အင်ဖရာရက်ရောင်ခြည်
အင်ဖရာရက်ရောင်ခြည် [ပြင်ဆင်ရန်]
အင်ဖရာရက်ရောင်ခြည် (သို့) အနီအောက်ရောင်ခြည် ဆိုသည်မှာ အနီရောင်အပြင်ဖက်ရှိ ရောင်ခြည်ဟု အဓိပ္ပာယ်ရ၍ ထိုရောင် ခြည်မျိုးသည် ပူနေသည့်ပစ္စည်းများမှ ထွက်ပေါ်လာမြဲဖြစ်သည်။ အလင်းရောင် ထွက်ပေါ်လောက်အောင် တောက်လောင်နေသော ပစ္စည်းတစ်ခုခုမှ အလင်းရောင်ကို၊ ပုံပမာ· နေရောင်ကို သုံးမြေ|ာင့်ဖန်တုံးခေါ် ပရစ်ဇမ်ဖြင့် ခံကြည့်သောအခါ သက်တံ့ မှာကဲ့သို့ ပြာ၊ စိမ်း၊ ဝါ၊ နီ စသော အရောင်ခုနစ်မျိုးပါသည့် ရောင်စုံသက်တံ့စင်းကိုရသည်။ ထိုရောင်စုံသက်တံ့စင်းကို စပက် ထရမ်ဟုခေါ်၏။ သက်တံ့စင်းသည် တစ်ဖက်တွင် အနီရောင် ဖြင့် အဆုံးသတ်၍ အနီရောင်အပြင်ဖက်၌ မျက်စိဖြင့်မြင်နိုင် သော အရောင်မရှိချေ။ သို့ရာတွင် အပူတိုင်းကရိယာဖြင့် စမ်းသပ်ကြည့်လျှင်ကား ရောင်ခြည်တစ်မျိုးရှိကြောင်းကို သိရ၍ ထိုရောင်ခြည်များမှာ အင်ဖရာရက်ရောင်ခြည်များပင် ဖြစ်ကြ ပေသည်။ အပူကိုဆောင်သော ရောင်ခြည်ဖြစ်ခြင်းကြောင့် ထိုရောင်ခြည်များကို တစ်ခါတစ်ရံ အပူရောင်ခြည်များဟုလည်း ခေါ်ကြသည်။ ဥဒါဟရုမ်ပြရသော် မီးစွဲနေသည့် မီးသွေး တစ်ခဲကို မီးဖိုမှထုတ်ယူလိုက်လျှင် နီရဲသောအလင်းရောင်သည် တဖြည်းဖြည်း မှိန်သွားလိမ့်မည်။ သို့သော် အလင်းရောင် ပျောက်သွားပြီးသည့်တိုင်အောင် မီးခဲအနီး၌ လက်ကိုပြကြည့်ပါ က အပူရှိန်ရှိသေးကြောင်းကိုမူ ထင်ရှားစွာတွေ့ရလိမ့်ပေမည်။ ထိုသို့ဖြစ်ခြင်းမှာ အင်ဖရာရက်ခေါ် အပူရောင်ခြည်များ ရှိခြင်း ကြောင့်ပင်ဖြစ်လေသည်။
အင်ဖရာရက်ရောင်ခြည်သည် အလင်းရောင်ခြည်များ နည်းတူ လှိုင်းသဘောဖြင့် ရွေ့လျားပျံ့လွင့်ကြ၍ ဒြဗ်ဝတ္ထု တစ်ခုခုပေါ်သို့ ကျရောက်သောအခါ အပူကိုဖြစ်စေသည်။ အချို့ သော အင်ဖရာရက်ရောင်ခြည်များ၏ လှိုင်းအလျားသည် အရှည် ဆုံးဖြစ်သော အလင်းလှိုင်းတို့ထက် အဆပေါင်း ၄ဝဝ ခန့် ပင် ပို၍ရှည်ကြသေးသည်။ ထိုသို့ လှိုင်းအလျား ရှည်ခြင်းကြောင့် သာမန်အလင်းရောင်ခြည်များ မဖြတ်သန်းနိုင်သော ပစ္စည်းများ ကို ဖြတ်သန်းသွားလာနိုင်ကြသည်။ သို့ရာတွင် ဖန်နှင့်ရေကဲ့သို့ သော အချို့ပစ္စည်းများမှာမူ သာမန်အလင်းရောင်ခြည်များကို လွယ်ကူစွာ ဖြတ်သန်းသွားလာစေသော်လည်း အင်ဖရာရက် ရောင်ခြည်များကိုကား ဖြတ်သန်းခွင့် မပြုကြချေ။ ယခုအခါ အင်ဖရာရက်ရောင်ခြည်ဖြင့် ဓာတ်ပုံရိုက်ယူ နိုင်သည့်ဖလင်များကို တီထွင်ထားပြီဖြစ်ရာ ထိုဖလင်မျိုးဖြင့် လုံးဝမှောင်နေသည့်အခန်းထဲမှာပင် ဝတ္ထုပစ္စည်းများကို ဓာတ်ပုံ ရိုက်ယူနိုင်ပေသည်။
အင်ဖရာရက်ဓာတ်ပုံပညာ(အင်ဖရာရက်ရောင်ခြည်ဖြင့် ဓာတ်ပုံရိုက်ခြင်းပညာ)သည် လေကြောင်းမှ ဓာတ်ပုံရိုက်ယူရေး တွင် အလွန်အရေးပါ၏။ ထိုဓာတ်ပုံရိုက်ကိရိယာမျိုးဖြင့် မိုးများ အုံမှိုင်းနေချိန်မှာပင် ဓာတ်ပုံရိုက်ယူနိုင်ရာ ထိုကဲ့သို့ဖြစ်ရခြင်းမှာ အင်ဖရာရက်ရောင်ခြည်တို့သည် တိမ်တောင်တိမ်လိပ်များကို ဖောက်ထွင်းသွားလာနိုင်ကြသောကြောင့်ဖြစ်လေသည်။ အင်ဖရာရက်ရောင်ခြည်၏ အသုံးကျမှုများမှာ မနည်း လှချေ။ ဤရောင်ခြည်များဖြင့် အကြော၊ အဆစ်ရောင်နာနှင့် အလားတူရောဂါများကို ကုသပျောက်ကင်းစေနိုင်၍ ထိုအတွက် အင်ဖရာရက်ရောင်ခြည်များကို အလိုရှိသည့်နေရာပေါ်သို့ လွှတ် ထုတ် ကျရောက်စေနိုင်သော အင်ဖရာရက်ဓာတ်မီးတစ်မျိုးကို တီထွင်ထားပေသည်။ [၁]
ကိုးကား [ပြင်ဆင်ရန်]
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)