မာတိကာသို့ ခုန်သွားရန်

ပရိုဆီမာ စင်တောရိ

ဝီကီပီးဒီးယား မှ

ကိုဩဒိနိတ်: Sky map 14h 29m 42.9487s, −62° 40′ 46.141″

Proxima Centauri

Hubble မှ ရိုက်ယူထားသော အယ်လဖာ စင်တောရိ
စောင့်ကြည့်ဒေတာ
Epoch J2000.0      Equinox J2000.0 (ICRS)
ကြယ်စုတန်း စင်တောရပ်
အသံထွက် /ˈprɒksɪmə sɛnˈtɔːr/
ညာဘက် နိမ့်ဆင်းမှု 14° 29′ 42.94853″[]
တိမ်းစောင်းမှု −62° 40′ 46.1631″[]
ပကတိ အရွယ်အစား (V) 11.13[]
ဂုဏ်သတ္တိ
စတီလာ အမျိုးအစား M6 Ve[]
ပကတိ အရွယ်အစား (J) 5.357 ± 0.023[]
U−B အရောင်ညွန်းကိန်း 1.26[]
B−V အရောင်ညွန်းကိန်း 1.82[]
မတည်မြဲသောကြယ် Flare star
နက္ခတ္တဗေဒ
ဗဟိုခွာအား အလျင် (Rv)−22.4 ± 0.5[] km/s
သင့်လျော် ရွေ့လျားမှု (μ) RA: −3775.75[] mas/yr
Dec.: 765.54[] mas/yr
ပြောင်းလဲ တည်နေရာ (π)768.13 ± 1.04[] mas
အကွာအဝေး၄.၂၄၆ ± ၀.၀၀၆ ly
(၁.၃၀၂ ± ၀.၀၀၂ pc)
ပကတိ အရွယ်အစား (MV)15.60[]
အသေးစိတ်
ဒြပ်ထု0.123 ± 0.006[] M
အချင်းဝက်0.141 ± 0.007[] R
တောက်ပမှု (bolometric)0.0017 L
တောက်ပမှု (visual, LV)0.00005 L
မျက်နှာပြင် ဒြပ်ဆွဲအား(log g)5.20 ± 0.23[] cgs
သက်ရောက်သည့် အပူချိန်3,042 ± 117[] K
သတ္တုကြွယ်ဝမှု [Fe/H]0.21[] dex
စတီလာ လှည့်ပတ်မှု83.5 days[]
လှည့်ပတ်အလျင် (v sin i)< 0.09[] km/s
စတီလာ သက်တမ်း4.85 Gyr
ကြယ် စာရင်း
Alpha Centauri C, CCDM J14396-6050C, GCTP 3278.00, GJ 551, HIP 70890, LFT 1110, LHS 49, LPM 526, LTT 5721, NLTT 37460, V645 Centauri[၁၀]
ရည်ညွန်း ဒေတာ
SIMBADdata

ပရိုဆီမာ စင်တောရိ (အင်္ဂလိပ်: Proxima Centauri; လက်တင်: proxima၊ လက်တင်ဘာသာဖြင့် ပရိုဆီမာဆိုသည်မှာ အနီးဆုံးဟု အဓိပ္ပာယ်ရသည်[၁၁]) ကြယ်သည် နေမှ အလင်းနှစ် ၄.၂ ကွာဝေးပြီး စင်တောရပ် ကြယ်စုတန်းထဲမှ ကြယ်ပုနီ (red dwarf) ကြယ်တစ်စင်း ဖြစ်သည်။[၁၂][၁၃] ၁၉၁၅ ခုနှစ်တွင် စကောလူမျိုး နက္ခတ္တပညာရှင် Robert Innes ဆိုသူက ရှာဖွေတွေ့ရှိခဲ့သည်။ သာမန်မျက်စိဖြင့် ကြည့်ပါက များစွာမှိန်နေမည်ဖြစ်သော်လည်း ပရိုဆီမာ စင်တောရိသည် အနီးဆုံးကြယ်ဖြစ်သည်။ ပရိုဆီမာ စင်တောရိသည် သုံးပွင့်ဆိုင်ကြယ်စနစ်၏ ကြယ်တစ်စင်းဖြစ်နေပုံပေါ်သည်။ အဖော်ကြယ်နှစ်စင်းမှာ Alpha Centauri A နှင့် B တို့ဖြစ်ပြီး သူတို့၏ ပတ်လမ်းကြာမြင့်ချိန်မှာ နှစ်ပေါင်း (၅ဝဝဝဝဝ) ပိုမိုများပြားသည်။

ပရိုဆီမာ စင်တောရိကြယ်၏ အချင်းကို တိုက်ရိုက်တိုင်းတာနိုင်သောကြောင့် နေ၏ ခုနှစ်ပုံတစ်ပုံရှိသည်ဟု သိရသည်။ ထုထည်မှာ နေ၏ ၈ ပုံ ၁ ပုံရှိကာ ပျမ်းမျှသိပ်သည်းဆမှာ နေ၏ အဆ ၄ဝ ဖြစ်သည်။ ယင်းသည် တောက်ပမှု နည်းပါးသော်လည်း သံလိုက်လှုပ်ရှားမှုများကြောင့် တခါတလေ ပိုမိုတောက်ပလာသည်။[၁၄] စွမ်းအင် ထုတ်လွှတ်မှုနည်းပါးသောကြောင့် ပရိုဆီမာ စင်တောရိကြယ်၏ သက်တမ်းသည် နောင်နှစ်ပေါင်း ၄ ထရီလီယံခန့် ရှည်ကြာမည်ဖြစ်သည်။ သို့မဟုတ် ယခုလက်ရှိစကြဝဠာ၏ သက်တမ်းထက် အဆပေါင်း (၃ဝဝ) ဖြစ်သည်။[၁၅]

နေမင်းအား အယ်လဖာ စင်တောရိမှ မြင်ရပုံ

ပရိုဆီမာ စင်တောရိအနားမှ လှည့်ပတ်နေသောဂြိုဟ်များအား ရှာဖွေရာတွင် အောင်မြင်မှု မရရှိခဲ့ပေ။ ထိုသို့လေ့လာရန် သိပ္ပံ ပစ္စည်းကိရိယာအသစ်များ လိုအပ်ပေလိမ့်မည်။ ပရိုဆီမာ စင်တောရိသည် ကြယ်ပုနီဖြစ်သောကြောင့် အနီးအနားတွင်လှည့်ပတ်မည့် သက်ရှိများရှင်သန်နိုင်သည့်ဂြိုဟ်မှာ အငြင်းပွားစရာ ဖြစ်သည်။ သို့စေကာမူ ကြယ်၏အကွာအဝေးသည် ကမ္ဘာနှင့်နီးကပ်သောကြောင့် ကြယ်တာရာခရီးသွားရန် အဆိုပြုခံထားရသည်။

လေ့လာခြင်း

[ပြင်ဆင်ရန်]
ပရိုဆီမာ စတင်တောရိပါဝင်သော နေနှင့်အနီးဆုံးကြယ်များ

ပရိုဆီမာ စင်တောရိကြယ်၏ တောင်ဘက်ကောင်းကင်တွင်တည်ရှိမှုကြောင့် လတ္တီကျု ၂၇ ဒီဂရီတွင်သာ မြင်ရမည်ဖြစ်သည်။ ပရိုဆီမာ စင်တောရိကြယ်ကဲ့သို့သော ကြယ်ပုနီများသည် သာမန်မျက်လုံးဖြင့်ကြည့်ရန် အလွန်မေးမှိန်လှသည်။ အယ်လဖာ စင်တောရီအေနှင့် ဘီမှ ကြည့်မယ်ဆိုလျင်ပင် ယင်းအား ငါးစင်းမြောက် အကြီးဆုံးကြယ်အဖြစ်သာ မြင်ရမည်ဖြစ်သည်။ အနည်းဆုံး ၈ စင်တီမီတာရှိသော တယ်လီစကုပ်ဖြင့်ကြည့်ရန် လိုအပ်မည်ဖြစ်သည်။ ကြည်လင်ပြီး မှောင်မည်းသော ကောင်းကင်မှကြည့်လျင် ပရိုဆီမာ စင်တောရိကြယ်အား မိုးကုတ်စက်ဝိုင်းအပေါ်ပိုင်းတွင် တွေ့ရမည်ဖြစ်သည်။

ဝိသေသလက္ခဏာများ

[ပြင်ဆင်ရန်]

ပရိုဆီမာ စင်တောရိသည် ကြယ်ပုနီကြယ်တစ်စင်းဖြစ်သည်။ ယင်းသည် M-type ကြယ်အမျိုးအစားအဖြစ် ကျဆုံးသွားပေမည်။ မျက်လုံးမှ မြင်နိုင်သော အလင်းတန်းမှာ နေမင်း၏ ဝ.ဝဝ၅၆ ရာခိုင်နှုန်းသာ ရှိသည်။ ၈၅ ရာခိုင်နှုန်းထက်ပိုသော ဖြာထွက်စွမ်းအင်မှာ အနီအောက်ရောင်ခြည် အလင်းအလျားတွင် ဖြစ်သည်။


ပရိုဆီမာ စင်တောရိကြယ်၏ထုထည် သေးငယ်မှုကြောင့် နေမင်းနှင့်မတူကာ ဟိုက်ဒရိုဂျင်လောင်စာမှာ ၁ဝ ရာခိုင်နှုန်းကိုသာ ထောက်ပံ့ပေးသည်။ ကြယ်၏မျက်နှာပြင်အပူချိန်မှာ ၂၇ မီလီယံ ကေဗင်နီးပါးခန့် ပူပြင်းသည်။ ၂ဝဝ၂ ခုနှစ်တွင် အလွန်ကြီးမားသော တယ်လီစကုပ်များဖြင့် လေ့လာချက်အရ ပရိုဆီမာ စင်တောရိသည် နေမင်း၏ ထုထည် ၇ ပုံ ၁ ပုံရှိပြီး ဂျူပီတာဂြိုဟ်ထက် ၁.၅ ဆကြီးမားသည်။ အခြားသော ကြယ်ပုနီများနှင့် နှိုင်းယှဉ်ပါက ပရိုဆီမာ စင်တောရိကြယ်သည် ၄.၈၅×၁ဝ နှစ်ရှိသည်ဟု ခန်းမှန်းတွက်ချက်ထားသည်။ ကြယ်ပုနီတစ်စင်းဖြစ်သော ပရိုဆီမာ စင်တောရိကြယ်သည် နောက်ထပ်နှစ်ပေါင်း ၄ ထရီလီယံခန့် သက်တမ်းရှည်ကြာမည်ဖြစ်သည်။ ဟိုက်ဒရိုဖျူးရှင်းကြောင့် ဟီလီယမ်အချိုးအဆသည် တိုးပွားလာပြီး ကြယ်သည် ပိုမိုသေးငယ်ကာ ပိုမိုပူပြင်းလာမည်ဖြစ်သည်။ ပရိုဆီမာ စင်တောရိကြယ်သည် တဖြည်းဖြည်းနှင့် အနီရောင်မှ အပြာရောင်ကြယ်အဖြစ်သို့ ပြောင်းလဲသွားမည်။ ထိုကာလ၏အဆုံးသတ်သို့ရောက်ရှိပါက ကြယ်သည် ပိုမိုထင်ရှားစွာ တောက်ပလာပါလိမ့်မည်။ နေမင်း၏တောက်ပမှု ၂.၅ ရာခိုင်နှုန်းသို့ ရောက်ရှိလာမည်ဖြစ်သည်။ အနီးအနားမှ အရာဝတ္ထုများအား နောက်ထပ်နှစ်ပေါင်း ဘီလီယံများစွာ အပူဓာတ် ပေးစွမ်းနေပါလိမ့်မည်။ ပရိုဆီမာ စင်တောရိကြယ်သည် ကြယ်ဖြူပုအဖြစ် (နေကဲ့သို့ ကြယ်နီကြီးအဖြစ် အဆုံးသတ်မသွားဘဲ) နောက်ဆုံးစွမ်းအင်ကျန်ရှိသည်အထိ တဖြည်းဖြည်းလောင်ကျွမ်းနေပါလိမ့်မည်။

ကြယ်တာရာ ခရီး

[ပြင်ဆင်ရန်]
အရွယ်အစား နှိုင်းယှဉ်ချက် နေ အယ်လဖာစင်တောရိအေ စင်တောရိဘီ ပရိုဆီမာ စင်တောရိ (ဝဲယာမှ)

ပရိုဆီမာ စင်တောရိအား အာကာသခရီးသွားခြင်းပြုလုပ်ရန် ဖြစ်နိုင်သည်ဟု အကြံပေးခဲ့ကြသည်။ ကြယ်၏ ကမ္ဘာမြေဆီ ရွေ့လျားနှုန်းမှာ တစ်စက္ကန့်လျင် ၂၁.၇ ကီလိုမီတာ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ နှစ်ပေါင်း (၂၆၇ဝဝ) ကြာပြီးလျင် ပရိုဆီမာ စင်တောရိသည် အလင်းနှစ် ၃.၁၁ အကွာသို့ နီးကပ်လာမည်ဖြစ်သည်။[၁၆] ထို့နောက် ယင်းသည် အဝေးသို့ စတင်ရွေ့လျားပါလိမ့်မည်။ နူကလိယားစွမ်းအားမဟုတ်သော တွန်းအားကို အသုံးပြုပါက ပရိုဆီမာ စင်တောရိကြယ်အနားမှ လှည့်ပတ်လျက်ရှိသောဂြိုဟ်သို့ရောက်ရှိရန် နှစ်ထောင်ပေါင်းများစွာ ကြာမြင့်လိမ့်မည်ဖြစ်သည်။ ဥပမာဆိုရသော် ဗွိုင်ယေဂျာ ၁ သည် နေနှင့်နှိုင်းယှဉ်ကာ တစ်စက္ကန့်လျင် ၁၇.ဝ၄၃ ကီလိုမီတာနှုန်း (တစ်နာရီလျင် မိုင်ပေါင်း ၃၈၁၂ဝ) ခရီးသွားသည်။ ထိုအာကာသယာဉ်သည် ကြယ်လားရာအတိုင်း ခရီးသွားမည်ဆိုပါက နှစ်ပေါင်း (၇၃၇၇၅) နှစ်ကြာလျင် ပရိုဆီမာ စင်တောရိကြယ်သို့ ရောက်ပါလိမ့်မည်။ နယူးကလိယား တွန်းအားမြင့်လောင်စာဖြင့် မောင်းနှင်သော အာကာယာဉ်များဆိုပါက ရာစုနှစ်တစ်ခုအတွင်း ပရိုဆီမာ စင်တောရိကြယ်သို့ ရောက်ရှိကောင်း ရောက်ရှိနိုင်သည်။ နောင်ရာစုနှစ်မှစတင်ကာ ပရောဂျက် အိုရိုင်ယွန် ပရောဂျက် လွန်းရှော့စသည့် စီမံကိန်းများ စတင်ပါလိမ့်မည်။[၁၇] ပရိုဆီမာ စင်တောရိကြယ်မှ နေမင်းအားကြည့်မည်ဆိုပါက Cassiopeia ကြယ်စုတန်းထဲတွင် နေမင်းသည် ဝ.၄ ထုထည်ရှိသော ကြယ်တစ်စင်းအဖြစ် မြင်ရမည်ဖြစ်သည်။

အခြား ကြည့်ရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ ၁.၂ ၁.၃ "Validation of the new Hipparcos reduction" (2007). Astronomy and Astrophysics 474 (2): 653–664. doi:10.1051/0004-6361:20078357. Bibcode2007A&A...474..653V. 
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ "THE SOLAR NEIGHBORHOOD. XXXI. DISCOVERY OF AN UNUSUAL RED+WHITE DWARF BINARY AT ∼25 pc VIA ASTROMETRY AND UV IMAGING" (2014). The Astronomical Journal 147 (1): 21. doi:10.1088/0004-6256/147/1/21. ISSN 0004-6256. Bibcode2014AJ....147...21J. 
  3. ၃.၀ ၃.၁ ၃.၂ Torres, C. A. O. (December 2006). "Search for associations containing young stars (SACY). I. Sample and searching method". Astronomy and Astrophysics 460 (3): 695–708. doi:10.1051/0004-6361:20065602. Bibcode2006A&A...460..695T. 
  4. "VizieR Online Data Catalog: 2MASS All-Sky Catalog of Point Sources (Cutri+ 2003)" (2003). VizieR On-line Data Catalog: II/246. Originally published in: 2003yCat.2246....0C 2246: 0. Bibcode2003yCat.2246....0C. 
  5. Benedict (1999). "Interferometric Astrometry of Proxima Centauri and Barnard's Star Using HUBBLE SPACE TELESCOPE Fine Guidance Sensor 3: Detection Limits for Substellar Companions". The Astronomical Journal 118 (2): 1086–1100. doi:10.1086/300975. Bibcode1999astro.ph..5318B. 
  6. ၆.၀ ၆.၁ ၆.၂ Ségransan၊ D.; et al. (2003)၊ "First radius measurements of very low mass stars with the VLTI"၊ Astronomy and Astrophysics397 (3): L5–L8၊ arXiv:astro-ph/0211647Bibcode:2003A&A...397L...5Sdoi:10.1051/0004-6361:20021714
  7. Demory၊ B.-O.; et al. (October 2009)၊ "Mass-radius relation of low and very low-mass stars revisited with the VLTI"၊ Astronomy and Astrophysics505 (1): 205–215၊ arXiv:0906.0602Bibcode:2009A&A...505..205Ddoi:10.1051/0004-6361/200911976
  8. Schlaufman၊ K. C.; Laughlin၊ G. (September 2010)၊ "A physically-motivated photometric calibration of M dwarf metallicity"၊ Astronomy and Astrophysics519: A105၊ arXiv:1006.2850Bibcode:2010A&A...519A.105Sdoi:10.1051/0004-6361/201015016
  9. Benedict, G. F. (1998). "Photometry of Proxima Centauri and Barnard's Star Using Hubble Space Telescope Fine Guidance Sensor 3: A Search for Periodic Variations". The Astronomical Journal 116 (1): 429–439. doi:10.1086/300420. Bibcode1998AJ....116..429B. 
  10. SIMBAD query result: V* V645 Cen – Flare StarSIMBAD။ Centre de Données astronomiques de Strasbourg။ August 11, 2008 တွင် ပြန်စစ်ပြီး။—some of the data is located under "Measurements".
  11. Latin Resources။ Joint Association of Classical Teachers။ 8 July 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ July 15, 2007 တွင် ပြန်စစ်ပြီး။
  12. Our Local Galactic Neighborhood။ NASA (February 8, 2000)။ 21 November 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ March 22, 2013 တွင် ပြန်စစ်ပြီး။
  13. Glister၊ Paul (September 1, 2010)။ Into the Interstellar Void။ Centauri Dreams။ March 22, 2013 တွင် ပြန်စစ်ပြီး။
  14. Christian, D. J. (2004). "A Detailed Study of Opacity in the Upper Atmosphere of Proxima Centauri". The Astrophysical Journal 612 (2): 1140–1146. doi:10.1086/422803. Bibcode2004ApJ...612.1140C. 
  15. Dunkley, J. (2009). "Five-Year Wilkinson Microwave Anisotropy Probe (WMAP) Observations: Data Processing, Sky Maps, and Basic Results". The Astrophysical Journal Supplement Series 180 (2): 306–329. doi:10.1088/0067-0049/180/2/306. Bibcode2009ApJS..180..306D. 
  16. García-Sánchez, J. (2001). "Stellar encounters with the solar system". Astronomy and Astrophysics 379 (2): 634–659. doi:10.1051/0004-6361:20011330. Bibcode2001A&A...379..634G. 
  17. Beals၊ K. A. (1988)။ Project Longshot, an Unmanned Probe to Alpha Centauri (PDF)။ NASA-CR-184718။ U. S. Naval Academy။ June 13, 2008 တွင် ပြန်စစ်ပြီး။

ပြင်ပ လင့်ခ်များ

[ပြင်ဆင်ရန်]