ပင်လယ်ပေါ်မှ အိုအေစစ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Oasis of the Seas, October 30 2009.jpg

၂၀၀၉ ခုနှစ် အောက်တိုဘာလတွင် ရိုက်ကူးထားသည့် ပင်လယ်ပေါ်မှ အိုအေစစ် သင်္ဘော

အချက်အလက်
အမည် ပင်လယ်ပေါ်မှ အိုအေစစ်
ပိုင်ရှင် တော်ဝင် ကယ်ရေဘီယံ
လမ်းကြောင်း ကယ်ရေဘီယံပင်လယ်
မှာယူ 2006 ဖေဖော်ဝါရီ
ဆောက်လုပ် 2007 နိုဝင်ဘာ
ရေချ
ဗွေဆော်ဦး ခရီးစဉ် - 2009 ဒီဇင်ဘာ 1(လျာထား)
လက္ခဏာသွင်ပြင်
တန် 225,282
အလျား 361.8 မီတာ (1,187 ပေ)
ဗြက် 63.4 မီတာ (208 ပေ)
အမြင့် - 72 မီတာ (236 ပေ)
သွားနှုန်း ၁ နာရီ 22.6 ရေမိုင်(41.9 km/h)
ဝင်ဆံ့ဦးရေ ခရီးသည် 5,400၊ ဝန်ထမ်း 2,165
ကုန်ကျငွေ US$ 1.4 ဘီလီယံ

ပင်လယ်ပေါ်မှ အိုအေစစ်Oasis of the Seas)အမည်ရှိ အပျော်စီးသင်္ဘောသည် တော်ဝင် ကယ်ရေဘီယံ ကုမ္ပဏီအပိုင်ဖြစ်ပြီး လက်ရှိ ကမ္ဘာပေါ်တွင် အကြီးမားဆုံးနှင့် ကုန်ကျစရိတ်အများဆုံး ဖြစ်ပြီး၊ ၎င်းနှင့် အလေးချိန်ဆင်တူရှိသည့် ညီအမသင်္ဘောမှာ ညှို့ဆောင်နေသော ပင်လယ်များဖြစ်သည်။ ပင်လယ်ပေါ်မှ အိုအေစစ်ကို ဆောက်လုပ်ရန် ဖေဘဝါရီလ ၂၀၀၆ ခုနှစ်တွင် ဂျနယ်ဆစ် အမည်ခံအောက်တွင် စတင်ခဲ့သည်။ သင်္ဘော၏ အောက်ခြေခံ သံချောင်းရှည် အား နိုဝင်ဘာလ ၁၂ရက် ၂၀၀၇ခုနှစ်တွင် အက်စ်တီအက် ဥရောပ- (တောင်ကိုရီးယားပိုင် လက်ခွဲဖြစ်သည့် အက်စ်တီအက် ကော်ပိုရေးရှင်း - (ယခင်သိကြသည့် - အကာ သင်္ဘောကျင်း)မှ ဖင်လန်နိုင်ငံတူရ်ကူမြို့ တွင် စတင်အခြေချ တည်ဆောက်ခဲ့သည်။ ကုမ္ပဏီမှ ဆောက်လုပ်ရေးအတွက် ငွေးကြေးအပြည့်ရှိပြီဖြစ်ကြောင်း ၂၀၀၉ ခုနှစ် ဧပြီလ ၁၅ ရက်တွင် ကြေငြာခဲ့သည်။[၁]

ယူရို သန်း ၉၀၀ အကုန်ကျခံ ဆောက်လုပ်ထားသည့် ဤဧရာမသင်္ဘောကြီးသည် ခရီးသည် ၆၃၆၀ နှင့် ဝန်ထမ်း ၂၀၀၀ ခန့်ကို တင်ဆောင်နိုင်သည်။ သင်္ဘောကိုယ်ထည်၏ အရှည်မှာ ၃၆၀ မီတာ၊ ဗြက် ၄၇ မီတာ၊ ရေပြင်အထက် ၆၅ မီတာ မြင့်ကာ ၁၆ ထပ်ပါရှိသည်။ ဒိန်းမတ်ရေလက်ကြားရှိ တံတားများအောက်မှ ဖြတ်သန်းနိုင်ရန် မီးခိုးခေါင်းတိုင်ကို လိုသလို သိမ်းနိုင်ဆန့်နိုင်သည်။

ပင်လယ်ပေါ်မှ အိုအေစစ်သည် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုမှ ဟေတီသို့ ၄ ည ၅ ရက်ကြာ ဗွေဆော်ဦး ခရီးစဉ်ကို စတင်ရန် စီစဉ်ထားသည်။

ပင်လယ်ပေါ်မှ အိုအေစစ်ပေါ်တွင် အခြား ဇိမ်ခံသင်္ဘောများနည်းတူ ဇာတ်ရုံများ၊ အရောင်းဆိုင်များ၊ စားသောက်ဆိုင်များ၊ အားကစားရုံများ ပါရှိသည်။

[ပြင်​ဆင်​ရန်​] ကိုးကား

ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ
တခြား ဘာသာဖြင့်