ဟပ်ဘယ် အာကာသ တယ်လီစကုပ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဟပ်ဘယ် အာကာသ တယ်လီစကုပ်

ဟပ်ဘယ် အာကာသ တယ်လီစကုပ် (Hubble Space Telescope (HST)) သည် ထင်ရှားသော တယ်လီစကုပ် တစ်ခုဖြစ်သည်။ ဟပ်ဘယ်သည် ကမ္ဘာကို ပထမဆုံး လှည့်ပတ်နေသော တယ်လီစကုပ် တစ်ခုလည်း ဖြစ်သည်။ လေထု၏ အထက်တွင် ရှိနေသောကြောင့် မြေပြင်ပေါ်တွင် ရှိနေသော တယ်လီစကုပ်များနှင့် နှိုင်းယှဉ်လျှင် ကောင်းကင်ကို ပို၍ ထင်ရှား ပြတ်သားစွာ မြင်နိုင်သည်။ အဘယ်ကြောင့် ဆိုသော လေထုသည် ကြယ် တို့၏ အလင်းရောင်များကို ကမ္ဘာမြေပြင်ပေါ်သို့ မရောက်မီ မှုန်ဝါးသွားစေသောကြောင့် ဖြစ်သည်။ ဟပ်ဘယ် တယ်လီစကုပ်သည် ထင်ရှားသော နက္ခတ္တ သိပ္ပံပညာရှင် အက်ဒွင် ဟပ်ဘယ် ကို အစွဲပြု၍ နာမည်ပေးခဲ့ခြင်း ဖြစ်ပြီး တစ်နေ့လျှင် ၂၄ နာရီ လေ့လာနိုင်သည်။ ထိုတယ်လီစကုပ်မှ အလွန်ဝေးလံသော နေရာများတွင် ရှိသော အရာဝတ္ထုများ၏ ဓာတ်ပုံကို ရိုက်ယူနိုင်ပြီး ထိုအရာများကို အခြားနေရာမှ မြင်နိုင်ရန် မဖြစ်နိုင်ပေ။