နီမန်ဂျာ ဗီဒစ်

ဝီကီပီးဒီးယား မှ
နီမန်ဂျာ ဗီဒစ်
ကိုယ်ရေးအချက်အလက်များ
အမည် အပြည့်အစုံ Nemanja Vidić[၁]
အရပ်အမြင့် ၁.၈၉m (၆ပေ ၂လက်မ)[၂]
ကစားသည့်နေရာ အလယ်နောက်ခံ
ကလပ်နှင့်သက်ဆိုင်သောအချက်အလက်များ
လက်ရှိအသင်း
မန်ချက်စတာ ယူနိုက်တက်
အင်္ကျီနံပါတ် 15
လူငယ်ဘဝကလပ်များ
၁၉၈၉–၁၉၉၄ ပွတ်တက်ဗီ
၁၉၉၄ ၁၉၉၆ ဥဇီဆီ
၁၉၉၆–၂၀၀၀ ရက်စတား ဘဲလ်ဂရိတ်ဒ်
အကြီးတန်း ကစားသမား*
ခုနှစ် အသင်း ကစားပွဲ (သွင်းဂိုး)
၂၀၀၀–၂၀၀၄ ရက်စတား ဘဲလ်ဂရိတ်ဒ် 67 (12)
၂၀၀၀ ၂၀၀၁ စပါးတပ် ဆပ်ဘောတီကား (loan) 27 (6)
၂၀၀၄–၂၀၀၆ စပါးတပ်မော်စကို 39 (4)
၂၀၀၆– မန်ချက်စတာ ယူနိုက်တက် 167 (14)
နိုင်ငံကိုယ်စားပြုအသင်း
၂၀၀၂–၂၀၁၁ ဆားဘီးယားလက်ရွေးစင် 56 (2)

* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့်
ပြည်တွင်းလိဂ်အတွက်သာ ရေတွက်ပြီး 19:59, 3 December 2011 (UTC)အထိ ဖြစ်သည်။
† ကစားသည့် ပွဲအရေအတွက် (သွင်းဂိုး)

‡ 18:22, 11 October 2011 (UTC) အထိ နိုင်ငံကိုယ်စားပြုပွဲနှင့် သွင်းဂိုးများ

နီမန်ဂျာဗီဒစ် (Serbian Cyrillic: Немања Видић, Serbian pronunciation: [ně̞maɲa v̞ǐːditɕ] ; အောက်တိုဘာ ၂၁၊ ၁၉၈၁မွေး) သည် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက် ၏အသင်းခေါင်းဆောင် ဆားဘီးယားလက်ရွေးစင်ဖြစ်သည်။ သူသည် ၂၀၀၂ မှ ၂၀၁၁ အထိ ဆားဘီးယားလက်ရွေးစင် အသင်း၏ တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်ခဲ့သည်။

ဗီဒစ်သည် စပါးတပ်မော်စကိုသို့ ၂၀၀၄ခုနှစ် နွေရာသီတွင် ပြောင်းရွေ့ခဲ့သည်။၂၀၀၆ခုနှစ် နောက်ပိုင်းတွင် ပေါင် ၇သန်းဝန်းကျင်ဖြင့် မန်ချက်စတာယူနိုက်တက်နှင့် စာချုပ်ချုပ်ဆိုခဲ့သည်။ ထို့နောက်တွင် သူသည် ရီယိုဖာဒီနန်နှင့် တွဲဖက်၍ တိုးတက်ကောင်းမွန်လာခဲ့သည်။

သူသည် မန်ယူတွင် ကစားစဉ်တစ်လျှောက် ၃နှစ်ဆက်ပရီးမီးယားလိဂ်ဖလား ၃ခု(စုစုပေါင်း လေးခု)၊ ချန်ပီယံလိဂ်ဖလား ၁ခု၊ ကမ္ဘာ့ကလပ်ချန်ပီယံဆုတစ်ခု၊ ကားလင်းဖလား ၃ခုနှင့် ပရီးမီးယားလိဂ်အကောင်းဆုံး အသင်းဆု အပါအဝင် ဆုပေါင်းများစွာ ရရှိခဲ့သည်။ ၂၀၀၈ ၂၀၀၉ဘောလုံးရာသီတွင် သူသည် မန်ယူကို ၁၄ပွဲဆက် ပေးဂိုးမရှိအသင်းဖြစ်အောင် ကူညီပေးခဲ့ပြီး ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားအဖြစ် ဆုချီးမြင့်ချင်းခံခဲ့ရသည်။ သူသည် ပရိသတ်များမှ ပေးသော အကောင်းဆုံးကစားသမားဆု နှင့် ကစားသမားများမှ ပေးသော အကောင်းဆုံးကစားသမားဆုတို့ကို လည်း ရရှိခဲ့သည်။ ၂၀၁၀ ၁၁ ဘောလုံးရာသီတွင် ဗီဒစ်သည် မန်ချက်စတာယူနိုက်တက်၏ အသင်းခေါင်ဆောင် ဂယ်ရီနဗီး ဘောလုံးကစားခြင်းမှ အနားယူပြီးနောက် မန်ယူ အသင်းခေါင်းဆောင်အသစ်အဖြစ် အပ်နှင်းခြင်းခံခဲ့ရသည်။ သူသည် လက်ရှိ ပရီးမီးယားလိဂ်၏ အကောင်းဆုံးကစားသမား ဆုကို လက်ခံထားသူဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Premier League clubs submit squad lists (PDF)။ PremierLeague.com။ Premier League (2 February 2012)။ 27 February 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 February 2012 တွင် ပြန်စစ်ပြီး။
  2. Nemanja Vidic။ FC Internazionale Milano။ 24 May 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 May 2015 တွင် ပြန်စစ်ပြီး။