April 2023 တွင် ပြန်စစ်ပြီး။ Archived from the original on 6 December 2022။ 
  2. "ဇာတ်လမ်းတွဲတွေ ရိုက်နေတာကြောင့် ရုပ်ရှင်ကားတွေ လက်လွှတ်လိုက်ရတဲ့ ပိုးကြာဖြူခင်"၊ ဧရာဝတီ၊ 7 June 2019။ 
  3. "လှတယ်ဆိုတာထက် ပိုပြီးလှနေတဲ့ မင်းသမီးလေး ပိုးကြာဖြူခင်"၊ Auntymay၊ 14 September 2018။ 6 April 2023 တွင် ပြန်စစ်ပြီး။ Archived from the original on 20 September 2019။ 
  4. "သန်လျင်မှာလှူဒါန်းဖြစ်ခဲ့တဲ့ မိသားစုအလှူလေးကိုမျှဝေလာတဲ့ ပိုးကြာဖြူခင်"၊ Cele Gabar၊ 5 August 2020။ 6 April 2023 တွင် ပြန်စစ်ပြီး။ Archived from the original on 29 November 2022။ 
  5. "ကျောင်းဆောင်သစ်ဆောက်လုပ်ရန်လှူဒါန်းခဲ့တဲ့ပုံရိပ်တွေကို မျှဝေလာတဲ့ ပိုးကြာဖြူခင်"၊ Cele Gabar၊ 30 July 2020။ 6 April 2023 တွင် ပြန်စစ်ပြီး။ Archived from the original on 8 December 2022။ 
  6. "အနုပညာကြေးလေးတွေကို စုပြီး အလှူလေးပြုလုပ်ခဲ့တဲ့ ပိုးကြာဖြူခင်"၊ Cele Gabar၊ 25 July 2020။ 6 April 2023 တွင် ပြန်စစ်ပြီး။ Archived from the original on 3 December 2022။ 

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]