ပိဏ္ဍသုတ်

ဝီကီပီးဒီးယား မှ

(၂)သုတ် ရှိပါသည်။

[၁] ဘုရားရှင် မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့ ပဉ္စသာလာဗြာဟ္မဏရွာ၌ သီတင်းသုံးတော်မူစဉ် မာရ်နတ်၏ ပူးဝင်လှည့်ပတ်မှုကြောင့် ဆွမ်းမရဘဲ ပြန်ကြွတော်မူလာသော ဘုရားရှင်အား နောက်တစ်ကြိမ် ဆွမ်းခံပြန်ဝင်ရန် လူအဟန် ဖန်ဆင်ထားသော မာရ်နတ်အား ဘုရားရှင်က “ဘုရားရှင်ကိုထိပါး၍ သင်ပြုထားသော မကောင်းမှု အကျိုးမပေးဟု မှတ်ထင်သလော? အာဘဿရာဗြဟ္မာကြီးတို့ကဲ့သို့ ရာဂအစရှိသော ကြောင့်ကြမှုကင်းပြီးသော ငါ ဘုရားရှင်တို့သည် ပီတိအစာဖြင့် ချမ်းသာစွာ အသက် မွေးတော်မူကုန်အံ့”ဟု မိန့်ကြားတော်မူရာ မိမိကို ဘုရားရှင်သိသွားပြီဟု ကိုယ်စိတ် နှစ်ဖြာ ဆင်းရဲစွာဖြင့် မာရ်နတ် ပြန်သွားကွယ်ပျောက်သွားသည်ကို ပြဆိုသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ပါဟုနက = အာဂန္တုက ပဏ္ဏာကာရအဖွင့် မာရ်နတ် နှောက်ယှက်ခြင်းကြောင့် သူငယ်မငါးရာကို သောတာပန် မဖြစ်တော့ပုံနှင့် မာရာဝဋ္ဋနအကြောင်းအစရှိသော မှတ်သားဖွယ်များ, ဖွင့်ဆိုချက်များ ပါရှိပါသည်။


[၂] ဘုရားရှင် မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ်-အရှင်လက္ခဏထေရ်၏ မေးလျှောက်ချက်အရ ကောင်းကင်၌ အသားတစ် ပြိတ္တာသတ္တဝါကို တွေ့မြင်ခဲ့ပါကြောင်း ဖြေကြားရာ၌ ဘုရားရှင်က “ယင်း အသားတစ် ပြိတ္တာသတ္တဝါသည် ဤရာဇဂြိုဟ်မြို့တော်၌ သားမုဆိုးဖြစ်ခဲ့ဖူးကြောင်း မိန့်ကြားတော် မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များ ပါရှိပါသည်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၁၊၁၁၅-၆။ သံ၊မြန်၊၁၊၁၁၁-၂။ သံ၊ဋ္ဌ၊၁၊၁၆၄-၅။ သံ၊ဋီ၊၁၊၂၁၁-၂။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၄-မာရသံယုတ္တ၊ ဒုတိယဝဂ္ဂ၊ အဋ္ဌမသုတ်။
  2. -သံ၊၁၊၄၄၅။ သံ၊မြန်၊၁၄၅၉။ သံ၊ဋ္ဌ၊၂၊၂၀၁။ သံ၊ဋီ၊၂၊၁၈၃။ -သံယုတ္တနိကာယ၊ နိဒါနဝဂ္ဂသံယုတ္တ၊ ၈-လက္ခဏသံယုတ္တ၊ ၁-ပဌမဝဂ္ဂ၊ တတိယသုတ်။ (ဝိ၊၁၊၁၄၅။ ဝိ၊ဋ္ဌ၊၂၊၉၈။)
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ